ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ ဒီဇင်ဘာလ (၅) ရက်ကနေ (၈) ရက်အထိ (၄) ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုအပါ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဒေသခံ ၁ ယောက် ထိခိုက်ဒဏ်ရာရပြီး ပြည်သူ ၂,၅၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU(ဗဟို) က ထုတ်ပြန်ထားပါတယ်။

မူးမြို့နယ်၊ အုန်းပင်စုကျေးရွာမှာ နေရာယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ဒီဇင်ဘာလ (၅) ရက်မှာ ထွနီကုန်းကျေးရွာကို လက်နက်ကြီး (၃) လုံး၊ ရေလဲဗမာကျေးရွာ လက်နက်ကြီး (၃)လုံး၊ ဒီဇင်ဘာလ(၆)ရက်မှာ ပရဲစီ(မရမ်းစိန်)ကျေးရွာကို လက်နက်ကြီး (၁) လုံး စုစုပေါင်း (၇) လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီပစ်ခတ်မှုကြောင့် ရေလဲဗမာကျေးရွာမှာ လာရောက်ခိုလှုံတဲ့ ဥသျှစ်ကုန်းကျေးရွာသား (၃၇)နှစ်အရွယ် အမျိုးသား လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရွှေကျင်မြို့နယ်မှာလည်း တော်ဝိကျေးရွာမှာ နေရာယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ဂွေးကုန်းကျေးရွာကို ဒီဇင်ဘာလ(၅)ရက်မှာ ဒရုန်းနဲ့ လက်နက်ကြီး(၂)လုံး၊ ဒီဇင်ဘာလ(၆)ရက်မှာ ဒရုန်းနဲ့ လက်နက်ကြီး(၂)လုံး၊ ဒီဇင်ဘာလ (၇) ရက်မှာ ဒရုန်းနဲ့ လက်နက်ကြီး (၉) လုံး စုစုပေါင်း (၁၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

တယောလူစခန်း ခလရ-၅၇ ကနေလည်း ကဇင်းပင်ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဝန်းကို လက်နက်ကြီး ၈၁ မမ (၂) လုံး၊ ဒီဇင်ဘာလ (၈) ရက်မှာ ပိန်းဇလုပ်အခြေစိုက်တပ် ခလရ-၂၆၄ က ပျဉ်ရေကြီးကျေးရွာကို ဟောင်ဝစ်ဇာလက်နက်ကြီး ၁၂၂ မမ (၄) လုံး စုစုပေါင်း (၆) လုံး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ (၇)ရက်မှာလည်း အကြမ်းဖက် စစ်ကောင်စီတပ်က ရေဖြူကန်ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၇) လက်အောက်က တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

အဲ့ဒီစစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် အနီးအနား ကျေးရွာတွေဖြစ်တဲ့ ချုံအင်းကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ ကောက်မယ့်သူကျေးရွာ၊ ရေဖြူကန်ကျေးရွာက ဒေသခံ စုစုပေါင်း (၂,၅၆၀) ယောက် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အညာမြေတပ်ပေါင်းစုမှ ရဲဘော်တစ်ဦး ဦးခေါင်းလက်နက်ကြီး ထိမှန်ကာ နောက်တစ်ဦး လည်ပင်း ကျည်ဖောက်ဝင်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ အညာမြေတပ်ပေါင်းစုရဲ့ တပ်ဖွဲ့ဝင်၂ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။
Read More

ဇူလိုင်လအတွင်း စစ်အုပ်စု တိုက်ခိုက်မှုများကြောင့် အသက် ၁ နှစ်အရွယ် ကလေးငယ် ၃ ဦးအပါ ၁၈ နှစ်အောက် ကလေးငယ် ၁၉ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လအတွင်းမှာ အကြမ်းဖက်စစ်အုပ်စု တိုက်ခိုက်မှုတွေကြောင့် အသက် ၁ နှစ်အရွယ် ကလေးငယ် ၃ ယောက် အပါအဝင် ၁၈ နှစ်အောက် ကလေးငယ် ၁၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တောင်ဒဂုံတွင် မဘသအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအတွက် လူငယ် ၁၀ ဦးကို ဖမ်းဆီးကာ စစ်သင်တန်းကျောင်း ပို့

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ စစ်အုပ်စုလက်ပါးစေ ၅၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး သီဟမျိုးနိုင်နဲ့ အပေါင်းအပါတွေက စစ်မှုထမ်းအတွက် လူငယ် ၁၀ ယောက်ထက်မနည်းကို အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စရဖတွေနဲ့ပေါင်းကာ ပြည်သူကိုနှိပ်စက်နေသူတွေ အရက်ဆိုင်မှာ ရှင်းလင်းခံရလို့ ၂ ယောက်သေပြီး ၁ ယောက်ဒဏ်ရာနဲ့ထွက်ပြေး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက် စရဖတွေနဲ့ ပေါင်းပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူတွေ ပစ်ခတ်ရှင်းလင်းခံရပြီး ၂ ယောက်သေဆုံးကြောင်း 21 Bagan-People Defense Force ထံက သိရပါတယ်။
Read More

လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်မှုတွေ မှားယွင်းအောင် လူမှုကွန်ရက်နဲ့ မီဒီယာတွေက လုပ်ဆောင်နေတယ်လို့ မင်းအောင်လှိုင် စွပ်စွဲ 

လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်မှုတွေကို မှားယွင်းအောင် လူမှုကွန်ရက်နဲ့ မီဒီယာတွေက ဖန်တီးလုပ်ဆောင်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

အင်းတကော်နဲ့ ဝေါမှာ စစ်ကောင်စီတပ်ရင်းစခန်းတွေကို ဒရုန်း၊ ၆၀ မမ တွေနဲ့ ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်နဲ့ ဝေါမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရင်းစခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။