ချင်းပြည်နယ် ဟားခါး နဲ့ ထန်တလန်ကြားက  နောက်ဆုံးလက်ကျန် အော်တိုတောင်တပ်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက်လိုက်ပြီလို့ ချင်းအခြေစိုက် စစ်ရေးသတင်းအရင်း အမြစ်တွေမှာ ဖော်ပြလာပါတယ်။

ဟားခါးနဲ့ ထန်တလန်မြို့နယ်ကြားရှိ စစ်ကောင်စီတပ်စွဲထားတဲ့ အော်တိုတောင်တပ်စခန်းကို မနေ့က ဒီဇင်ဘာ ၈ရက်ညနေပိုင်းမှာ ချင်းတော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

CNA နဲ့အတူ  ချင်းဒေသကာကွယ်ရေးတပ်(CDF) တို့ပါဝင်တဲ့  တော်လှန်ရေးတပ်တွေဟာ နိုဝင်ဘာ ၂၂ရက်ကစ၍ ဟားခါး-ထန်တလန်မြို့နယ်ကြားရှိ စစ်ကောင်စီ တပ်စခန်းများကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အရေးပါတဲ့ အော်တိုတောင် တပ်စခန်းကို ရက်သတ္တပတ်နီးပါး ကြာတိုက်ခိုက်ခဲ့ရပြီး မနေ့က ဒီဇင်ဘာ ၈ ရက်ညနေပိုင်းမှာ သိမ်းဆည်းနိုင်ခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိမိခဲ့ကြောင်း သိရပါတယ်။

ချင်းအမျိုးသားတပ်မတော်(CNA)ဘက်ကတော့ တရားဝင်ထုတ်ပြန်ပြောဆိုလာခြင်း မရှိသေးပါဘူး။

ချင်းတော်လှန်ရေးအင်အားစုတွေဟာ မင်းတပ်၊ ဟားခါး၊ ထန်တလန်၊ တီးတိန်မြို့တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးပတ်က စတင်ကာ မြို့သိမ်းတိုက်ပွဲအဖြစ်ဆင်နွှဲနေတာဖြစ်ပြီး တိုက်ပွဲတွေလည်း ပြင်းထန်လျက်ရှိပါတယ်။ 

ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ၁၀ရက်တာအတွင်း စစ်ကောင်စီရဲ့ အရေးပါတဲ့ စခန်းကုန်းပေါင်း ၈ခုကိုသိမ်းဆည်းထားပြီး အရေးပါတဲ့ မြို့တွေအနီးအထိ တော်လှန်ရေးအင်အားစုတွေက ရောက်ရှိ နေရာယူနိုင်ပြီလို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ရှမ်းတောင်နှင့် ကရင်နီအစပ်မှာ ဖြစ်ပွားခဲ့သည့် ၂လကြာ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၄၀ ကျော် သေဆုံး…

ရှမ်းနဲ့ ကရင်နီအစပ် ဆီဆိုင်မြို့က ရွှေတဂူစခန်းကုန်းသိမ်းပွဲအပါအဝင် ၂ လတာအတွင်းလုပ်ဆောင်ခဲ့တဲ့ ဒရုန်းစစ်ဆင်ရေးနဲ့ ​ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့ဝင် အယောက် ၄၀ ကျော် ထိခိုက်သေဆုံးပြီး လက်နက်အလက် ၃၀ ကျော်နဲ့ စစ်သုံ့ပန်းတွေလည်း ဖမ်းဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

၇၈ နှစ်မြောက် အာဇာနည်နေ့မှာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သည့် Southern Eagle PDF မှ ကျဆုံးရဲဘော် ၇ ဦးကို ဂုဏ်ပြုဦးညွတ်ကြောင်း ထုတ်ပြန်…

ဒီကနေ့ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Southern Eagle PDF (P-29909) တပ်ရင်းက နွေဦးတော်လှန်ရေးအတွင်း တပ်ရင်းက ကျဆုံးရဲဘော် ၇ ယောက်ရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဘူးသီးတောင်မြို့နယ်မှာ ဝါးခုတ်သွားရင်းပျောက်ဆုံးနေတဲ့ ဒေသခံ၂ ဦးကို ၄ရက်အကြာမှာပဲ အလောင်း ပြန်လည်တွေ့ရှိခဲ့…

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ရွာသစ်ကနေ ပျောက်ဆုံးနေတဲ့ ဒေသခံ ၂ ယောက်ကို ၄ ရက်အကြာမှာ ပြန်တွေရှိခဲ့ပြီး ၂ ယောက်စလုံးမှာ ဦးခေါင်းဖြတ်ပြီး အသတ်ခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဖားဆောင်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီတပ်ပေါင်းစု တရားဝင်ထုတ်ပြန်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၃၄ တပ်ရင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က မနေ့ကညပိုင်းမှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF တပ်ဖွဲ့မှူးနဲ့ စစ်ကြောင်း ၁ ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF တပ်ဖွဲ့မှူးနဲ့ စစ်ကြောင်း ၁ ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အင်အားပြင်း ငလျင်ကြောင့် သေဆုံးခဲ့ရသူ ၃၇၀၀ နီးပါး ရှိလာ

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၇၀၀ နီးပါးရှိသွားပြီလို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။