ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ ဓာတုဗုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ DPLA က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ(၃၀)ရက်က စတင်ကာ DPLA နဲ့ စစ်ကောင်စီတပ်တို့ နေ့တိုင်းနီးပါး ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒီဇင်ဘာလ(၇)ရက် ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဓာတုဗုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ DPLA က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ဓာတုဗုံး ကြဲချတိုက်ခိုက်မှုကြောင့် DPLA ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တွေ ဓာတုအဆိပ်သင့်ကာ မူးဝေအော့အန်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) အနေနဲ့ ကျောက်ဂူဒေသမှာ စစ်ကောင်စီနယ်မြေခံတပ်တွေ ဖြစ်တဲ့ ကျောက်ဂူအမြောက်တပ် ( အမတ ၃၄၉)၊ နောင်ဝိုးတပ် (ခလရ ၂၉၂) ၊ နောင်ချိုမြို့နယ် တောင်ခမ်းဆီ ရပ်စောက်ဘက်က စစ်ကူသွားတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရခိုင်ပြည်နယ်တွင် ဩဂုတ်လအတွင်း စစ်အုပ်စုကြောင့် ပြည်သူ (၁၆) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

ရခိုင်ပြည်နယ်မှာ ဩဂုတ်လအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၁၆) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်ဝါဒဖြန့် MRTV မှ ပြည်သူစိတ်ဝင်စားသည့် အစီအစဉ်ကောင်းများ ပြသဖို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ညွှန်ကြား

စစ်ကောင်စီက ထိန်းချုပ်ထားပြီး နေ့စဉ် အများပြည်သူကို ဝါဒဖြန့်နေတဲ့ MRTV အနေနဲ့    ပြည်သူတွေစိတ်ဝင်စားတဲ့ အစီအစဉ်ကောင်းတွေ ပြသဖို့ အာဏာသိမ်း  ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

တောင်တွင်းကြီးနှင့် ဆင်ပေါင်ဝဲကြားတွင် စစ်အုပ်စု မိုင်းဆွဲခံရ၊ ဗိုလ်ကြီးအဆင့်ရှိသူအပါ ၄ ဦး သေပြီး အများအပြားဒဏ်ရာရ

မကွေးတိုင်း၊ တောင်တွင်းကြီးနဲ့ ဆင်ပေါင်ဝဲမြို့နယ်ကြားမှာ ဂိတ်အချိန်းအပြောင်းလုပ်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက် အပါအဝင် အကြမ်းဖက်စစ်သား ၄ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ပုဏ္ဏဝတီ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်ထိုးစစ်တွေကြောင့် အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၁၈၀ ကျော် သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၁၈၀ ကျော်သေဆုံးခဲ့ရတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်အားပေး အနုပညာရှင်အမည်ခံများကို ထိရောက်စွာ စတင်အရေးယူမည်ဟု ရန်ကုန် UG များ ကြေညာ

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံအားပေးကူညီတဲ့ အနုပညာရှင်အမည်ခံ စစ်ကော်မရှင် လက်ကိုင်တုတ်တွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား UG အဖွဲ့တွေက ဒီညမှာ ကြေညာလိုက်ပါတယ်။
Read More

ပခုက္ကူသို့ စစ်သားများပို့သည့် ၄ စီးမြောက်ကားကို တိုက်ခိုက်ရာ ကားပေါ်ပါသည့် စစ်သား ၁၈ ဦးလုံး သေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ကနေ ပခုက္ကူကို ထွက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ စစ်သား ၁၈ ယောက် သေဆုံးခဲ့တယ်လို့ Southern YSO PDF က သတင်းထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်၊ မနက် ၅ နာရီအချိန်မှာ စစ်တပ်အင်အား ၁၂၀ ခန့်ဟာ ရေစကြို ခလရ ၂၅၆၊ ၂၅၇၊ ၂၅၈ ကနေ ပခုက္ကူမြို့ကို ခြေလျင်ထွက်လာခဲ့တယ်လို့ သိရပါတယ်။