ရခိုင်ပြည်နယ်၊ မောင်တောမြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နယ်ခြားစောင့်ရဲစခန်း နခခ(၅) ကနေ ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်း ပါဝင်တဲ့ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အာရက္ခတပ်တော်(AA) က ဖမ်းဆီးရမိတယ်လို့ ရခိုင်ပြည်နယ် ဒေသတွင်း သတင်းဌာနတွေက ဖော်ပြလာပါတယ်။

ရက္ခိုင့်တပ်တော်(AA) က ဒီဇင်ဘာ ၈ ရက် မနေ့က မနက်ပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့ မောင်တောမြို့ရှိ စစ်ကောင်စီရဲ့ နခခ(၅)တပ်ရင်းကနေ ထွက်ပြေးသွားတဲ့ စကခ(၁၅) တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းကို အရာရှိစစ်သည်တွေအပါအဝင် မွတ်ဆလင် လက်နက်ကိုင် စစ်သား ၈၀ ကျော်နဲ့ အတူ မနေ့က ညနေပိုင်းမှာ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

မောင်တောမြို့ သီဟိုဠ်ခြံအနီးမှာ ပုန်းအောင်းနေတဲ့ ဗိုလ်မှူးချုပ်သူရိန်ထွန်းအပါ အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီတပ်ကို AA က တိုက်ခိုက်ခဲ့ပြီး လက်ရဖမ်းဆီးရမိခဲ့တာလို့ ရခိုင်ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဗိုလ်မှူးချုပ်သူရိန်ထွန်း

မောင်တောအခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ နခခ (၅) ကို ဒီဇင်ဘာလ ၈ ရက် မနက်ပိုင်းမှာ အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ AA က မနေ့က သတင်းထုတ်ပြန်ထားပေမယ့် ဗိုလ်မှူးချုပ်သူရိန်ထွန်းကို ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး AA က တရားဝင်သတင်းမထုတ်ပြန်သေးပါဘူး။

နခခ(၅) စခန်းတွင်းကနေ  စစ်ကောင်စီတပ်သားတွေနဲ့  သင်တန်းဆင်း မွတ်ဆလင် လက်နက်ကိုင်တွေဟာ စခန်းကို စွန့်ခွာကာ ဖရိုဖရဲထွက်ပြေးသွားခဲ့တဲ့အတွက် အာရက္ခတပ်တော်က  မောင်တောမြို့အနီးဝန်းကျင်နဲ့ နတ်မြစ်ကမ်းခြေတစ်လျှောက်မှာ လိုက်လံရှင်းလင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေရတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်တွင် မနေ့ညက ၃ ကြိမ် ငလျင်လှုပ်ခဲ့ပြီး ဒီမနက် ၁ ကြိမ် ထပ်မံလှုပ်ခတ်

ရန်ကုန်မြို့အနီးကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု ဒီနေ့မနက်ပိုင်းမှာ လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မွန်ပြည်လွတ်မြောက်ရေးအတွက် လူငယ်တွေ ဝိုင်းဝန်းအားဖြည့်ပေးဖို့ MSFC တိုက်တွန်း

"ပြည်တွင်း၊ ပြည်ပနဲ့ တခြားဒေသတွေမှာ လူငယ်တွေ အများကြီးပြန့်ကျက်နေတယ်လို့ ကျွန်တော်ကြားရတယ်။ မွန်ပြည်နယ်က လူတွေလည်းပါတယ်။ ဒါကြောင့် အချိန်တွေ အလဟဿ မဖြစ်ဖို့ရယ်၊ ကိုယ့်အသက်အရွယ်ရှိတုန်း… သန်စွမ်းတုန်းမှာ အတတ်နိုင်ဆုံး တော်လှန်ရေးတာဝန်ကို ထမ်းပေးဖို့ပေါ့နော်။ အဲ့မှာလည်း စစ်ရေးချည်းပဲတော့ မဟုတ်ဘူး… တခြားနည်းပညာပိုင်းဆိုင်ရာမှာလည်း ပေးနိုင်တယ်။ အုပ်ချုပ်ရေးပိုင်းမှာလည်း တာဝန်ဝင်ယူလို့ရပါတယ်။ လူငယ်တွေ ဒီနေရာမှာ တာဝန်ဝင်ယူကြပေးဖို့ လိုပါတယ်။” လို့ MSFC ရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်မွန်စိုင်းက ပြောပါတယ်။
Read More

ပေါက်နဲ့ မြိုင်မှာ အင်အား ၂၀၀ ခန့်ပါ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ပေါင်းစု တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက်က ၆ ယောက် သေကာ အများအပြား ထိခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်အု​ပ်စုဘက်က ၆ယောက်သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်သာမှာ စစ်တပ်က စက်တပ်လေထီးတွေနဲ့ ၂ ရက်ဆက် ဗုံးကြဲမှုကြောင့် ပြည်သူ ၄ ယောက် သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စက်တပ် လေထီးတွေနဲ့ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ - တောင်သာမြို့နယ်ဆီက သိရပါတယ်။
Read More

ခမောက်ကြီးတွင် စစ်ကောင်စီသတင်းပေး မူးယစ်ဆေးရောင်းဝယ်သူနှင့် အုပ်ချုပ်ရေးမှူး တစ်နေ့တည်း ပစ်ခတ်ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ စစ်ကောင်စီသတင်းပေး မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားနေသူနဲ့ အုပ်ချုပ်ရေးမှူးတို့ကို တစ်နေ့တည်းမှာ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက မောင်းကို ပြောပါတယ်။
Read More

တပ်တွင်းနှိပ်စက်မှုများမှ ထွက်ပြေးလာသည့် စစ်ကောက်စီ တပ်ကြပ် စံမိုး၊ “တပ်ထဲမှာ ကျနော် မကြာခဏ အချုပ်ထဲရောက်ပါတယ်၊ အင်ပင်စခန်းမှာဆို ကျနော့်ကို အမြဲထိုးလိုက်၊ ကြိတ်လိုက်နဲ့”

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ တပ်တွင်းအနိုင်ကျင့်ဖိနှိပ်မှုတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ကြပ် ၁ယောက်ကို သွားရောက်ကယ်ဆယ်ရင်းလိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေကြောင်း Burma Revolution Rangers အဖွဲ့က ထုတ်ပြန်ပါတယ်။