ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရွှေမြင့်တင် ကျေးရွာက စစ်ကောင်စီရဲ့ အမှတ် ၆ လေ့ကျင့်ရေးတပ်မှာ စုဆောင်းထားတဲ့ တပ်သားသစ် အယောက် ၄၀ ထွက်ပြေးသွားပြီး စစ်တပ်ထောက်ခံသူရဲ့ သတင်းပေးမှုကြောင့် ၁၆ ယောက် ပြန်လည်အဖမ်းခံခဲ့ရကြောင်း သိရပါတယ်။

စစ်မှုထမ်းတပ်သားတွေဟာ ဒီဇင်ဘာ ၇ရက် ညပိုင်းမှာ ထွက်ပြေးလွတ်မြောက်သွားတာဖြစ်ပြီး ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) အနီး ဇင်ပြွန်ကုန်း ကျေးရွာအုပ်စု၊ တောင်ယာကုန်းကျေးရွာဘက်ကို ထွက်ပြေးတဲ့ ၁၆ ယောက်ကတော့ စစ်တပ်ထောက်ခံသူ ရွာခံရဲ့ တိုင်ကြားမှုကြောင့် ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

“ထွက်ပြေးတဲ့သူတွေက စစ်မှုထမ်း အပတ်စဥ် ၆ မှာ စစ်သင်တန်း တက်ရောက်ထားတဲ့သူတွေ။ စစ်ဆင်ရေး မပို့ခင် ထွက်ပြေးလွတ်မြောက်သွားတာ။ ဧရာဝတီတိုင်းမှာရှိတဲ့ မြို့နယ်တွေထဲက စစ်မှုထမ်းဥပဒေအကြောင်းပြပြီး စစ်သင်တန်း တက်ရောက်ခဲ့ရသူတွေပဲ” လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

“ထွက်ပြေးသွားတာ အယောက် ၄၀ ။ နတခ အနီးက တောင်ယာကုန်းကျေးရွာမှာ စစ်တပ်က ပြန်ဖမ်းလိုက်တာ ၁၆ ယောက် ။ ၂၄ ယောက်ကတော့ လွတ်မြောက်သွားတယ်” လို့ အထက်ပါ နီးစပ်သူက ဆက်ပြောပါတယ်။

ပြန်လည်ဖမ်းဆီးခံလိုက်ရတဲ့ စစ်သင်တန်းသား ၁၆ ယောက်ကိုတော့ စစ်ကောင်စီတပ်သားတွေက အနောက်တောင်တိုင်း စစ်ဌာနချုပ်ထဲကို ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးမှုတွေ လုပ်နေသလို ဘယ်လိုပြစ်ဒဏ်မျိုး ချမှတ်မယ်ဆိုတာတော့ မသိရသေးပါဘူး။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့် ပြည်သူတွေဆီ အကူအညီတွေ ရာနှုန်းပြည့်ရောက်ဖို့ လုပ်ဆောင်မည်ဟု NUG အသိပေး

ငလျင်ဒဏ်သင့် ပြည်သူတွေဆီ အကူအညီရာနှုန်းပြည့် ရောက်ရှိနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့  NUG ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။
Read More

ကရင်အမျိုးသားအစည်းအရုံး (ဗဟို) မှာ ၇၇ ကြိမ်မြောက် ကရင်အမျိုးသားနေ့ ကျင်းပ

ဒီနေ့မှာ ကျရောက်တဲ့ (၇၇) ကြိမ်မြောက် ကရင်အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကို ကရင်အမျိုးသားအစည်အရုံး - KNU ဗဟိုမှာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အတူ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဒေါင့်စခန်းကို စစ်ကူပို့ခံရသည့် စစ်ကောင်စီတပ်သားသစ်တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်ရောက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းကို စစ်ကူပို့ခံရတဲ့ စစ်ကောင်စီတပ်သားသစ်တစ်ယောက် လက်နက်နဲ့တကွ တော်လှန်ရေးတပ်ဖွဲ့ထံ ဇွန်လ ၇ ရက်နေ့မှာ အလင်းဝင်ရောက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် အမှတ် (၁၂) တပ်ရင်းဆီက သိရပါတယ်။
Read More

ပန်းတောင်းတပ်နယ်ထဲကို မင်းအောင်လှိုင်လာမည်ဟု သတင်းများထွက်ပေါ်နေ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပန်းတောင်းတပ်နယ်ထဲကို မင်းအောင်လှိုင်ကိုယ်တိုင် မြေပြင်ဆင်းမယ်လို့ ဆိုကာ တပ်လှန့်တာတွေ လုပ်ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဘယ်တော်လှန်ရေးအဖွဲ့ကိုမှ မကြောက်ဘူးဟု စိန်ခေါ်သည့် စစ်တပ်သတင်းပေး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ဘယ်တော်လှန်ရေးအဖွဲ့အစည်းကိုမှ မကြောက်ဘူးလို့ စိန်ခေါ်ခဲ့တဲ့ စစ်တပ်သတင်းပေးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီ နေ့စဉ်နီးပါး ဗုံးကြဲနေ၊ မနေ့က တိုက်ခိုက်မှုကြောင့်  အဘွားအို ၁ ဦး သေဆုံးပြီး ကလေးငယ်အပါ ၄ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ‌ဂျက်ဖိုက်တာနဲ့ ‌ဗုံးကြဲတိုက်ခိုက်ရာ အဘွားအို  ၁ ယောက်သေဆုံးပြီး ကလေးငယ်တစ်ယောက်အပါအဝင် ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။