စစ်ကောင်စီက မြန်မာပြည်တောင်ပိုင်းဒေသကို ထိုးစစ်အသွင်ပြောင်းလာပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု အရေအတွက် မြင့်တက်လာတယ်လို့  Rehmonnya Institute for Civic Engagement – RICE  က ထုတ်ပြန်ပါတယ်။  

စစ်ကောင်စီဟာ မြန်မာပြည်မြောက်ပိုင်းမှာ  ခံစစ်အနေအထားနဲ့ ရင်ဆိုင်နေရပေမယ့် မြန်မာပြည် တောင်ပိုင်းမှာတော့ စစ်ကြောင်းထိုး ထိုးစစ်ဆင်မှုတွေနဲ့ လုပ်ဆောင်နေတယ်လို့  ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။  

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား ထိတွေ့တိုက်ပွဲ ၁၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားမှုတွေဟာ မွန်ပြည်နယ်ထဲက မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ သံဖြူဇရပ်၊ ရေးတို့မှာ ဖြစ်ပွားခဲ့ပြီး ကရင်ပြည်နယ်အတွင်းက ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်ဒေသတွေမှာ ဖြစ်ပွါးခဲ့သလိုတနင်္သာရီတိုင်းထဲမှာတော့ ရေဖြူဒေသမှာ ဖြစ်ပွားခဲ့တယ်လို့  ဖော်ပြထားပါတယ်။

နိုဝင်ဘာလအတွင်း ကရင်ပြည်နယ်၊ ကော့ကရိတ်ဒေသမှာ အထူးသဖြင့် တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး  မြ၀တီ-အာရှလမ်းမကြီးမှာလည်း ပြင်းထန်တဲ့ တိုက်ပွဲတချို့ရှိခဲ့တယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ ကြာအင်းဆိပ်ကြီးဒေသထဲက အနန်းကွင်းဗျူဟာစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း အဲဒီစခန်းကုန်း မကျစေရေးအတွက်  ခံစစ်အနေအထားနဲ့ ခုခံနေတယ်လို့ သိရပါတယ်။

အထူးသဖြင့် ဒေါန တောင်ပေါ်လမ်းဟောင်းအနီးမှာ KNLA ဦးဆောင်တဲ့တပ်တွေနဲ့ စစ်ကောင်စီတို့ဟာ ပြင်းထန်တဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလအတွင်းမှာ စစ်ရေးအရ ပြင်းထန်တဲ့ကာလလို့ သတ်မှတ်နိုင်ကြောင်း အစီရင်ခံစာကဆိုပါတယ်။

နိုဝင်ဘာလအတွင်း တနင်္သာရီဒေသထဲမှာ တိုက်ပွဲဖြစ်ပွားမှုနည်းပါးခဲ့ပြီး ရေဖြူမြို့နယ် ကျောက်ဝှက်ကုန်းကျေးရွာမှာ တိုက်ပွဲ (၁)ကြိမ်ဖြစ်ပွားခဲ့ပြီး၊ ထားဝယ်နဘုလယ် ရေနက်ဆိပ်ကမ်းအနီးမှာ စစ်ကောင်စီယာဉ်တန်းကို  မိုင်းဆွဲတိုက်ခိုက်ခံရမှု တချို့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မွန်ပြည်နယ်ထဲမှာတော့ နိုဝင်ဘာလအတွင်း  ကျိုက်ထိုမြို့အနီးတဝိုက်မှာ KNU ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ သိမ်ဇရပ်အနီးနဲ့ သုံးဂွ၊ ရေကျော်နဲ့ ပျဉ်းကတိုးဒေသတွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီလိုတိုက်ပွဲတွေနဲ့အတူ ကျိုက်ထိုအနီးက ကျေးရွာ ၄ရွာက ဒေသခံ ၅၀၀၀ ကျော်လောက်ဟာ လတ်တလောမှာ စစ်ဘေးရှောင်နေရတယ်လို့လည်း ဖော်ပြထားပါတယ်။

သထုံခရိုင်ထဲမှာတော့ စစ်ကောင်စီဟာ  စစ်မှုထမ်း အပတ်စဉ်(၄)က စစ်သားတွေကို တိုက်ပွဲတွေမှာ အဓိက အသုံးပြုလာတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ တောင်ပိုင်းစစ်မြေပြင်မှာ ဒရုန်းတွေနဲ့ဝေဟင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ များပြားနေပြီး  အရပ်သားပြည်သူတွေနေထိုင်ရာ နေရာတွေကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်မှုတွေလည်း စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ကျောတိုက်နယ်အတွင်း ရွှေပင်ရွာ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး ၁ ပွင့်ဗိုလ် သေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောတိုက်နယ်အ‌တွင်းရှိ စစ်အုပ်စုဂိတ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ရာ အပြန်အလှန်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ယောကာကွယ်ရေးတပ် စစ်ဒေသရုံး ဦးဆောင်ကော်မတီ (YDF) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ကို ပြည်သူတွေ အနွေးအင်္ကျီတွေအပါ အဝတ်အထည်တွေ လှူဒါန်းထောက်ပံ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ကို တော်လှန်ပြည်သူတွေက အနွေးအင်္ကျီအပါအဝင် အဝတ်အထည်တွေ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

CDF – Asho အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၇ သင်တန်းဆင်းပွဲ အခမ်းအနား…

ချင်းကာကွယ်ရေးတပ်-အရှို ( CDF - Asho ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၇ သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၈ ရက်က CDF - Asho နောက်တန်းကွင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီးမှာ ဝမ်ပေါင်ကုမ္ပဏီစောင့် စစ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့မှုဖြစ်ပြီး အကြမ်းဖက်စစ်သား ၇ ယောက် သေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှာ တရုတ်ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ယောက် သေဆုံးခဲ့တယ်လို့  Monywa Inventor အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

CDF-Asho ၏ အခြေခံစစ်ပညာသင်တန်းအတွင်း သင်တန်းသား ရဲဘော် ၁ ဦး ကျဆုံး

ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) ရဲ့ အခြေခံစစ်ပညာသင်တန်းမှာ တက်ရောက်နေတဲ့ သင်တန်းသားရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ ရွာငံမှာ စစ်တပ်က အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးနေ၊ နွားဘန်းကြီးရွာကို ဝင်စီးပြီး အမျိုးသမီး ၂ ယောက်ကို အကြောင်းမဲ့ဖမ်းဆီးသွား

ရှမ်းတောင်၊ ဓနုဒေသ ၊ ရွာငံမြို့မှာ မြို့အဝင်စစ်ဆေးရေးဂိတ်အပါအဝင် မြို့ထဲတပ်စွဲထားတဲ့ စစ်အုပ်စုတွေပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက ကျေးရွာတွေကို ဝင်ရောက်စီးနင်းရင်း အမျိုးသမီး၂ယောက်ကို အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။