ကချင်ပြည်နယ်၊ ဗန်းမော်မြို့အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်နေရာယူထားပြီး ဗန်မော်မြို့ရဲ့အကြမ်းဖက်စစ်တပ် ဗျူဟာအမှတ် ၄၇ တပ်ရင်းအနီးမှာရှိတဲ့ အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေကအပါအဝင် အကျဥ်းသားအချို့ပါ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဗန်မော်ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲတွေ ပြင်းထန်လာနေသလို ကုန်းလမ်းပိုင်းတွေမှာ ဒေသခံတွေ စစ်ဘေးရှောင်ဖို့ အဆင်မပြေတော့တာကြောင့် ရေလမ်းကြောင်းဘက်ကနေသာ ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

“ဗန်းမော် အကျဥ်းထောင် ဖောက်ပြီး အကျဥ်းသားတွေ လွတ်မြောက်တယ်ဆိုတာတော့ သိရတယ်၊ ကိုယ်တိုင်မတွေ့ရလို့ အတည်ပြုလို့တော့ မရသေးဘူး၊ ကိုယ်တွေလည်း စစ်ဘေးရှောင်နေရတော့ အသက်ဘေးလွတ်အောင် ရှောင်တိမ်းနေရတယ်” လို့ ဗန်းမော်မြို့နေထိုင်သူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

ဗန်းမော်မြို့နယ်အတွင်း ဝင်ရောက်လာတဲ့ KIA PDF ပူးပေါင်းအဖွဲ့

“မနေ့ကအထိတော့ ဗန်းမော်-ရွှေကျီးနား အထိကို KIA နဲ့ PDF ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ ရောက်ရှိလာတယ်လို့ သတင်းကြားရတယ်၊ ကုန်းပိုင်းလမ်းတွေကို စစ်ရှောင်ဖို့ မလွယ်တော့လို့ ရေလမ်းကြောင်းကနေ စစ်ဘေးရှောင်နေရတာ” လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

ဗန်းမော်နဲ့ မံစီမြို့နယ်တွေကို KIA နဲ့ PDF ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာလ ၄ရက်ကတည်းက ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး ဒီဇင်ဘာလ ၇ ရက် ဒီနေ့မှာတော့ ဗန်းမော်မြို့တွင်းထဲအထိ ဝင်ရောက်ထိုးဖောက်နိုင်ခဲ့ပြီး တိုက်ပွဲတွေ ဆက်လတ်ပြင်းထန်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူများ (ဓာတ်ပုံ Simsa Kasa Multimedia)

0 Shares:
You May Also Like
Read More

ICC အဖွဲ့ဝင်နိုင်ငံမဟုတ်လို့ ICC ဖမ်းဝရမ်းကို အသိအမှတ်မပြုဘူးလို့ စစ်ကောင်စီ တုံ့ပြန်

နယ်သာလန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုချက်အပါအဝင် ICC ပြောဆိုချက်တွေကို ICC အဖွဲ့ဝင်မဟုတ်တဲ့ မြန်မာနိုင်ငံက ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဘူးလို့ စစ်ကောင်စီက တုံ့ပြန်ပြောဆိုထားပါတယ်။
Read More

ပြည်သူလူထု လေကြောင်းရန်ကာကွယ်ရေးအတွက် MDY-PDF အရေးပေါ် ဗုံးခိုကျင်းများ ဆောက်လုပ်ပေးနေ

မန္တလေးတိုင်းထဲက မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

ဖားကန့်တွင် လက်ဖက်ရည်ဆိုင် မီးလောင်၊ ၃ လသားအရွယ် ကလေးငယ် မီးထဲပါသွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားပြီး ၃ လသားအရွယ် ကလေးငယ် မီးထဲပါသွားတယ်လို့ ဖားကန့်နယ်ခံဆီက သိရပါတယ်။
Read More

နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ် NUG အစိုးရ သတ်မှတ်၊ ၇၂ နာရီအတွင်း ကူညီကယ်ဆယ်မှုများ အားစိုက်ခဲ့ပေမယ့် စစ်ကောင်စီ စိုးမိုးဒေသများမှာ ဝင်ရောက်မကူညီနိုင်ခဲ့သည့်အတွက် NUG တောင်းပန်

အမျိုးသားညီညွတ်ရေးအစိုးရက ဧပြီ ၁၃ ရက်ကနေ ၂၀ ရက်အထိ နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနဲ့ နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်အဖြစ်  သတ်မှတ်ကြောင်း ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်တော် - DSNDA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူတွေရဲ့ အားကြိုးမာန်တက် ထောက်ခံမှုကြောင့် ဦးကျော်မိုးထွန်း ကုလစင်မြင့်မှာဆက်လက်ရှိနေခဲ့တယ်လို့ GSCB ထုတ်ပြန်

ပြည်သူတွေရဲ့  တောင်းဆိုမှုတွေကြောင့်  ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်ခွင့်ရခဲ့မှုကို ထောက်ခံဂုဏ်ပြု ကြိုဆိုတယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု GSCB ကထုတ်ပြန်ပါတယ်။