ဆီးရီးယားနိုင်ငံမှာ ဟားရက်သူပုန်အဖွဲ့ (HTS) တွေက ဒီဇင်ဘာ ၈ ရက် တနင်္ဂနွေနေ့မှာ မြို့တော် ဒမတ်စ်ကပ်ကို သိမ်းပိုက်ခဲ့ပြီး နှစ်ငါးဆယ်ကြာ အာဏာရှင်အာဆက်အစိုးရ ပြုတ်ကျကာ သမ္မတ ဘာရှာအလ်အာဆက်လည်း နိုင်ငံကနေ ထွက်ပြေးခဲ့ပါတယ်။

နှစ်ငါးဆယ်ကြာ အာဆက်မိသားစုရဲ့အုပ်ချုပ်မှုကို စိန်ခေါ်တဲ့ HTS အဖွဲ့က စစ်ဆင်ရေးဆင်နွှဲပြီး နှစ်ပတ်မပြည့်ခင်မှာပဲ သမ္မတက အခုလို ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။

“ဆီးရီးယားဆိုရှယ်လစ် ဘာအက်ပါတီရဲ့ နှစ်ငါးဆယ်အကြာ ဖိနှိပ်အုပ်ချုပ်မှုတွေနဲ့ ၁၃ နှစ်အကြာ ရာဇဝတ်မှုတွေ၊ အာဏာရှင်တွေ၊ အဓမ္မနေရပ်စွန့်ခွာမှုတွေအပြီး ဒီလို မှောင်မိုက်တဲ့ ကာလရဲ့အဆုံးသတ်နဲ့ ဆီးရီးယားအတွက် ခေတ်သစ်တစ်ခုကို ကြေညာလိုက်ပြီ” လို့ HTS က Telegram မှာ ပြောဆိုထားပါတယ်။

သူပုန်အဖွဲ့က ဆီးရီးယားမြို့တော်ကို သိမ်းပိုက်မှုနဲ့ အာဏာရှင် အာဆက်အစိုးရ ဖြုတ်ချခံရတဲ့အပေါ် ဆီးရီးယားပြည်သူတွေက လမ်းပေါ်ထွက် အောင်ပွဲခံ အော်ဟစ်အားပေးခဲ့ကြပါတယ်။

“ဒီလိုအချိန်ရောက်တဲ့အထိ ကျနော်အသက်ရှင်နေတာ မယုံနိုင်ဘူး” “ဒီလိုနေ့အတွက် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရတယ်” “ဆီးရီးယားအတွက် သမိုင်းသစ်တစ်ခု ကျနော်တို့စတင်နေပြီ” လို့ မျက်ရည်ကျနေတဲ့ ဒမတ်စ်ကပ်မြို့ခံ Amer Batha က AFP ကို ဖုန်းနဲ့ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ် Mohammed al-Jalali ကလည်း “ဆီးရီးယားပြည်သူတွေ ရွေးချယ်တဲ့ ဘယ်အစိုးရနဲ့မဆို” ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ဟားရက်သူပုန်အဖွဲ့ နှင့် မဟာမိတ်များက ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမြို့သို့ ဝင်ရောက်ခဲ့ပြီးနောက် ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်၏ ပုံတူကို ဆုတ်ဖြဲနေသည့် အာဆတ်အစိုးရ ဆန့်ကျင်ပုန်ကန်သူတစ်ဦး (ဓာတ်ပုံ Mohammed AL-RIFAI / AFP)

“ဒီနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်တဲ့ သာမန်နိုင်ငံတစ်ခု ဖြစ်လာနိုင်ပါတယ်၊ ဒါပေမဲ့ ဒီကိစ္စက ဆီးရီးယား ပြည်သူတွေ ရွေးချယ်တဲ့ အစိုးရအပေါ် မူတည်ပါတယ်” လို့ Jalali က သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

“စစ်တပ်လုံခြုံရေးတပ်တွေ မထွက်ခွာမီ အာဆက်က ဒမတ်စ်ကပ် နိုင်ငံတကာလေဆိပ်ကတဆင့် ဆီးရီးယားကနေ ထွက်သွားခဲ့တယ်” လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ အကြီးအကဲ Rami Abdel Rahman က AFP ကို ပြောပါတယ်။

ဆီးရီးယားမြို့တော်ကို သွားရာလမ်းမှာရှိတဲ့ ဟုမ်းစ်မြို့ကို သိမ်းပိုက်ကြောင်း HTS အဖွဲ့က ပြောပြီး နာရီပိုင်းအကြာမှာပဲ ဒမတ်စ်ကပ်မြို့ကို အလျင်အမြန် သိမ်းပိုက်ခဲ့တာပါ။

အစောပိုင်းမှာ ဆီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက သူပုန်တွေ ဟုမ်းစ်မြို့ထဲဝင်ရောက်ခဲ့တာကို မဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီး “လုံခြုံပြီး တည်ငြိမ်တယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဟုမ်းစ်မြို့ဟာ ဆီးရီးယားမြို့တော်နဲ့ ကီလိုမီတာ ၁၄၀ (၈၅ မိုင်) ခန့်အကွာမှာတည်ရှိပြီး နိုဝင်ဘာ ၂၇ ရက်မှာ ထိုးစစ်မြှင့်ခဲ့တဲ့ HTS ရဲ့ စစ်ဆင်ရေးအတွင်း တတိယမြောက်သိမ်းပိုက်ခဲ့တဲ့ မြို့ကြီးတစ်မြို့ဖြစ်ပါတယ်။

ဒမတ်စ်ကပ်က အဖြစ်အပျက်တွေကို စောင့်ကြည့်လေ့လာရာမှာ ဗြိတိန်အခြေစိုက် စောင့်ကြည့်လေ့လာရေးအဖွဲ့က အာဏာရှင်အုပ်ချုပ်မှုအောက် လုံခြုံရေးအဖွဲ့တွေရဲ့ အကျဉ်းချခံထားရတဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Sednaya အကျဉ်းထောင်ထဲက အကျဉ်းသား ထောင်ပေါင်းများစွာ လွတ်မြောက်ခဲ့တယ်လို့ အတည်ပြုထားပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၇ ရက်က ဆီးရီးယားနိုင်ငံတောင်ပိုင်း ဒါရာမြို့တွင် လမ်းတစ်လျှောက် အစိုးရဆန့်ကျင်ရေး တိုက်ခိုက်ရေးသမားများ ကင်းလှည့်နေစဉ် ဆီးရီးယားသမ္မတ Bashar al-Assad ၏ ပုံတူရုပ်တုရှေ့ရောက်ရှိစဉ် (ဓာတ်ပုံ – Sam HARIRI / AFP)

အာဆက်အစိုးရကို နှစ်ပေါင်းများစွာ ကျောထောက်နောက်ခံပေးခဲ့တဲ့ လက်ဘနွန် ဟစ်ဇဘိုလာအဖွဲ့တွေအနေနဲ့ မြို့တော်အနီးတဝိုက် တပ်တွေကို ပြန်လည်ရုပ်သိမ်းသွားခဲ့ကြောင်း အဖွဲ့နဲ့ နီးစပ်သူတစ်ယောက်က တနင်္ဂနွေနေ့အစောပိုင်းမှာ ပြောပါတယ်။

အာဆက်အစိုးရကတော့ ဒမတ်စ်ကပ်မြို့တဝိုက်က တပ်တွေ ဆုတ်ခွာသွားတာ မဟုတ်ဘူးလို့ အစောပိုင်းမှာ ငြင်းဆိုခဲ့ပါတယ်။

ဆီးရီးယား အရှေ့မြောက်ဘက်ဒေသတွေကို ထိန်းချုပ်ထားတဲ့ အမေရိကန်နောက်ခံပြု ကာ့ဒ်ဦးဆောင်တဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) ရဲ့ တပ်မှူးကလည်း အာဏာရှင်အာဆက်အစိုးရ ပြုတ်ကျသွားခဲ့တဲ့အပေါ် သမိုင်းဝင်အချိန်အဖြစ် တနင်္ဂနွေနေ့က ချီးကျူးခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အနေနဲ့ ဆီးရီးယားက ထူးခြားဖြစ်ရပ်တွေကို အနီးကပ် စောင့်ကြည့်နေကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

အနောက်နိုင်ငံအစိုးရတွေက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ မကြာသေးမီနှစ်တွေအတွင်း HTS အဖွဲ့ဟာ သူတို့ရဲ့ပုံရိပ်ကို ပျော့ပျောင်းအောင်ကြိုးပမ်းခဲ့ပြီး လက်ရှိသူတို့ ထိန်းချုပ်နယ်မြေတွေအတွင်းက လူနည်းစုအုပ်စုတွေကို မစိုးရိမ်ကြဖို့ ပြောကြားထားပါတယ်။

ထိုးစစ်စတင်ချိန်ကစလို့ အရပ်သား ၁၁၁ ယောက် အပါအဝင် လူ ၈၂၆ ယောက် ထက်မနည်း သေဆုံးခဲ့ပြီး အများစုက စစ်သားတွေဖြစ်ကြတယ်လို့ စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

ဟားရက်သူပုန်အဖွဲ့ က သမ္မတ Bashar al-Assad ကို ဖြုတ်ချကြောင်း ကြေညာပြီးနောက်၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ Fatih ဗလီရှေ့၌ တူရကီမှာ နေထိုင်သည့် ဆီးရီးယားနိုင်ငံသားများ အတိုက်အခံအလံများ ကိုင်ဆောင်ကာ ဆင်နွှဲနေစဉ် (ဓာတ်ပုံ Erdem Sahin/EPA)

အကြမ်းဖက်မှုကြောင့် လူပေါင်း ၃၇၀,၀၀၀ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

အမေရိကန်ရဲ့ ရွေးကောက်ခံသမ္မတလောင်း ဒေါ်နယ်ထရန့်က “အာဆက်တော့ သွားပြီ” “သူ့ရဲ့ အကာအကွယ်၊ ရုရှား၊ ရုရှား၊ ဗလာဒီမာပူတင် ခေါင်းဆောင်တဲ့ ရုရှားလည်း သူ့ကို ဆက်ကာကွယ်ဖို့ စိတ်မဝင်စားတော့ဘူး” လို့ သူ့ရဲ့ Truth Social ပလက်ဖောင်းမှာ ရေးသားခဲ့ပါတယ်။

အာဆက်အစိုးရကို ရုရှားနဲ့ အီရန်တို့က နှစ်ပေါင်းများစွာကြာအောင် ပံ့ပိုးပေးခဲ့တာဖြစ်ပြီး သူ့ရဲ့အိမ်နီးချင်း တူရကီနိုင်ငံကတော့ သူတို့ရဲ့ အတိုက်အခံတွေကို ထောက်ခံခဲ့တာပါ။

မကြာခင် ထွက်ခွါသွားတော့မယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ကလည်း တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန် ဖီဒန်နဲ့ ဖုန်းခေါ်ဆိုမှုအတွင်း “ပဋိပက္ခအတွက် နိုင်ငံရေးအရ အဖြေရှာဖို့” တောင်းဆိုခဲ့ပါတယ်။

မူရင်းဆောင်းပါး – AFP

ဆီးရီးယား Qamishli မှာ နေထိုင်သူ မိန်းမငယ် နှစ်ဦး ဆီးရီးယားသမ္မတ Bashar al-Assad ၏ ပျက်စီးနေသည့် ဓာတ်ပုံကို သူတို့၏ မိုဘိုင်းလ်ဖုန်းများဖြင့် ရိုက်ကူးနေစဉ် (ဓာတ်ပုံ Orhan Qereman/Reuters)
0 Shares:
You May Also Like
Read More

ဘိုကလေးမြို့ကနေ ဝါးဖောင်နဲ့အတူ မျောသွားတဲ့ ရေလုပ်သား ၄ ယောက်ကို အိန္ဒိယ ကမ်းစောင့်တပ် ကယ်တင်ခဲ့…

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ကနေ ဝါးဖောင်နဲ့အတူမျောပါသွားတဲ့ ရေလုပ်သား ၄ ယောက် အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းစောင့်တပ်က ဒီဇင်ဘာလ ၆ ရက် မနေ့က ကယ်ဆယ်ကူညီထားတယ်လို့ The Hindu သတင်းက ဒီဇင်ဘာလ ၇ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ၂၀၀ နီးပါးကို မလေးအာဏာပိုင်တွေ ဖမ်းဆီး

မြန်မာပြည်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းသူ ၁၉၆ ယောက်ကို မလေးအာဏာပိုင်တွေက ဇန်နဝါရီလ ၃ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ မလေးရှားသတင်းက ဖော်ပြထားပါတယ်။ 
Read More

သက်ဆင် အမှုကြားနာရန် တရားရုံးသို့ ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ “၁၄ ထပ် အမှု” နဲ့ ပတ်သက်ပြီး တရားရုံးရဲ့ ရဲ့ နောက်ဆုံး အမိန့်ချမှတ်မှု ကြားနာဖို့ ဒီနေ့မနက်မှာ တရားရုံးကို ရောက်လာခဲ့ပါတယ်။
Read More

ထိုင်းနိုင်ငံတွင် ငွေလိမ်ဂိုဏ်းကို ဝင်ရောက်ဖမ်းဆီးရာ မြန်မာနိုင်ငံသား ၃ဦးနှင့် ဘတ်ငွေ ၄၆သန်းကျော် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ နယ်စပ်ဖြတ်ကျော် ငွေကြေးလိမ်လည်မှု လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃ယောက်ကို ထိုင်းဘတ်ငွေ ၄၆ သန်းကျော်နဲ့အတူ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

လက်နက်ချဖို့ ထရမ့်ရဲ့ပြောဆိုချက် အီရန်ခေါင်းဆောင် ပယ်ချ၊ အမေရိကန်ရဲ့ စွက်ဖက်မှုကြောင့် ပြန်ပြင်လို့မရအောင် ပျက်စီးဆုံးရှုံးနိုင်တယ်လို့ ဆို

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရချိန်မှာ အမေရိကန်က လက်နက်ချဖို့ ပြောဆိုလာမှုကို အီရန်ထိပ်တန်းခေါင်းဆောင်က ဗုဒ္ဓဟူးနေ့မှာ ပယ်ချလိုက်ပါတယ်။
Read More

စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်ကို ဂျပန်အစိုးရ သံသယရှိ

၂၀၂၆ ဇန်နဝါရီလမှာ ပြုလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်နဲ့ ပတ်သက်ပြီး အလေးအနက် စိုးရိမ်မိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကာရှိ အီဝါယာ က မတ်လ ၂၁ ရက်က ပြုလုပ်တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ Human Right Watch က ဖော်ပြပါတယ်။