မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ မင်းရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကြောင်း ၅ ကြောင်း ခွဲကာ ဒီဇင်ဘာ ၇ ရက် မနေ့က မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ် ၆၀ ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေဟာ စခန်းသိမ်းနိုင်တော့မယ့် အခြေအနေမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာနေ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်တဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ဗိုလ် ၆၀ ပြောက်ကျား တပ်ဖွဲ့၊ ရေလယ်ကျွန်း စစ်ကြောင်း၊ TLK တပ်ဖွဲ့၊ အမေ့လက်ရုံး ပြောက်ကျားတပ်ဖွဲ့၊ NY LPDF၊ YLK ပြောက်ကျားတပ်ဖွဲ့နဲ့ ရဲဘော်ညီနောင် ဒရုန်းတပ်ဖွဲ့၊ NY ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချောက်-စလေလမ်းပိုင်းတွင် အကြမ်းဖက်စစ်သားများ စီးနင်းလာသည့် ကားကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ချောက်-စလေလမ်းပိုင်းမှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ People Defense Force Chauk က သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၉ ရက် နေ့လယ်ပိုင်းက ချောက်-စလေလမ်းပိုင်းတစ်နေရာမှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမ ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးတိုင်းအတွင်း စစ်ကောင်စီတပ် စစ်ရေးပစ်မှတ်များကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့၊ စစ်အုပ်စု ၅၀ ထက်မနည်း သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်းအတွင်းရှိ စစ်ကောင်စီတပ်အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို မြင်းခြံခရိုင်အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပေါက်မြို့နယ် ယောချောင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေ (ရုပ်သံ)

မကွေးတိုင်း ပေါက်မြို့နယ်အတွင်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအလောင်း ၃ လောင်းနဲ့ လက်နက်ခဲ ယမ်းအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ Young Revolution Frontမှ မနေ့က သတင်းထုတ် ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်က ပေါက်တောင်ပိုင်း သီးခြောက်ရွာမှ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်း ထိုးလာတဲ့ အကြမ်းက်စစ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ယောချောင်းတစ်နေရာမှာ ထိ တွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ကြွယ်ပုံပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ကြွယ်ပုံပျုစခန်းရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို နိုဝင် ဘာ ၂၉ ရက်ကနေ ဒီဇင်ဘာ ၁ ရက်အထိ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ အနီးကပ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Young Wolf. (P.D.F) ထံက သိရပါတယ်။