ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ် ကုသလမဂ္ဂမှာ ဆက်လက် ရပ်တည်ခွင့်ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ် ကုသလမဂ္ဂမှာ ဆက်လက် ရပ်တည်ခွင့်ရရှိခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ လူသားမျိုးနွယ်ပေါ် အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဆက်လက်တင်ပြပြောဆိုခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူနဲ့ တရားဝင် ရပ်တည်ပေးခဲ့တဲ့ သံအမတ်ကြီးဟာ ဆက်လက်ပြီး ကုလစင်မြင့်မှာ တာဝန်ထမ်းဆောင်ခွင့်ရရှိတော့မှာဖြစ်ပါတယ်။

ဦးကျော်မိုးထွန်းကို ကုလက တစ်နှစ်သက်တမ်း တပ်မံတိုးမြှင့်ပြီး တာဝန်ထမ်းဆောင်ခွင့်ပြုလိုက်တာပါ။

“အကြမ်းဖက်စစ်အုပ်စုက ကိုယ်စားပြုဖို့ ကြိုးစားနေတာကို ဆက်လက် တားဆီးနိုင်ခဲ့ပြန်ပါပြီ။ ပြည်သူတို့ရဲ့အသံ ဆန္ဒတွေကို ကုလစင်မြင့်ကတဆင့် ဆက်လက်အသံမြှင့်ပေးနိုင်ပါစေ။ ဒါဟာ ပြည်သူတွေရဲ့ အောင်ပွဲ တခုပါပဲ” ဟု NUG ဝန်ကြီး ဦးအောင်မျိုးမင်းက သူရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာမှာ ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရရေး အားစိုက်တောင်းဆိုမှုတွေဟာ အောင်မြင်ခဲ့တယ်လို့လည်း  ပြည်တွင်းမှာ အခြေစိုက်လှုပ်ရှားနေတဲ့ သပိတ်အဖွဲ့အချို့က သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ ဦးကျော်မိုးထွန်းအတွက် ဂုဏ်ပြုရေးသားမှုတချို့ ပြုလုပ်ခဲ့ကြပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာ့အရေး ဖြေရှင်းရာမှာ ရွေးကောက်ပွဲက ဦးစားပေး မဟုတ်ဘူးလို့ အာဆီယံသဘောတူ

အာဆီယံအနေနဲ့ မြန်မာ့အရေးဖြေရှင်းရာမှာ ရွေးကောက်ပွဲက ဦးစားပေး မဟုတ်ဘဲ၊ စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးကတိကဝတ်တွေကို လိုက်နာဖို့ တိုက်တွန်းတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သောကြာနေ့မှာ ပြောပါတယ်။
Read More

ထိုင်းဝန်ကြီးချုပ် နှုတ်ထွက်ပေးဖို့ ဘန်ကောက်မှာ လူထောင်ချီ ဆန္ဒပြ

ဆန္ဒပြပွဲနဲ့ပတ်သက်လို့ ချင်းရိုင်ခရိုင်မှာ ရေကြီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးနေတဲ့ ထိုင်းဝန်ကြီးချုပ်ကတော့ “ဒါက သူတို့ရဲ့ ဆန္ဒထုတ်ဖော်ခွင့်ဖြစ်တယ်၊ ဒီအပေါ် ကျွန်မအနေနဲ့ တုံ့ပြန်ဖို့ ဆန္ဒမရှိပါဘူး” လို့ ပြောဆိုပြီး ဆန္ဒပြသူတွေအနေနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးပြောဆိုဖို့ လမ်းဖွင့်ထားကြောင်း သူမက ဆက်ပြောပါတယ်။
Read More

ချင်းမိုင်တက္ကသိုလ်ကျောင်းသား ၁၀ ဦး ဘတ်သန်းချီပြီး အွန်လိုင်းငွေလိမ်ခံရ

ချင်းမိုင်တက္ကသိုလ် (CMU) က ကျောင်းသား ၁၀ ယောက် တစ်ရက်တည်းမှာပဲ အွန်လိုင်းငွေလိမ်ခံရပြီး ဘတ်သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ကြရကြောင်း CMU နဲ့ နယ်မြေခံရဲတပ်ဖွဲ့က သတိပေးခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
Read More

ထိုင်းအစိုးရက စစ်ကောင်စီကို ဘဏ္ဍာရေးနှင့် သံတမန်ရေးရာအပိုင်းမှာ တက်တက်ကြွကြွ ထောက်ခံအားပေးနေဟု Blood Money ပြော

ထိုင်းအစိုးရဟာ အာဏာသိမ်းစစ်အုပ်စုထံ ဘဏ္ဍာရေးနဲ့ သံတမန်ရေးရာအပိုင်းမှာ အထောက်အပံ့ပြုနေပြီး စစ်ကောင်စီရဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ Blood Money သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မြန်မာငလျင် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပိုးဟပ်စက်ရုပ်တွေ စင်္ကာပူအသုံးပြု

လူပေါင်း ၃,၀၀၀ ကျော် သေဆုံးခဲ့တဲ့ မြန်မာ့ငလျင်ဘေးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စင်္ကာပူက ပိုးဟပ်စက်ရုပ်တွေကို အသုံးပြုခဲ့တယ်လို့ The Straits TImes သတင်းမှာ ဖော်ပြပါတယ်။
Read More

တရားမဝင် ငါးဖမ်းမှုကြောင့် ထိန်းသိမ်းထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၅ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဆီ AA လွှဲပြောင်းပေး

ရခိုင်ပြည်နယ်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးဖမ်းမှုကြောင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၅ ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နယ်ခြားစောင့်တပ် (BGB) ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ရခိုင်သတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။