ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရိုးမအစပ်မှာ စစ်ကောင်စီ စစ်ကြောင်းကို ကင်းထောက်နေတဲ့ PDF ရဲဘော် ၁ယောက် စစ်ကြောင်းနဲ့ တိုးကာ သတ်ဖြတ်ခံလိုက်ရတယ်လို့ သာယာဝတီခရိုင် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံံထံက သိရပါတယ်။ 

အသတ်ခံလိုက်ရသူဟာ သာယာဝတီခရိုင် ၃၈၀၁၊ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က ရဲဘော်မွန်ကြီး ဆိုသူ ဖြစ်ပြီး အသက် ၅၂ အရွယ်ဖြစ်တယ်လို့ ကနဦး သိရပါတယ်။ 

ရဲဘော်မွန်ကြီးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ အုတ်ဖိုမြို့နယ်ထဲက စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားမှုတွေကို ကင်းထောက်နေရာမှာ အင်အား ၁၀၀ ခန့်ပါတဲ့ စစ်တပ် စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီးမှာ အသတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ 

အသတ်ခံရတဲ့ ရဲဘော်မွန်ကြီး

စစ်ကောင်စီတပ်တွေက ရဲဘော်မွန်ကြီးကို မျက်လုံး ၂လုံးကို ထိုးဖောက်ပြီး သေနတ်ဒင်တွေနဲ့ ရိုက်နှက်ကာ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ 

“သူက မြေပြင်မှာ စစ်ထောက်လှမ်းရေးပါ။ ဆိုင်ကယ်နဲ့ ပတ်ပြီးကင်းထောက်နေချိန်မှာ စစ်ကြောင်းနဲ့တိုးတာပဲ။ စစ်ကြောင်းထဲ သူနဲ့သိတဲ့သူ ပါတယ်နေမယ်။ သူ့ကို မုန်းတဲ့သူ ပါတယ်ထင်တယ်။ သူ့ပေါင်ကို ပစ်ပြီး ဘယ်ဘက်နားထင်ကို သေနတ်ဒင်တွေနဲ့ ထုသတ်ခံရတာပဲ။” လို့ သာယာဝတီခရိုင် ၃၈၀၁၊ တပ်ခွဲ၅ ကြို့ပင်ကောက်Heroပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 

0 Shares:
You May Also Like
Read More

DJ Violet နှင့် မန်နေဂျာအပါ လူ၅ဦးကို ဗုဒ္ဓဘာသာအပေါ် အကြည်ညိုပျက်အောင်ပြုလုပ်မှုဖြင့် စစ်အုပ်စုအရေးယူထား၊ နိုင်ငံတဝန်း ဘုရားကျောင်းကန်များကို ဖျက်ဆီးနေသူများက ဗုဒ္ဓဘာသာကိုခုတုံးလုပ် အာဏာပြအရေးယူမှုဟု ဝေဖန်နေကြ

ကလပ်အတွင်း "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ"သီချင်းကို DJ တီးခတ်ဖျော်​ဖြေခဲ့တဲ့ DJ Violet နဲ့ မန်​နေဂျာဖြစ်သူ အပါ Cover Club တာဝန်ရှိသူတွေကို ဗုဒ္ဓဘာသာအပေါ် အကြည်ညိုပျက်အောင်ပြုလုပ်မှု ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်စစ်ဆေးထားတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။
Read More

PDF ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံးရဲ့ လက်နက်ပြန်အပ်ဖို့ အကြောင်းကြားစာနဲ့ ပတ်သက်လို့ လတ်တလော လက်နက်ပြန်မအပ်နိုင်သေးကြောင်းနဲ့ ဆန့်ကျင်ကန့်ကွက်ကြောင်း YPDF ထုတ်ပြန်

ယောဒေသအတွင်း အခြေစိုက်ကာ စစ်အာဏာရှင်တော်လှန်ရေးကို လှုပ်ရှားဆောင်ရွက်နေတဲ့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံးက လက်နက်ပြန်အပ်ဖို့ အကြောင်းကြားတဲ့စာကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

အောက်တိုဘာလ နှစ်ပတ်တာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇၀ကျော်သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အောက်တိုဘာလ နှစ်ပတ်တာအတွင်း တစ်နိုင်ငံလုံးမှာ အရပ်သားပြည်သူ ၇၀ကျော်သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီ PDF ရဲ့ အပတ်စဥ် ၆ စစ်သင်တန်းသား အသစ်တွေ ခေါ်ယူ၊ အမျိုးသမီး စစ်မေတွေကို အဓိက အလေးထားခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဧရာဝတီတိုင်းစစ်ဌာန၊ AYA PDF အမှတ် (၂၉) ဗျူဟာရဲ့ အပတ်စဉ် (၆) စစ်သင်တန်းအတွက် ရဲဘော်သစ် သင်တန်းသားတွေ ခေါ်ယူနေတယ်လို့ AYA PDF က ထုတ်ပြန်ထားပါတယ်။
Read More

KNDF တပ်ရင်း (၂) မှ တပ်ရင်းအရာရှိများက တပ်ခွဲမှူးနှင့် ရဲဘော်များကို တွေ့ဆုံခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၂) က တပ်ရင်းအရာရှိတွေဟာ တပ်ရင်းအတွင်းရှိ တပ်ခွဲတွေက တပ်ခွဲမှူးတွေနဲ့ ရဲဘော်တွေကို ဖေဖော်ဝါရီလ ၁၅ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ KNDF တပ်ရင်း (၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။