ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက်ဖက်ကမ်းမှာ ဖြစ်ပွားခဲ့တဲ့ တစ်ရက်တာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၂၄ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂၆ယောက်နဲ့ အထိနာသွားခဲ့တယ်လို့ နေပြည်တော် PDF တပ်ရင်း ၈၀၄ သတင်းပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီဇင်ဘာ ၅ရက်၊ မနက်အစောပိုင်းက ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဖက်ကမ်း၊ ကျွန်းတောကုန်း ကျေးရွာကနေ နှောပင်ကျေးရွာဆီ စစ်ကြောင်းဝင်ရောက်လာတဲ့ အကြမ်းဖက်အင်အား ၅၀ ကျော်ကို တော်လှန်​ရေးပူး​ပေါင်းတပ်တွေက စောင့်ကြိုပစ်ခတ်ရင်း တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့် သိရပါတယ်။

၁နာရီခွဲကြာထိတွေ့မှုထဲ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ များခဲ့တာကြောင့် ကျွန်းတောကုန်းကျေးရွာဆီ ပြန်လည်ဆုတ်ခွာသွားကာ ၆၀မမ၊ ၁၂၀မမ စတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော်တပ်ရင်း ၈၀၄ သတင်းပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဲဒီနောက် ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်း ဗျုဟာအမှတ် ၁၇ လက်အောက်က တပ်ရင်းအမှတ် ၈၀၄နဲ့ ၉၀၁  စစ်ကူတွေရောက်ရှိလာပြီး လက်နက်ကြီးပြန်လည်ပစ်ခတ်ရင်း နယ်မြေရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်ကလည်း အဲ့ဒီနေ့ နေ့လည်ပိုင်းမှာ စက်သေနတ်တင် သံချပ်ကာကားတွေနဲ့ စစ်ကူစစ်ကြောင်းတွေ ဖြည့်တင်းပြီး စစ်ကြောင်း ထပ်မံဝင်ရောက်လာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဆက်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့တဲ့ ဒီတိုက်ပွဲမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်စစ်တိုင်း ဗျူဟာအမှတ်- ၁၇လက်အောက်က နေပြည်တော်တပ်ရင်း ၈၀၄၊၉၀၁၊ RTC စစ်ကြောင်း၊ ကီးကူစစ်ကြောင်းနဲ့ ပုဝါနီစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

“တိုက်ပွဲက တစ်နေကုန်ဖြစ်တာပါ။ ကျွန်းတောကုန်းက ရေတာရှည်ကနေ ဆိုင်ကယ်နဲ့မောင်းရင် ၁နာရီလောက်ပဲ မောင်းရတယ်။ အဲဲ့ဒီ ကျွန်းတောရွာကနေ မနက် ၇နာရီခွဲလောက်ကတည်းက သူတို့ စစ်ကြောင်းထိုးလာတာပါပဲ။ ဒီကောင်တွေ အသေအဆုံးများတာလည်း အဲ့ဒီမနက်ပိုင်းပါ။  အဲ့လိုအကျအဆုံးများလို့ အင်အားထပ်ဖြည့်ပြီး မွန်းလွဲပိုင်းမှာ ထိတွေ့တိုက်ပွဲ ဆက်ဖြစ်ကြတယ်ပေါ့။ ကျနော်တို့အနေနဲ့ စစ်ကြောင်းကိုသာ ဖြတ်တိုက်ဖို့ ရည်ရွယ်ထားတော့ လက်နက်ကောက်ဖို့ အဓိကမထားခဲ့ပါဘူး။ မြေပထဝီအနေအထားအရ သူတို့နဲ့ ကျနော်တို့ကြား လယ်ကွင်းခြားနေတော့ သူတို့ဘက် အကျများလည်း လက်နက်သွားကောက်ရင်် သေမှာပါပဲ။” လို့ နေပြည်တော် PDF တပ်ရင်း ၈၀၄ သတင်းပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က RTC ရဲဘော်၄ယောက်လည်း (မစိုးရိမ်ရ) ဒဏ်ရာကိုယ်စီ ရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မတ္တရာ၊ စဥ့်ကူးနှင့် သပိတ်ကျင်းတွင် တနေ့တခြား စစ်ရေး ပိုမိုပြင်းထန်လာသည့်အတွက် ပြည်သူများ သတိပြုရန် MDY PDF အသိပေး

မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေဟာ အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ဖို့ လျာထားတဲ့ မြို့နယ်စာရင်းထဲမှာ ပါဝင်နေတဲ့အတွက် စစ်ကော်မရှင်တပ်က အဆိုပါ မြို့နယ်တွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်မြို့နယ်တွင် ကျေးလက်ဆေးပေးခန်းကို ဝင်ရောက်ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို အနီးကပ် ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၁ ဦး မျက်မြင်သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ကျေးလက်ဆေးပေးခန်းကို ဖျက်ဆီးခိုးယူနေတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ၁ ယောက် မျက်မြင် သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ၃၇၀၃ တပ်ရင်း (Fire Dragon) တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ (International Humanitarian Law) IHL သင်တန်းကို ABSDF ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်းမှာ ပြုလုပ်

အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေ IHL သင်တန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော် - ABSDF) ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်းမှာ ပြုလုပ်ခဲ့တယ်လို့ ABSDF က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းငလျင်ကြောင့် တစ်နိုင်ငံလုံးမှာ အရေးပေါ် ဖယ်ရှားရမည့် အပျက်အစီး တန်ချိန် နှစ်သန်းခွဲအထိရှိ

အင်အားပြင်း ငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ ဖယ်ရှားပစ်ရမယ့် အပျက်အစီး တန်ချိန် နှစ်သန်းခွဲအထိ ရှိတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က မနေ့က ဧပြီလ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ကန်ပိုက်တီမြို့ကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ်အတွင်း သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ တစ်ခုတည်းသော နယ်စပ်မြို့ဖြစ်တဲ့ ကန်ပိုက်တီမြို့ကို နိုဝင်ဘာလ (၂၀)ရက် ဒီနေ့ ညနေပိုင်းမှာ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

အခက်အခဲတွေကြားက ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ရဲ့ အပတ်စဉ် ၂ စစ်သင်တန်း ပြီးဆုံးခဲ့ပြီ

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) က စစ်အာဏာရှင်တွေကို တွန်းလှန်တိုက်ခိုက်ချင်သူတွေကို ရဲဘော်သစ်တွေအဖြစ် လက်ခံကာ စစ်သင်တန်းပို့ချပေးနေတာ ဖြစ်ပါတယ်။