စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက စောင့်ကြည့်လေ့လာခွင့်ပြုမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။ 

လာမယ့် ၂၀၂၅ ရွေးကောက်ပွဲမှာ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို ဖိတ်ခေါ်ပြီး လေ့လာစောင့်ကြည့်ခွင့်ပေးမယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်တာပါ။

ဒီဇင်ဘာလ ၇ ရက်နေ့က နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်ရုံးမှာ စစ်ကောင်စီက အသိအမှတ်ပြုထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ တွေ့ဆုံခဲ့ပါတယ်။ 

စောင့်ကြည့်လေ့လာရေးအဖွဲ့တွေအနေနဲ့ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒ အမိန့်ညွှန်ကြားချက်တွေကို စောင့်ကြည့်တာ၊ မဲလက်မှတ်တွေ ရိုက်နှိပ်တာကို လေ့လာစောင့်ကြည့်တာ၊ ရွေးကောက်ပွဲ ကန့်ကွက်လွှာ၊ အမှုတွေကို စစ်ဆေးတာ၊ ဆုံးဖြတ်တာ စတဲ့ အချက်တွေအပေါ် စောင့်ကြည့်လေ့လာခွင့်ကို စံနှုန်းနဲ့အညီ ခွင့်ပြုသွားမယ်လို့ဆိုပါတယ်။

တရုတ်နဲ့ ရုရှားက အားပေးထောက်ခံနေတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လတ်တလောမှာ နိုင်ငံတကာနဲ့ တော်လှန်ရေးအဖွဲ့တွေက တရားမဝင်ဘူးလို့ အတိအလင်း ကန့်ကွက်ပြောဆိုထားပြီးဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လာမယ့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်လို့ရတဲ့ နေရာမှန်သမျှမှာ ကျင်းပသွားမယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီ – မောတောင်လမ်းပိုင်းကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး လေ​ယာဥ်ဖြင့်ပါ ဗုံးကြဲတိုက်ခိုက်…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းဖြစ်တဲ့ တနင်္သာရီ- မောတောင် လမ်းပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ရင်း စစ်ကြောင်းထိုးနေတယ်လို့ စစ်​ရေးသတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရန်ကုန်-ပြည်လမ်းပေါ် တိုက်ပွဲဖြစ်ပွားနေသောကြောင့် ယာဉ်ကျောပိတ်နေ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်မှာ တော်လှန်ရေးတပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ကားတွေ ရပ်ထားရပြီး ယာဉ်ကျောပိတ်ဆို့မှု ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Read More

စစ်အုပ်စုအားကောင်းရာ ဆင်လူးရွာကို ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်ဘက်က ၁ ယောက် သေပြီး နေအိမ် ၁၀ လုံးခန့် မီးလောင်ပျက်စီး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်အုပ်စုအားကောင်းရာ ဆင်လူးကျေးရွာကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေရှိပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်-၄ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကိုထိန်လင်း တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခေါ်) Kim Aris တို့ ဒီနေ့မှာ အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ကြပါတယ်။
Read More

ဘူးသီးတောင်မှာ ပျောက်ဆုံးနေတဲ့ အရပ်သားနှစ်ယောက်ရဲ့ အလောင်းကို AA ပြန်ရှာတွေ့

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ အမှတ် (၂) ရပ်ကွက်က အရပ်သား နှစ်ယောက်ဖြစ်သူ အသက် ၆၇ နှစ်အရွယ် ဦးစံရွှေမောင်နဲ့ အသက် ၆၅ နှစ်အရွယ် ဦးမောင်မြအောင်တို့ရဲ့ အလောင်းတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း AA က ထုတ်ပြန်ပါတယ်။
Read More

“ရန်ကုန်အဝင် ချပ်ဝတ်ဆင်” မှ ရရှိသည့် စစ်ဝတ်တန်ဆာများကို ရှေ့တန်းရဲဘော်များထံ သွားရောက်တပ်ဆင်ပေး

"ရန်ကုန်အဝင် ချပ်ဝတ်ဆင်” ကျည်ကာကမ်ပိန်းကတဆင့် တော်လှန်ပြည်သူတွေရဲ့ ထောက်ပို့ငွေတွေနဲ့ ဝယ်ယူထားတဲ့ VEST ၊ ကျည်ကာ၊ ဦးထုပ် အစုံရေ (၅၀) ကို ရှေ့တန်းရဲဘော်တွေဆီ သွားရောက်တပ်ဆင်ပေးခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ၁ က ထုတ်ပြန်ပါတယ်။