ရခိုင်ပြည်နယ် မောင်တောမြို့ နယ်ခြားစောင့်တပ်ခွဲ နခခ ၅ ကို အာရက္ခတပ်တော် AA က မသိမ်းပိုက်မီ စစ်ကောင်စီတပ်သားတွေ အကူအညီတောင်းခံနေတဲ့ ရုပ်သံဖိုင် ၁ ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

”တပ်ဖွဲ့ဝင်တွေကို ကယ်ပေးပါလို့ အကုန်လုံးဒီမှာ ပိတ်မိကုန်ပြီ။ ၁၅ တပ်မမှူးကလည်း အလွတ်ရုန်းသွားပြီ။ အောက်ခြေတပ်ဖွဲ့ဝင်ပဲ ကျန်ခဲ့တယ်”လို့ စစ်ကောင်စီတပ်သားက ဗီဒီယိုဖိုင်အတွင်း ပြောဆိုနေပါတယ်။ 

မောင်တောမြို့ရဲ့ နယ်ခြားစောင့်တပ်ခွဲ နခခ ၅ ကို အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၇ ရက် မနေ့ က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မောင်တောမြို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ ထောက်ပို့စစ်ယာဉ်တန်းအား တပ်ပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ Zero ပြောက်ကျားတပ်ဖွဲ့ရဲဘော်တွေကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

မန္တလေးတုင်း မြင်းခြံခရိုင် ငါးဇွန်နဲ့ မြို့သာအကြား စစ်ကောင်စီရဲ့ ထောက်ပို့စစ်ယာဉ်တန်းအား တပ်ပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ Zero ပြောက်ကျားတပ်ဖွဲ့ရဲဘော်တွေကို ပြည်သူတွေက ကြိုဆို ဂုဏ်ပြုခဲ့ကြတယ်လို့ မြင်းခြံခရိုင်တပ်ရင်း (၇)ထံမှ သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်ထဲမှ Light Truck ယာဉ် ၂ စီးဖြင့် ထွက်လာသည့် စစ်ကောင်စီ တပ်သားများကို ပေပါမိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်၊ စစ်သား ၅ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်ထဲကနေ Light Truck ယာဉ် ၂ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပေပါမိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံက သတင်းထုတ်ပြန် ထားပါတယ်။
Read More

နတ်မောက်မြို့တွင် ဆည်ကျိုးပေါက်ပြီး မိသားစု ၇ ဦး ရေထဲမျောပါကာ ၆ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး အောင်ပန်းကျွန်းဆည်ကျိုးပေါက်မှု ကြောင့် မိသားစု ၇ ယောက် ရေထဲမျောပါသွားကာ ၆ ယောက်သေဆုံးခဲ့တယ်လို့ နတ်မောက်ဒေသခံ တွေထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်သားများ တင်ဆောင်ထားသည့် လှေကို RPG ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၈ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်း ကြက်စားပြင်ရပ်က ဆိပ်ကမ်းဘောတံတားမှာ စစ်ကောင်စီတပ်သားတွေ တင်ဆောင်ပြီး ကမ်းကပ်ထားတဲ့ လှေ ၁ စီးကို ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းက RPG နဲ့ ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းထံက သိရပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြား တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးစနိုက်ဘာရဲဘော်ရဲ့ မှတ်တမ်းပုံရိပ်တွေ PDF-Zoland ထုတ်ပြန်

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ PDF-Zoland (Sniper Team) ရဲ့ အမျိုးသမီးရဲဘော် ၁ ယောက် တိုက်ပွဲဝင်နေတဲ့ မှတ်တမ်းပုံရိပ်တွေကို PDF-Zoland မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ငါးဖမ်းသမားဟန်ဆောင်ထားသည့် အကြမ်းဖက်သမားများ AA တပ်ဖွဲ့ဝင် ၂ ဦးကို သတ်ဖြတ်ကာ လက်နက်များ ခိုးယူထွက်ပြေး (ရုပ်/သံ)

ငါးဖမ်းသမားဟန်ဆောင်ထားတဲ့ အကြမ်းဖက်သမားတွေက AA လုံခြုံရေးအရာရှိ တစ်ယောက်နဲ့ ကမ်းခြေစောင့်တပ်ဖွဲဝင် ၁ ယောက်ကို သတ်ဖြတ်ကာ လက်နက်လုယူပြီး  ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ထဲကို ထွက်ပြေးသွားတယ်လို့ အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်ထားပါတယ်။