မကွေးတိုင်း၊ ထီးလင်းမြို့မရဲစခန်းကနေ ရဲတပ်သား ၁ ယောက် သေနတ် ၁ လက် ယူဆောင် အလင်းဝင်လာတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ထီးလင်းမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား ၁ ယောက်က ဒီဇင်ဘာလ ၄ ရက်မှာ ဂန့်ဂေါခရိုင် အမှတ် ၄ တပ်ရင်းဆီကို လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီရဲတပ်သားဟာ MA-13 သေနတ် ၁ လက် ၊ ကျည် ၁၄၂ တောင့်တို့ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့သလို CDM ဝင်ရောက်လာတဲ့ ရဲတပ်သားဟာ စစ်အာဏာရှင်ရဲ့ လူမဆန်တဲ့ လုပ်ဆောင်မှုတွေကို လက်မခံနိုင်တာ ကြာပြီဖြစ်တယ်လို့ သိရပါတယ်။
အလင်းဝင်ရဲတပ်သားဟာ အရင်ကလည်း လက်နက်ခဲယမ်းတွေနဲ့ CDM ဝင်ရောက်ဖို့ ကြိုးစားခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့‌ဘူးလို့ သိရပါတယ်။
လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင် ဝင်ရောက်ခိုလှုံခဲ့တဲ့ CDM ရဲတပ်သားကို ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုဆုချီးမြှင့်ငွေ ပေးအပ်နိုင်ဖို့လည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ကျောက်ဖြူ-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ချုံချင့်အထိ တိုးချဲ့နိုင်ဖို့ စစ်ကောင်စီ ပြင်ဆင်နေဟု ဆို

မြန်မာနိုင်ငံမှာ LNG ဆိပ်ကမ်း တည်ဆောက်ကာ သဘာဝဓာတ်ငွေ့တွေ ထုတ်ယူပြီး စစ်ကောင်စီက တရုတ်နိုင်ငံကို တင်ပို့ဖို့ စီစဉ်နေတယ်လို့  စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

မန်လီကျေးရွာတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၁)လုံး မီးလောင်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်ခရိုင်၊ နမ္မတူမြို့နယ်၊ မန်လီကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ့နေအိမ် (၁) လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။ 
Read More

ကျိန္တလီချောင်းပေါ် ဖြတ်သန်းဆက်သွယ်ထားတဲ့ ကုလားပြင်တံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး

ရခိုင်ပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ဂွမြို့နဲ့ ကျိန္တလီမြိုကို ဆက်သွယ်ထားတဲ့ ကုလားပြင်တံတားကို အကြမ်းဖက်စစ်တပ်က မိုင်းခွဲဖျက်စီးသွားကြောင်း ရခိုင့်တပ်တော် AA က အောက်တိုဘာလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဝက်လက်တွင် စစ်သင်္ဘောများကို ကာကွယ်နိုင်ရေး ဗုံးကြဲမှုကြောင့် ဒေသခံ ၁၅ ဦး သေဆုံး၊ ၂၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ Y12 လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြစ်ကမ်းနံဘေး ကျေးရွာ၃ရွာက အရပ်သား ၁၅ ယောက် ထိခိုက်သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စီပါရွာ ဖြစ်ရပ်ဆိုးဟာ စစ်ရာဇဝတ်မှုမြောက်လို့ ICC ကတဆင့် စစ်ကောင်စီကို အရေးယူပေးဖို့ တောင်းဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမြို့နယ်ကို အမြန်ရေယာဥ် ၂စီးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိနိုင် 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို အမြန်ရေယာဥ် ၂စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group (C.F.G) တပ်ဖွဲ့ထံက သိရပါတယ်။