တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်တာအတွင်း စစ်ကောင်စီနဲ့ တိုက်ခိုက်မှု အကြိမ် ၄၀ ကျော် ဖြစ်ပွါးခဲ့ကြောင်း တောင်းပိုင်းစစ်ဒေသနယ်မြေက အသိပေးထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသနယ်မြေမှာ တစ်ပတ် အတွင်း စစ်ကောင်စီတပ်စခန်းနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှု အကြိမ် ၄၀ အထိရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

ကရင်၊ မွန်၊ ပဲခူး၊ တင်္နသာရီဒေသတွေပါဝင်တဲ့ တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း ပြီးခဲ့တဲ့  နိုဝင်ဘာ ၃၀ရက်ကနေ ဒီဇင်ဘာ ၆ရက်အတွင်း စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေ ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

ထိတွေ့တိုက်ပွဲ ၄၀ ကျော်အတွင်း စစ်ကောင်စီတပ်သား ၆၁ ယောက် သေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုတွေဘက်က ၂ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ဗျူဟာအရအရေးပါပြီး လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်ထားရာ စခန်းတွေဖြစ်တဲ့ ကရင် ပြည်နယ် ဖာပွန်ဒေသက  တောင်သုံးလုံးနဲ့ ဆင်စွယ်စခန်းတို့ကို လည်း ဒီဇင်ဘာ ၃ရက်နဲ့ ဒီဇင်ဘာ ၄ရက်‌တို့မှာ PDF၊ KNLA ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဘောလခဲ ခမရ ၄၂၉ မှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သား ၄ ဦး Loikaw Local PDF ထံ လက်နက်နဲ့ အလင်းဝင်ခိုလှုံ

စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်၊ ဘောလခဲတပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၄ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာကြောင်း Loikaw Local PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ် (ACDF) (၃)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား (ဓာတ်ပုံသတင်း)

အရှိုချင်းကာကွယ်ရေးတပ် (ACDF) အနေနဲ့ နိုဝင်ဘာ ၁၆ ရက်မှာ ကျရောက်တဲ့ (၃)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို တပ်ဖွဲ့ စိုးမိုးနယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ကော်မရှင် ရွေးကောက်ပွဲကို နိုင်ငံရေး၊ စစ်ရေး၊ လူထုလှုပ်ရှားမှု နည်းမျိုးစုံနဲ့ ဆန့်ကျင်ကြရန် ကယန်းအမျိုးသားတပ်မတော် တိုက်တွန်း

ပြည်သူလူထုရဲ့ဆန္ဒ မပါဝင်ဘဲ အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပဖို့ရှိနေတဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ကယန်းအမျိုးသားတပ်မတော် (K.N.A) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပေါက်ခါင်းမှ စစ်ကောင်စီတပ်သား ၂ ဦး ၃၆၀၁ တပ်ရင်းထံ လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်

ပဲခူးတိုင်း၊ ပေါက်ခေါက်းမြို့နယ်က စစ်ကောင်စီတပ်သား ၂ယောက်ဟာ လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

သီတင်းကျွတ်လပြည့်နေ့မှာ မြေပြင်တော်လှန်ရေးရဲဘော်တွေဆီ NUG ပြည်ထောင်စုဝန်ကြီးချုပ် သွားရောက်တွေ့ဆုံ (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၁၇ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) မှာ မြေပြင်တော်လှန်ရေးရဲဘော်တွေဆီကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သွားရောက်တွေ့ဆုံခဲ့ပြီး ရဲဘော်တွေကလည်း ပြည်ထောင်စုဝန်ကြီးချုပ်ကို အလေးပြုခြင်းနဲ့ ဂါရဝပြုကန်တော့ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

KNDF ‌ဗျူဟာအမှတ်(၉) သင်တန်းသားများ၏ သင်တန်းကာလ ကိုယ်ခန္ဓာကြံ့ခိုင်ရေးအတွက် လေ့ကျင့်မှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်(၉) / ရှမ်းပြည်တောင်ပိုင်း အမျိုးသားများကာကွယ်ရေးတပ် (SSNDF) ရဲ့ စစ်သင်တန်းမှာ တက်ရောက်နေတဲ့ သင်တန်းသားတွေရဲ့ သင်တန်းကာလ ကိုယ်ခန္ဓာကြံ့ခိုင်ရေးအတွက် လေ့ကျင့်မှု ပုံရိပ်တွေကို SSNDF က ထုတ်ပြန်ဖော်ပြထားပါတယ်။