မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ ကား ချုံခိုတိုက်ခိုက်ခံရပြီး ရဲဘော် ၁ ယောက်ထိခိုက်ဒဏ်ရာ( မစိုးရိမ်ရ) ရခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၆ ရက် မနေ့က မနက်အစောပိုင်းမှာ ရေစကြိုမြို့နယ်၊ ကံသစ်ကျေးရွာကနေ တောင်အိုတာတိုင် ၊ ပခန်းကြီးရဲစခန်းကို သွားတဲ့ အကြမ်းဖက်စစ်ကြောင်းထဲက နောက်ကျန်စစ်ကြောင်းဟာ ပခုက္ကူ- ရေစကြိုလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ယောက် စီးနင်းလာတဲ့ကားကို ချုံခိုတိုက်ခိုက်ရင်း နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။
နှစ်ဖက်ပစ်ခတ်မှုအတွင်း တပ်ဖွဲ့ဝင် တစ်ယောက် မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ယောက်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
” လမ်းပိုင်းက သူတို့စိုးမိုးတဲ့လမ်းပိုင်းဆိုပေမယ့် ကျနော်တို့လည်း သတင်းထောက်ပြီး ဖြတ်ခဲ့တာပါ။ ဒါပေမယ့် နောက်ချန်ကင်းကျန်နေခဲ့တာပေါ့၊ အဲ့ဒါကြောင့် ပစ်ခတ်မှုဖြစ်တာပါ”လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီဘက်က ချုံခိုပစ်ခတ်ခဲ့ပေမယ့်လည်း ကားပေါ်ပါတဲ့ တပ်ဖွဲ့ဝင်တစ်ယောက်က ပြန်လည်ခုခံပစ်ခတ်နိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ ယောက်သေကာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ရေစကြို ပကဖ ကတော့ အဲ့ဒီဖြစ်စဥ်ကြောင့် တပ်ဖွဲ့ဝင်တွေစီးနင်းလာတဲ့ ကားအပါဝင် Glock 38 ပစ္စတိုသေနတ် ၁ လက်၊ အီနာဂါဗုံးသီး အလုံး ၄၀ နဲ့ ငွေသားသိန်း ၄၀ ကျော် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုထားပါတယ်။
လက်ရှိမှာ ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းဝင်မီးရှို့နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်တို့ ဒီဇင်ဘာ ၁ ရက်က စတင်ပြီး ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ရှိနေတာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်က ကမ္ဘဲ့၊ ထန်းဆယ်ပင်၊ ကံသစ်ကျေးရွာ ၃ခုက နေအိမ် ၆၀နီးပါးကို စစ်ကြောင်းဝင်မီးရှို့ဖျက်ဆီးခဲ့သလို တန်ဖိုးကြီးပစ္စည်းတွေကိုလည်း ယူဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရေစကြိုမြို့ပေါ် ရုံးပေါင်းစုံစခန်းအတွင်းကနေ တိုက်ပွဲနေရာတွေဆီ လက်နက်ကြီးပစ်​ကူခဲ့တဲ့အတွက် ကျေးရွာတွေထဲက အရပ်သား ၁ ယောက်သေဆုံးကာ ကလေးငယ်အပါဝင် ထိခိုက်ဒဏ်ရာသူ ၄ ယောက်ရှိခဲ့ပါတယ်။
” လက်ရှိမှာတော့ ရှောင်နေရတာ ၈ရွာလောက်ရှိပါမယ်။ လူဦးရေအနေနဲ့က ၁ထောင်နဲ့ ၁ထောင့် ၅ ရာလောက်ရှိပါတယ်။ ရေစကြို ရုံးပေါင်းစုံထဲကနေ လက်နက်ကြီးရမ်းသမ်းထုနေတော့ ဒေသခံတွေခင်ဗျာစိုးရိမ်နေရတာပေါ့။ ကျန်တဲ့မြေပြင်စစ်ကြောင်းကိုတော့ ကျနော်တို့တွက်ဆပြီးဒေသခံတွေကိုရှောင်ခိုင်းထားပါတယ်။” လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ပုံစာ – စစ်အုပ်စုဘက်ကထုတ်ပြန်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ကားနဲ့ သိမ်းဆည်းရမိတဲ့ပစ္စည်းများ
0 Shares:
You May Also Like
Read More

ရေစကြိုမှာ ပေါ်တာဆွဲပြီး ရက်တိုစစ်သင်တန်းပေးခံရသူတွေ လူသားဒိုင်းအဖြစ် ကင်းစောင့်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အတင်းအဓမ္မ စစ်သင်တန်းပေးခံထားရတဲ့အရပ်သား၅၀ ကျော် နေရပ်ပြန်ခွင့်မရဘဲ လူသားဒိုင်းလုပ်ကာ ကင်းစောင့်နေကြရတယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီထံက သိရပါတယ်။
Read More

မတ္တရာမြို့နယ် ပကဖ တိုက်ခိုက်ရေး ရဲဘော်တွေရဲ့ အပတ်စဉ် ၁ မွမ်းမံသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ပကဖ တိုက်ခိုက်ရေးရဲဘော်တွေရဲ့ မွမ်းမံသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လှည်းကူး အုန်းနှဲကုန်းရပ်ကွက်ရုံး မိုင်းခွဲတိုက်ခိုက်ခံရ၊ သေဆုံးသူများ ရှိနိုင်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က အကြမ်းဖက်စစ်တပ်လက်အောက်ခံ အုန်းနှဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေ ထိခိုက်မှုရှိနိုင်တယ်လို့ Yangon Army (YA) အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စလင်းမှာ စစ်တပ် တပ်စွဲထားတဲ့ နေရာတွေအနီး နေထိုင်တဲ့ ပြည်သူတွေ တစ်ပတ်အတွင်း ပြောင်းရွေ့ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက သတိပေးထုတ်ပြန်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းရွာ ရဲစခန်းအပါ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာတွေ အနီး နေထိုင်တဲ့ ပြည်သူတွေ တစ်ပတ်အတွင်း ပြောင်းရွေ့ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက အသိပေး ထုတ်ပြန်ထားပါတယ်။
Read More

စစ်ရေးတင်းမာမှုတွေကြောင့် ပုလော၊ မြိတ်၊ တနင်္သာရီ တလျှောက် ပြည်ထောင်စုလမ်းမကြီးကို မနက် ၆ နာရီမှ ညနေ ၆နာရီအတွင်းသာ သွားလာကြဖို့ NUG (MOD) တနင်္သာရီစစ်ဆင်ရေးဌာန ထုတ်ပြန်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်းက ပုလောမြို့နယ်၊ မြိတ်မြို့နယ်နဲ့ တနင်္သာရီမြို့နယ်တို့မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ကြား စစ်ရေးတင်းမာနေတာကြောင့် အဲဒီမြို့နယ်တွေ တလျှောက်မှာရှိတဲ့ ပြည်ထောင်စုလမ်းမကြီးကို မနက် ၆ နာရီကနေ ညနေ ၆နာရီအတွင်းသာ သွားလာကြဖို့ NUG (MOD) တနင်္သာရီစစ်ဆင်ရေးဌာနက မနေ့က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် အခွင့်အရေးကို ကိုင်စွဲထားပြီး တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိကြောင်း တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုတွေ ခံနေရတဲ့ TNLA ထုတ်ပြန်

တရုတ်နိုင်ငံအစိုးရရဲ့ နယ်စပ်တည်ငြိမ်ရေးနဲ့ တိုက်ပွဲရပ်စဲရေး ကြိုးပမ်းမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ရော စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရတဲ့ ပြည်သူတွေ အကျိုးကို ငဲ့ညှာထောက်ထားပြီးတော့ပါ နှစ်ဖက်စစ်ရေး ပဋိပက္ခတွေ အဆုံးသတ်အောင် တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။