ရခိုင်ပြည်နယ်၊ အမ်း၊ ဂွ၊ တောင်ကုတ်နဲ့ မောင်းတောမြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း ဧရာဝတီတိုင်း အခြေစိုက်တဲ့ တပ်ရင်းတွေ အပို့ခံထားရပြီး တိုက်ပွဲအတွင်းသေဆုံးတာ၊ ထွက်ပြေးတာနဲ့ အရှင်ဖမ်းဆီးခံရမှုတွေကြောင့် ဧရာဝတီတိုင်းထဲက စစ်မှုထမ်းဥပဒေနဲ့ စစ်သင်တန်းတတ်ရောက်နေတဲ့ စစ်သားသစ်တွေ ထပ်မံပို့ဆောင်ပေးနေရတယ်လို့ အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်ကို ဖျာပုံ၊ ဟင်္သာတ၊ ဓနုဖြူ၊ ပုသိမ်၊ မအူပင်၊ အိမ်မဲမြို့က တပ်တွေအပြင် ရန်ကုန်မြို့က လှိုင်သာယာမြို့နယ် အခြေစိုက်တဲ့အကြမ်းဖက်စစ်တပ်တွေ ပို့ခံထားရပြီး ရခိုင်ဒေသမှာ သေဆုံးတာ၊ ထွက်ပြေးတာနဲ့ ဖမ်းဆီးခံထားရတာကြောင့် စစ်မှုထမ်းဥပဒေနဲ့ စစ်သားသစ် စုဆောင်းခံထားရသူတွေကို ချက်ခြင်း စစ်သင်တန်းပေးကာ ပို့ဆောင်နေယ်လို့ ဆိုပါတယ်။
“ဓနုဖြူမြို့အခြေစိုက်တဲ့ အမှတ် ၁၀၈ ခြေမြန်တပ်ရင်းကနေ လူစုပြီး ပို့ပေးတာ၊ ဧရာဝတီတစ်တိုင်းလုံးမှာရှိတဲ့ လေ့ကျင့်ရေးသင်တန်းကျောင်းတွေက စစ်သားသစ်တွေကို ပို့ပေးရတာ အရင် ပုသိမ်တိုင်းစစ်ဌာနချုပ်က ပို့ပေးတာဖြစ်ပေမယ့် အခုစစ်မြေပြင်မှာ အရေးပေါ် စစ်သားလိုအပ်ချက်တွေကြောင့် ဓနုဖြူအခြေစိုက်တပ်ရင်းမှာ လူစုပြီး ပို့ပေးနေတာ” လို့ အမှတ် ၁၀၈ အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
“ဧရာဝတီတိုင်းထဲမှာ အေးချမ်းတယ်ဆိုပေမယ့် အကြမ်းဖက်စစ်တပ်မိသားစုတွေ ရခိုင်ပြည်နယ် တိုက်ပွဲတွေမှာ အသေအပျောက်များနေလို့ ပူဆွေးသောကတွေ ရောက်နေတာ၊ တိုင်းစစ်ဌာနချုပ်က အဲ့ဒီသတင်းတွေ ပျောက်ကွယ်အောင် အပျော်အပါးနဲ့ ပွဲလမ်းသဘင်တွေကို မကြာခဏလုပ်ဆောင်ပေးနေတယ်”လို့လည်း သူက ဆက်ပြောပါတယ်။
ဟင်္သာတမြို့ ခလရ ၁၈ ၊ မအူပင်မြို့ ခလရ ၂၇ ၊ အိမ်မဲမြို့ ခလရ ၆၃ နဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့ ခမရ ၅၃၂ က အကြမ်းဖက်တပ်တွေ စုပြီး ဂွမြို့နယ်ထဲ စစ်ကူလာရောက်ပေမယ့် နိုဝင်ဘာလ ၂၄ရက်နေ့မှာ ရက္ခိုင့်တပ်တော် AA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သံခဲချိုင်ကျေးရွာနဲ့ ကင်းပုံးကျေးရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ၃ ရက်အတွင်း စစ်သားအလောင်း ၁၂၀ ကျော်အပြင် စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း AA က ဒီဇင်ဘာလ ၆ ရက် မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ – AA က သိမ်းဆည်းရမိထားတဲ့ စစ်ကောင်စီတပ်က ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းများ…
0 Shares:
You May Also Like
Read More

စလင်းတွင် စစ်ကြောင်း၂ ခု ခွဲလာသည့် အကြမ်းဖက်စစ်အုပ်စုနှင့် မင်းဘူးခရိုင်တပ်ရင်း ၅ ထိတွေ့မှု ဖြစ်၊ စစ်ကောင်စီဘက်က ၃ ဦး သေပြီး အများအပြား ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ စစ်ကြောင်း ၂ ခု ခွဲပြီး ဝင်ရောက်လာတဲ့အကြမ်းဖက်စ​​စ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြိုင် စက်မှု (၂) ဘက် ထွက်ခွာလာသည့် စစ်အုပ်စု မိုင်းမိပြီး ထိခိုက်သူများ ရှိ

မကွေးတိုင်း၊ မြိုင် စက်မှု (၂) ဘက်ကို ထွက်ခွာလာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းနင်းမိတဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

မင်းကွန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၇ ဦးခန့်သေဆုံးပြီး စစ်ကောင်စီရဲ့ တပ်မ ၃၃ မှ ဒုတပ်မမှူးအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရ 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသမှာ တိုက်ပွဲဖြစ်ပွားနေရာ အကြမ်းဖက်စစ်ကောင်စီရ ခြေမြန်တပ်မ ၃၃ က စစ်သား ၇ ယောက် သေဆုံးပြီး ဒုတပ်မမှူး ဗိုလ်မှူးကြီး ဇင်မျိုးဦးအပါအဝင် စစ်သားအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

Tiger Dragon Revolution Force ရဲဘော်တွေကို တန်းစီလူစစ်ဆေးခြင်းနဲ့ ဝတ်စားဆင်ယင်မှု စစ်ဆေးမှုပုံရိပ်များ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Southern Eagle PDF တပ်ရင်း - P29909 ၊ တပ်ခွဲ(၃) Tiger Dragon Revolution Force မိုင်းထုတ်လုပ်ဖောက်ခွဲရေးနဲ့ တိုက်ခိုက်ရေးတပ်ခွဲ၊ တပ်ခွဲမှူးက အပတ်စဉ် တနင်္လာနေ့တိုင်း တပ်ခွဲရှိ ရဲဘော်တွေကို တန်းစီလူစစ်ဆေးခြင်းနဲ့ ဝတ်စားဆင်ယင်မှုစစ်ဆေးခြင်း မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ခွဲက ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲမှ ဟောင်ဝစ်ဇာအမြောက်များအပါအဝင်လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ (ဓာတ်ပုံသတင်း)

အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အရာရှိများအပါအဝင် စစ်သုံ့ပန်းများနဲ့ ဟောင်ဝစ်ဇာအမြောက်များအပါအဝင်် လက်နက်ခဲယမ်းအမြောက်အများ ဖမ်းဆီးသိမ်းပိုက်ရရှိခဲ့တယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်များအရ သိရပါတယ်။
Read More

စစ်အသုံးစရိတ် အလွန်အကျွံသုံးပြီး တိုင်းပြည်ဘဏ္ဍာ အိတ်ကပ်ထဲထည့်နေတဲ့ စစ်ကောင်စီက ကျောင်သုံးဖတ်စာအုပ်တွေကို လက်ဆင့်ကမ်းစနစ် ကျင့်သုံးမယ်လို့ဆို

နိုင်ငံရဲ့ စစ်အသုံးစရိတ်တွေကို တိုးမြှင့်သုံးစွဲနေတဲ့အပြင် ရသမျှ ဘဏ္ဍာငွေ ကိုယ့်အိတ်ကပ်ထဲ ထည့်နေတဲ့ စစ်ကောင်စီက လာမယ့် ပညာသင်နှစ်ကစလို့ ကျောင်းသုံးဖတ်စာအုပ်တွေကို လက်ဆင့်ကမ်းစနစ်နဲ့ ကျင့်သုံးသွားမယ်လို့  စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပညာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ပါတယ်။