ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် (ပ.က.ဖ) မှာ တာဝန်ထမ်းဆောင်ခဲ့ကာ မြိုင်မြိို့နယ်လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲဆင်နွှဲချိန် အသက်ပေးလှူခဲ့ရတဲ့ ရဲဘော်တွေရဲ့ တစ်နှစ်ပြည့် အမှတ်ရဖွယ် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ရေစကြိုမြို့နယ် (ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
အခမ်းအနားမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အလံတော်ကို အလေးပြုခြင်း၊ ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေကို အလေးပြုခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်(ပ.က.ဖ) မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် (၁၈) ယောက်ကို ဂုဏ်ပြုအလေးပြုခြင်း၊ လင်းကတောနယ်မြေခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေ တစ်နှစ်ပြည့်ခြင်းအတွက် အလံတစ်ဝက်လွှင့်ထူ တစ်မိနစ်ငြိမ်သက်ခြင်း အခမ်းအနားတို့ကို ရေစကြိုမြို့နယ်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ကနီမှာ လူထုတွေ့ဆုံပွဲနှင့် လေကြောင်းအန္တရာယ် အသိပညာပေးပွဲများ ပြုလုပ် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း တစ်နေရာမှာ ကနီမြို့နယ် ပြည်သူ့အခြေပြု ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ပြည်သူလူထုနဲ့အတူ မျက်မှောက်တော်လှန်ရေးအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီက အပစ်ရပ်ကာလနောက်ဆုံးရက်မှာ မိုးကုတ်ကို လေကြောင်းကနေ ပေါင်(၂၅ဝ) ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က အပစ်ရပ်ကာလ နောက်ဆုံးရက်မှာ လေကြောင်းကနေ ပေါင်(၂၅ဝ)ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့် အခမ်းအနားကို ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းရှိ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့်အခမ်းအနားကို မတ်လ ၂၈ ရက် မနေ့က ကနီမြို့နယ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ABSDF မကွေးတိုင်းဆက်ဆံရေးရုံးမှ Gender, CEDAW, Women Peace and Security (WPS) ‎အမြင်ဖွင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် စစ်ဘေးရှောင်စခန်းတစ်နေရာမှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မကွေးတိုင်းဆက်ဆံရေးရုံးက Gender, CEDAW(The Convention on the Elimination of All Forms of Discrimination Against Women), Women Peace and Security (WPS) အမြင်ဖွင့် အလုပ်ရုံဆွေးနွေးပွဲကို (၃)ရက်တာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

တီးတိန်အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ… (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တီးတိန်မြို့အခြေစိုက် တပ်ရင်းစခန်းကနေ ဒုတပ်ကြပ် ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ PDF ZOLAND က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကူမရတာကြောင့် စစ်ကောင်စီတပ်များ ဆုတ်ခွာတော့မည်ဟု သတင်းထွက်နေသည့် ညောင်ကျိုးစခန်း 

ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်း နယ်စပ်မှာရှိတဲ့ ညောင်ကျိုးစခန်းကို စစ်ကောင်စီတပ်တွေက စစ်ကူ ထပ်မပို့နိုင်တော့တာကြောင့် အဲဒီစခန်းကို လက်လွှတ်လိုက်တော့မယ် အခြေအနေ ဖြစ်နေတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။