ပျူစောထီးခေါင်းဆောင် မင်းမင်းကို သုတ်သင်ရှင်းလင်းခဲ့တဲ့ တော်လှန်ရေးရဲဘော် ၄ ယောက်ကို အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့နဲ့ ငြိစွန်းနေတဲ့အတွက် ထောင်အချုပ် ၁ နှစ်စီ ချမှတ်ခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်( မကွေးတိုင်းအရှေ့ခြမ်း) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
နိုဝင်ဘာ ၂၉ ရက် ၊ မွန်းလွဲပိုင်းက နေပြည်တော်- ကံပြားလမ်းပိုင်းတစ်နေရာက ကြက်ဝိုင်းတစ်ခုကို ရောက်ရှိလာတဲ့ ပျူစောထီး မင်းမင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ယောက်က စစ်ရေးပစ်မှတ်အဖြစ် ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။
အဲ့ဒီရှင်းလင်းမှုမှာ မင်းမင်းနဲ့အတူ တပည့်ဖြစ်သူတို့သေဆုံးသွားခဲ့သလို မင်းမင်းရဲ့ ဦးခေါင်းကို ဖြတ်တောက်ပြီး ခြေထောက်နဲ့ ကန်ကျောက်နေတဲ့ ဗီဒီယိုမှတ်တမ်းတစ်ခု လူမှုကွန်ရက်မီဒီယာစာမျက်နှာတွေမှာ ထွက်ပေါ်လာခဲ့ရာ အဓိကတာဝန်ရှိတဲ့ ရဲဘော် ၄ ယောက်ကို အခုလို အပြစ်ပေး အရေးယူခဲ့တာလို့လည်း သိရပါတယ်။
“ဟုတ်ကဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်တဲ့အခါမှာ ဒေါက်တိုင်အဖြစ် ရပ်တည်နေတဲ့မည်သူမဆို ရှင်းလင်းလို့ရပါတယ်။ သတ်လို့ရပါတယ်၊ သေသွားပြီဆိုရပါပြီ။ သို့သော်လည်း ခန္ဓာကိုယ်အစိတ်ပိုင်းတွေကို ဖြတ်တောက်ပြီး သူတို့ရဲ့ကိုယ်ပိုင်အကောင့်ကနေ လူမှုကွန်ယက်ပေါ်တင်သည့်အတွက် ကျွန်တော်တို့ခုံရုံးဖွဲ့စစ်ဆေးရာမှာ IHL,,IHR နဲ့ညိစွန်းနေတာကိုတွေရှိရသည့်အတွက် ယခုလို အပြစ်ပေးရခြင်းဖြစ်ပါတယ်ခင်မျာ” လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်( မကွေးတိုင်းအရှေ့ခြမ်း) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
ဖြစ်စဥ်အတွင်း ပျူစောထီးမင်းမင်းကိုသာ ရှင်းလင်းဖို့ ရည်ရွယ်ခဲ့ပေမယ့်လည်း မင်းမင်းရဲ့သက်တော်စောင့် ဖြစ်သူတွေကပါ ဝင်ရောက်ခုခံခဲ့သလို အခင်းနေရာ ပတ်ဝန်းကျင်အခြေအနေကြောင့် သေနတ်သုံးခွင့်မရခဲ့ဘဲ ဓားနဲ့သာ အပြန်အလှန်ခုတ်ခဲ့ရမှာ မင်းမင်းရော တပည့်ဖြစ်သူပါ သေဆုံးသွားတာလို့လည်း ရဲဘော်တွေက ထွက်ဆိုထားပါတယ်။
” ဒီလိုကိစ္စရပ်မျိုးက ကျွန်တော်တို့သွားချင်တဲ့၊ သွားမှာဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ရဲ့ပုံရိပ်ကို ကျဆင်းစေပါတယ်။ ဒါကြောင့်မို့လို့ NUG မှရယ်လို့မဟုတ်ပါဘူး။ အာဏာရှင်စနစ်ကို တိုက်ထုတ်နေတဲ့မည်သည့်အဖွဲ့စည်းမဆို လုပ်ဆောင်ရမယ့်၊ လိုက်နာကျင့်သုံးရမယ့် ကိစ္စပဲဖြစ်ပါတယ်။” လို့ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်( မကွေးတိုင်းအရှေ့ခြမ်း) တာဝန်ရှိသူက ဆက်ပြောပါတယ်။
လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထွက်ပေါ်လာတဲ့ မှတ်တမ်းဗီဒီယိုတွေအရ ဒီလုပ်ရပ်ဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့နဲ့ ငြိစွန်းနေတဲ့အတွက် အခုလိုအရေးယူခဲ့တာဖြစ်ပြီး နောက်နောင်ဆင်ခြင်သွားမယ်လို့လည်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်( မကွေးတိုင်းအရှေ့ခြမ်း) ဆိုထားပါတယ်။
ပုံစာ – ရှင်းလင်းခံခဲ့ရတဲ့ ပျူစောထီး မင်းမင်း

0 Shares:
You May Also Like
Read More

တရုတ်ရဲ့ ဖိအားပေးမှုဖြင့် TNLA နှင့် အကြမ်းဖက်စစ်ကောင်စီ ကူမင်းမှာ တွေ့ဆုံမယ်…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA ရဲ့ ကိုယ်စားလှယ်တွေဟာ တရုတ်နိုင်ငံရဲ့ စီစဉ်မှုအရ အကြမ်းဖက်စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့အတွက် ဖေဖော်ဝါရီလ ၁၅ ရက် ဒီနေ့မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ကို ရောက်ရှိနေပြီဖြစ်တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
Read More

ကျုံပျော်မှာ စစ်တပ်က စစ်ဗျူဟာ လာထိုင်ပြီး စက်တပ်လေထီး လေ့ကျင့်စဉ် စစ်သားတစ်ယောက် သစ်ကိုင်းနဲ့ရိုက်မိကာ ခြေထောက်ကျိုး

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်က စစ်ဗျူဟာ လာထိုင်ပြီး စက်တပ်လေထီး လေ့ကျင့်မောင်းနှင်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ မနေ့က ဇန်နဝါရီ ၁၄ ရက်နေ့မှာ လေ့ကျင့်မောင်းနှင်နေတဲ့ အကြမ်းဖက်စစ်သားတစ်ယောက် သစ်ကိုင်းနဲ့ ရိုက်မိပြီး ခြေထောက်ကျိုးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

မြေလတ်အသံ သတင်းထောက် ကိုသန်းထိုက်မြင့် ထောင်ဒဏ် ၅ နှစ်ချခံရ

မြေလတ်အသံသတင်းဌာနရဲ့ သတင်းထောက်ဖြစ်သူ ကိုသန်းထိုက်မြင့်ကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တယ်လို့ သူနဲ့ အလုပ်အတူ တွဲလုပ်ဖူးသူ လုပ်ဖော်ကိုင်ဖက်တွေထံက သိရပါတယ်။
Read More

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် NLD အစိုးရလက်ထက် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို Laszlo Z. Bito ဆု ချီးမြှင့်

အမေရိကန်ပြည်ထောင်စု၊ Bard ကောလိပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ဗဟိုဘဏ်ဒုတိယဥက္ကဌ တာဝန်ယူခဲ့တဲ့ ဦးဘိုဘိုငယ်ကို လူသားအကျိုးဆောင်ရွက်မှုအတွက် Laszlo Z. Bito ဆု ချီးမြှင့်လိုက်တယ်လို့ မေလ ၂၄ ရက် မနေ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်း PDF တွေ ဝင်မလာအောင် ပြည်သူတွေ စောင့်ကြည့်ပေးဖို့ လိုတယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ညွှန်ကြား

ခုခံတွန်းလှန်စစ်တွေ ပြင်းထန်နေတဲ့  စစ်ကိုင်းတိုင်းမှာ PDF တွေဝင်မလာစေဖို့ ပြည်သူတွေအနေနဲ့ စောင့်ကြည့် သတင်းပေးကြဖို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုချုပ် စိုးဝင်းက ပြောကြားလိုက်ပါတယ်။