မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ လူ့အခွင့်ရေးရာတာ၀န်ခံ တို့ ဦးဆောင်ပြီး ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ (၇) ရက် ဒီနေ့မှာ အဲ့ဒီလူထုလှုပ်ရှားမှုအဖြစ် ဂန့်ဂေါမြို့နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့တွေနဲ့ စာသင်ကျောင်းတွေမှာ “လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” ခေါင်းစဉ်နဲ့ လူ့အခွင့်ရေးရာ ဟောပြောပွဲနဲ့ လူ့အခွင့်အရေး အသိပညာပေး လက်ကမ်းစာစောင်တွေ ဝေငှခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့သည့်အပေါ် MDY-PDF ထောက်ခံကြိုဆို

တအာင်းပြည်နယ် နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲကြီးကနေ တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် ထောက်ခံကြိုဆိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်၊ ဟင်္သာကြီးကျေးရွာ ပျူစောထီးစခန်းအပါ စစ်ကောင်စီ အထိုင်စခန်း (၃)ခု ကို တပြိုင်တည်း တိုက်ခိုက်၊ အရာခံဗိုလ်အပါ စစ်သား ၂၀ ကျော် သေဆုံး

စစ်ကိုင်းတိုင်း၊ ဟင်္သာကြီးကျေးရွာ ပျူစောထီးစခန်းအပါအဝင် စစ်ကောင်စီ အထိုင်စခန်း (၃)ခု ကို တပြိုင်တည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာခံဗိုလ်အပါအဝင် အယောက် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-ရေဦးလမ်းပိုင်းမှာ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဘုတလင်မြို့ပေါ်သို့ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို မုံရွာ-ရေဦးလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Ba Thu Kyawal Column အဖွဲ့ထံက သိရပါတယ်။
Read More

အုတ်ဖိုမှာ စစ်ကောင်စီ ရွာတချို့ကို ရှေ့နောက်ပိတ်ပြီး ပေါ်တာဆွဲ၊ သားသမီး မရှိတဲ့ အမျိုးသမီးတွေကိုပါ ဖမ်းဆီးနေ၊ ရွာလုံးကျွတ် ထွက်ပြေးနေကြရ

ပဲခူးတိုင်း၊ အုတ်ဖိုမှာ စစ်ကောင်စီတပ်တွေရဲ့ ပေါ်တာဆွဲ ဖမ်းဆီးနေမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရမှုတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ရွှေကျင်မြို့နယ်တွင် စစ်တပ်၏ ဒရုန်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ပြည်သူ (၁) ဦး သေဆုံး၊ (၂) ဦး ဒဏ်ရာရကာ နေအိမ် (၁) လုံး ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက ကယားပြည်နယ်နေ့ ကျင်းပပြီး နောက်တစ်နေ့ စစ်ရှောင်စခန်းကို ဗုံးကြဲ၊ စစ်ဘေးရှောင်မောင်နှမ အပါအဝင် ၃ ယောက် သေဆုံး

ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်းက စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Loikaw Local PDF ထံက သိရပါတယ်။