မကွေးတိုင်း ရေစကြိုမြို့နယ် တောင်အိုတာတိုင်စစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးပူးပေါင်းအင်အား ၈၀ ခန့်ဟာ ဒီဇင်ဘာ ၁ ရက်က ကမ္ဘဲ့ကျေးရွာသို့ စစ်ကြောင်းထိုးလာပြီး အရပ်သားပြည်သူတွေရဲ့ နေအိမ်ရှိ တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီး နေတဲ့အတွက် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါ တယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ဒီဇင်ဘာ ၄ ရက်၊ ၅ ရက်နဲ့ ၆ ရက် ၃ ရက်ဆက်တိုက် ကမ္ဘဲ့ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ထန်းဆယ်ပင်ကျေးရွာနဲ့ ကံသစ်ကျေးရွာတွေရှိ အရပ်သားနေအိမ် တွေကို ဝင်ရောက်ရှာဖွေကာ တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ရေစကြိုမြို့ပေါ်ကနေ လက်နက်ကြီးပစ်ကူပေးမှုကြောင့် ဒေသခံအရပ်သားအချို့ သေဆုံးဒဏ်ရာရရှိခဲ့ ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးရဲဘော် ၂ ယောက် စီးနင်းလာတဲ့ ယာဉ်ကို အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေက ခြုံခိုတိုက်ခိုက်ခဲ့ပြီး ရဲဘော် ၁ ယောက် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါ တယ်။ ရဲဘော် ၂ ယောက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေထံက လွတ်မြောက်ခဲ့ပေမယ့် ယာဉ်ပေါ်ရှိ Glock 38 ပစ္စတို ၁ လက်၊ အီနာဂါဗုံးသီးအလုံး ၄၀ ခန့်နဲ့ ငွေသားသိန်း၄၀ကျော် ဆုံးရှုံး ခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆီမီးထွန်းရင်း အမှောင်တိကျခဲ့ရသည့် ချောင်းဦးဖြစ်စဉ်က အပြစ်မဲ့ပြည်သူများ (ရုပ်သံ)

‎ပြီးခဲ့တဲ့ ၂၀၂၅၊ အောက်တိုဘာလ ၆ ရက်သီတင်းကျွတ် လပြည့်ည၊ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ကျေးရွာတရွာမှာ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ရိုးရာမပျက် ဆင်နွှဲရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက် လှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ပါတယ်။
Read More

စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်ရေး တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ ရုပ်သံမှတ်တမ်း စစ်ကိုင်းခရိုင်တပ်ရင်း-၃ ထုတ်ပြန်

စစ်ကိုင်းခရိုင်တပ်ရင်း-၃ မှာ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်ရေး တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေရဲ့ ရုပ်သံမှတ်တမ်းကို နိုဝင်ဘာ ၈ ရက်မနေ့ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီတပ်က ဇီးဖြူကုန်းပျူစခန်းအတွက် လေကြောင်းကနေ ချပေးတဲ့ ပိုးကျဆန်ရိက္ခာတွေ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဇီးဖြူကုန်းပျူစခန်းအတွက် အကြမ်းဖက်စစ်ကောင်စီတပ်က  Y8 လေယာဥ်နဲ့  ချပေးတဲ့ ပိုးကျဆန်ရိက္ခာတွေ ကြားဖြတ်သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၁၀ ယောက်သေဆုံးခဲ့ရပြီး ၂၀ ကျော်ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကို နိုဝင်ဘာ ၃၀ ရက် မနေ့ညပိုင်းက လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၁၀ ‌ယောက်သေဆုံးခဲ့ရပြီး ၂၀ ကျော်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေပြီး ၄ ဦးဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက် ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း၂ -P2 3402မှ သတင်း ထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက တနင်္သာရီမြို့နယ် ခြောက်မိုင်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။