ရန်ကုန်တိုင်း ၊ မှော်ဘီမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်မှုမှာ လေတပ်အရာရှိ ၃ ယောက်အပါဝင် ၁၅ ယောက်သေပြီး လေယာဥ် ၂ စင်း၊ ပြေးလမ်းနဲ့ အဆောက်အအုံတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ Brave Warriors For Myanmar -BWM က သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၆ ရက်၊ မနေ့က ညပိုင်းမှာ စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်းဝန်းထဲက Y-12 တိုက်ခိုက်ရေးစစ်လေယာဥ်တွေ ထားရှိရာ လေယာဥ်ရုံ (Hangar) ကို ပစ်မှတ်ထားပြီး တော်လှန်ရေးအဖွဲ့တွေ​က ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
ပစ်ခတ်မှုအောင်မြင်တဲ့အတွက် Y-8 ထောက်ပို့စစ်လေယာဥ်နဲ့ Y-12 တိုက်ခိုက်ရေးစစ်လေယာဥ် ၁ စင်းစီ ထိခိုက်ပျက်စီးခဲ့ပြီး ဂိုဒေါင်၊ ပြေးလမ်း နဲ့ စီမံခန့်ခွဲရုံးတွေပါ မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် လေတပ်အရာရှိ ၃ ယောက်နဲ့ စစ်သည် ၁၂ ယောက် သေဆုံးခဲ့ပြီး လေတပ်စီမံခန့်ခွဲရေးလေအုပ်မှူးကြီးအပါအဝင် အရာရှိ ၂ ယောက်နဲ့ အခြားအဆင့်စစ်သည် ၅ ယောက် ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တယ်လို့ Brave Warriors For Myanmar -BWM က ပြောပါတယ်။
” ထိခိုက်သေဆုံးက ( ဖော်ပြထားသလို) ဟုတ်ပါတယ်။ ပျက်စီးသွားတဲ့ ဂိုဒေါင်ကတော့ လေယာဥ်အထွေထွေ(စက်) ပစ္စည်းတွေ ထားရှိတဲ့ ဂိုဒေါင်လို့ယူဆရပါတယ်ခင်ဗျ။ နောက်ပြီးစီမံကွပ်ကဲရေးရုံးလို့ပြောတဲ့ အဆောက်အဦးလည်း ပျက်စီးပါတယ်” လို့ Brave Warriors For Myanmar -BWM အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို Brave Warriors For Myanmar -BWM နဲ့ Shadow SAF အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး BWM ရဲ့Mission 25 အဖြစ်လည်းကောင်း Shadow SAF အဖွဲ့ရဲ့ Urban Special Operation -U.S.O အဖြစ်ပါ ဖော်ဆောင်ခဲ့တာလို့ သိရပါတယ်။
” မနေ့ညက ကျနော်တို့ပစ်လိုက်တဲ့ ရှော့တိုက် ၁၀၇ မမတွေရဲ့လက်ကကမ်း အကွာကနေရာတွေကို သူတို့လိုက်စစ်ပါတယ်။ ပျူစောထီးတွေကိုလည်း အနီးအနားရွာတွေကို ပိတ်ဆို့ပြီး လိုက်စစ်ခိုင်းတယ်လို့သိရတယ်။ အဓိကကတော့ ရဲဘော်တွေရဲ့ ဝင်လမ်းထွက်လမ်းတွေကို ပိတ်ချင်တဲ့ သဘောပါပဲ , မသင်ကာရင် ဖမ်းထားဖို့ပေါ့။” လို့ Shadow SAF တာဝန်ရှိသူက ဆက်ပြောပါတယ်။
မှော်ဘီလေတပ်စခန်းဟာ ကရင်နီပြည် အပါအဝင် မွန် ၊ ကရင်နဲ့ တနင်္သာရီကမ်းရိုးတန်းက အရပ်သားပြည်သူတွေဆီ အဓိက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နေတဲ့ လေတပ်စခန်း ဌာနချုပ်ဖြစ်သလို တရုတ်ကလာတဲ့ စစ်လက်နက်ပစ္စည်းအားလုံးထားရာ အထိုင်စခန်းလည်း ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတစ်ဝှမ်းက အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဥ်နဲ့အမျှ ခြိမ်းခြောက်ဖျက်ဆီးနေတဲ့ စစ်ရှုံးကောင်စီရဲ့လေတပ်စခန်းတွေ အားနည်းချိနဲ့ပြိုလဲစေရေးအတွက် လေတပ်ပြိုမစ်ရှင်တွေကို မဟာမိတ်အဖွဲ့တွေနဲ့အတူ တစ်စိုက်မတ်မတ် လုပ်ဆောင်သွားမယ်လို့လည်း Brave Warriors For Myanmar -BWM ကပြောပါတယ်။
ပုံစာ – အသုံးပြုခဲ့တဲ့ ရှော့တိုက်ဒုံးများ
0 Shares:
You May Also Like
Read More

TNLA က တရားဥပဒေစိုးမိုးရေး (အခြေခံပုလိပ်သင်တန်း) အပတ်စဉ် (၅) သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ ဒေသတစ်နေရာမှာ တရားဥပဒေစိုးမိုးရေး (အခြေခံပုလိပ်သင်တန်း) အပတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ ၈ ရက်မှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ကော်သူးလေခရိုင်အတွင်း စစ်ဘေးရှောင်ပြည်သူများ၏ နှစ်ဝက်စာ စားနပ်ရိက္ခာအတွက် ကန်ဒေါ်လာ သန်း ၁၀၀ ကျော် လိုအပ်နေဟု ဆို

“ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) သည် ကော်သူးလေခရိုင်အားလုံးရှိ စစ်‌ရှောင်ပြည်သူ များအတွက် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီအား အရေးတကြီးတိုးမြှင့်ပေးရန် တောင်းခံနေ ပါသည်။ စစ်ရှောင်ပြည်သူ စုစုပေါင်း ၁၂၀၄၉၃၂ ဦး အတွက် ခြောက်လစာ ဆန်ထောက်ပံ့ပေးရန် ခန့်မှန်းခြေကုန်ကျ စရိတ်မှာ အမေရိကန်ဒေါ်လာ ၁၁၁ သန်း ဖြစ်သည်” လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
Read More

ဆောမှာ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်သား ၃ ယောက်ကို ဖမ်းဆီးရမိ

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်မှာ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဗျူဟာအမှတ် ၈၁ ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။
Read More

ရဲဘော်တွေ ကျင့်ဝတ်ဖောက်ဖျက်ရင် တိုင်ကြားနိုင်တယ်လို့ အမှတ် (၁၂၂၂) တပ်ရင်း ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၂၂၂) တပ်ရင်းက ရဲဘော်တွေ ပြည်သူထုအပေါ် ကျင့်ဝတ်ဖောက်ဖျက်ရင် လာရောက်တိုင်ကြားနိုင်ကြောင်းကို ထုတ်ပြန်ကြေညာပါတယ်။
Read More

ညောင်လေးပင်ခရိုင် အတွင်းကို စစ်အုပ်စု လက်နက်ကြီးပစ်ခတ်၍ ပြည်သူ ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း ၊ ညောင်ပေးပင် ( ခလယ်လွီထူ)ခရိုင်ထဲကို အကြမ်းဖက်စစ်တပ် လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ KNU ‌ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ၊ စစ်မှုထမ်းအပတ်စဥ် (၈) သင်တန်းဆင်း၊ တပ်သားတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီတပ်၊ ခမရ (၄၃၁) မှ တပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၃) ထံကို အလင်းဝင်ရောက် လာတယ်လို့ တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။