ပဲခူးတိုင်း၊ အုတ်ဖိုမြို့မှာ ပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က နေအိမ်တွေမှာ လာရောက်ခေါ်ဆောင်ကာ သတ်ဖြတ်လိုက်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အသတ်ခံရသူတွေကတော့ အုတ်ဖိုမြို့နယ်၊ ချောင်းခွကျေးရွာက ဦးကုလား၊ ဦးခင်စိုး၊ ဦးမင်းလွင်နဲ့ ဦးစိုးကြီး တို့ဖြစ်တယ်လို့ ကနဦးသိရပါတယ်။
ဒီဇင်ဘာလ ၆ ရက် မနေ့က ညနေပိုင်းမှာ အဲ့ဒီဒေသခံ ၄ ယောက်ကို စစ်ကောင်စီတပ်တွေက အရပ်ဝတ်တွေနဲ့ နေအိမ်တွေကနေ လာရောက်ခေါ်ဆောင်သွားပြီးနောက် နောက်တစ်ရက် ဒီကနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းမှာတော့ ချောင်းခွကျေးရွာအုပ်စု၊ သဲကုန်းရွာ အနီးက လမ်းမပေါ်မှာ အလောင်းတွေကို လာရောက် ပစ်သွားတာဖြစ်တယ်လို့ သိရပါတယ်။
“လာဖမ်းတာက ညနေပိုင်းမှောင်စပြုနေတဲ့ အချိန်ပဲ။ သေနတ်ပါတယ်။ အရပ်ဝတ်တွေနဲ့ .. အိမ်စီးကားနဲ့ပဲ လာကြတာ။ ကားက လူနာတင်ယာဉ်လိုကားမျိုး.. ကျွန်တော် ကားအမည်ကိုတော့ ခေါ်မတတ်ဘူး။ တကယ်တော့ သူတို့လာဖမ်းတာ ၆ ယောက်။ အဲ့မှာ ၂ယောက်က နေမကောင်းလို့ ဆေးခန်းသွားပြနေတော့ ၄ ယောက်ပဲရှိတာ။ အဲဒီ ၄ယောက်ကိုပဲ ဖမ်းသွားတယ်။ ဖမ်းခံရတဲ့ ၄ယောက်လုံးက တစ်ရွာတည်းမှာနေထိုင်သူတွေ။ အမျိုးတွေတော့ မဟုတ်ပါဘူး။ “ လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
အသတ်ခံရသူ ၄ ယောက်ဟာ အာဏာမသိမ်းခင် ကာလမှာတုန်းက NLD ပါတီကို ထောက်ခံသူတွေ ဖြစ်ပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ လယ်ယာလုပ်ကိုင်ကာ ရိုးရိုးသားသားရှာဖွေ စားသောက်နေကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ဒေသခံကပဲ ဆက်လက်ပြီး “သူတို့ ပစ်သတ်လိုက်တာက မနက် ၂ နာရီလောက် အချိန်ကပဲ။ သေနတ်ပစ်သံကို တရွာလုံးကြားလိုက်တယ်။ မနက်ကျတော့ လမ်းမှာ အဲဒီအတိုင်းတွေ့တာပဲ။” လို့ ဆက်ပြောပါတယ်။
ဒါပေမယ့် စစ်ကောင်စီလော်ဘီချန်နယ်တွေကတော့ အဲ့ဒီ ၄ ယောက်ကို ဖမ်းဆီးသတ်ဖြတ်လိုက်တာက PDF တွေဖြစ်တာကြောင့်လို့ သတင်းလွှင့် ပြောဆိုနေတာကို တွေ့ရပါတယ်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားကတော့ “ကျွန်တော်တို့ ဒီပြစ်မှုကို ကျူးလွန်ခဲ့သူတွေကို အသေးစိတ် အချက်အလက်တွေကို စုံစမ်းနေပါတယ်။ ထိရောက်တဲ့ အရေးယူမှုကို ပြန်ပြီး လုပ်ဆောင်သွားပါမယ်။ စစ်တပ်က သာမာန်ပြည်သူတွေကို ကိုယ့်ဘာကိုယ်ဖမ်းပြီး သတ်ပြီးတော့ PDF တွေကို လွဲချတာက ယုတ်မာအောက်တန်းကျတဲ့ လုပ်ရပ်တွေပါ။ သူတို့ရဲ့ လုပ်ရပ်အတိုင်း ပြန်ခံရမယ်။” လို့ ပြောပါတယ်။
0 Shares:
You May Also Like
Read More

နာမည်ကျော် အဆိုတော် မာရဇ္ဇ ကွယ်လွန်

ကိုယ်ပိုင်သံစဉ် သီချင်းတွေနဲ့ နာမည်ကျော်တဲ့ အဆိုတော် မာရဇ္ဇဟာ ဇန်နဝါရီလ ၂၃ ရက် မနေ့ညက ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
Read More

၇ ယောက် သေဆုံးခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စု ဥက္ကံကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ် ဥက္ကံကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလ (၃၀)ရက် နေ့လယ်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ ဖြစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မြို့နယ် ကြားကာလပညာရေးကျောင်းမှာ ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးတိုက်နယ်အတွင်း ဒီဇင်ဘာလ ၅ ရက်က ၂၀၂၄/၂၀၂၅ ပညာသင်နှစ်အတွက်  ပညာရည်ချွန်ဆုပေးပွဲကို ကြားကာလပညာရေးကျောင်း ၁ ကျောင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စု ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီး၊ အဆိုပါနေအိမ်ကို မီးငြှိမ်းသတ်နေချိန် လက်နက်ကြီးထပ်မံကျရောက်လို့ ပကဖရဲဘော် ဇနီးမောင်နှံအပါ ၄ ဦး ကျဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်နေတဲ့ နေအိမ်ကို မီးငြှိမ်းသတ်ရင်း စစ်ကောင်စီတပ်က လက်နက်ကြီး ထပ်မံပစ်ခတ်ခဲ့ရာ ပကဖ ရဲဘော် ဇနီးမောင်နှံအပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ) ထံက သိရပါတယ်။
Read More

ကျောက်မဲမြို့ထဲ အကြမ်းဖက်စစ်တပ် မီးလောင်ဗုံးများ ကြဲချရင်း ထိုးဖောက်ဝင်ရောက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ထဲကို စစ်ကော်မရှင်တပ်တွေ ထိုးဖောက်ဝင်ရောက်နေပြီး တအာင်းတပ်မတော် TNLA ရှိမယ်လို့ထင်တဲ့ နေရာတွေကို ဒရုန်းတွေနဲ့ မီးလောင်ဗုံးတွေ အသုံးပြု တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရွေးကောက်ပွဲကို ဒီဇင်ဘာနှင့် ဇန်နဝါရီမှာ အပိုင်း ၂ ပိုင်းခွဲကျင်းပဖို့ ရည်ရွယ်ထားဟု မင်းအောင်လှိုင် ပြော

စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ အပိုင်း ၂ ပိုင်းခွဲပြီး ကျင်းပသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။ မတ်လ ၂၅ ရက် မနက်ပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ အစည်း အဝေးမှာ ထည့်သွင်းပြောကြားလိုက်တာပါ။