ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့ကို စစ်ကူလာတဲ့ အင်အား ၃၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က အလောင်း ၂၂၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။
အမ်းဒေသအတွင်းမှ ရန်သူ့စခန်းများကို မိမိတို့မှ ထိုးစစ်ဆင်တိုက်ခိုက်နေသော တစ်ပြိုင်နက်တည်းတွင် ရန်သူသည် ရခိုင်ရိုးမဘက်မှ စစ်ကူများကို ရဟတ်ယာဉ်များဖြင့် အကြိမ်ကြိမ်ပို့ဆောင်ပြီး ဖြည့်တင်းရန်ကြိုးစားနေခဲ့သော်လည်း အာရက္ခတပ်တော်မှ အဆင့်ဆင့် ဖြတ်တောက် ပိတ်ဆို့ထားနိုင်ခဲ့သောကြောင့် ရန်သူ့စစ်ကူ စစ်ကြောင်းများမှာ သုံးရက်အတွင်း စစ်ကြောင်းတစ်ခုလုံး အချေမှုန်းခံရသောအဆင့်သို့ရောက်ရှိခဲ့ရသည်။
အမ်းမြို့ကို စစ်ကူပေးဖို့တက်လာတဲ့ တပ်မ (၈၈) လက်အောက်ခံ၊ ခမရ (၃၁၇)၊ ခမရ (၄၁၅)၊ ခမရ (၄၁၆) စတဲ့ တပ်ရင်း ၃ ရင်းနဲ့ စုပေါင်းထားပြီး အင်အား (၁၃၀) ခန့် ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းကို နိုဝင်ဘာလ (၂၈) ရက် မနက်ပိုင်းမှာ အမ်းမြို့ မြောက်ဘက်၊ ရိုးတောင်လမ်းမထက် တစ်နေရာမှာ AA က စတင်ဖြတ်တောက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
သုံးရက်နီးပါး ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်မှုအပြီး နိုဝင်ဘာလ (၃၀) ရက် မွန်းလွဲပိုင်းမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်က အလောင်း စုစုပေါင်း (၁၀၀) ကျော်နဲ့ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းအချို့ကိုလည်း လက်ရဖမ်းဆီးရမိခဲ့သလို ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားအချို့ကိုလည်း လိုက်လံရှင်းလင်း တိုက်ခိုက်နေတယ်လို့ AA ​က ဆိုပါတယ်။
ဒါ့အပြင် ဂွမြို့ ဘက်မှာလည်း စစ်ကူတက်လာတဲ့ အကြမ်းဖက် စစ်ကြောင်းတစ်ခုကို နိုဝင်ဘာလ (၂၄) ရက်က စတင်ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ ဂွမြို့နယ်၊ သံခဲချိုင်ကျေးရွာကမ်းခြေအနီးနဲ့ သံခဲချိုင်ကျေးရွာနဲ့ ကင်းပုံကျေးရွာအကြား စတဲ့နေရာတွေမှာ ၃ ရက်အတွင်း အပြတ်အသတ် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
AA သိမ်းဆည်းရမိတဲ့ စစ်ကောင်စီ ရန်သူ့အလောင်း (၁၂၀) ကျော်၊ စစ်သုံ့ပန်းအချို့နဲ့ လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းတွေအရ အကြမ်းဖက်စစ်ကြောင်းမှာ အင်အား (၁၈၄) ယောက် ပါဝင်ခဲ့ပြီး ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊ မအူပင်မြို့အခြေစိုက် ခလရ (၅၁) တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ (၆၃) တပ်ရင်းနဲ့ ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ (၅၃၂) တပ်ရင်းတို့ ဖြစ်ပြီး တပ်ရင်း (၅) ရင်းစုပေါင်းထားတဲ့ စစ်ကြောင်းတစ်ခုလည်းဖြစ်တယ်လို့ AA က ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ လေကြောင်း၊ ရေကြောင်း၊ Suicide Drone မောင်းသူမဲ့ အသေခံဒရုန်းတွေ အသုံးပြုပြီး အသည်းအသန် ခုခံကာကွယ်နေတဲ့ကြားက အပြတ်အသတ် ချေမှုန်း တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့လည်း AA က ဆိုပါတယ်။
အဲ့ဒီ စစ်ကူစစ်ကြောင်းကနေ အစုလိုက်၊ အစုလိုက်ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားတွေကို လိုက်လံ ရှင်းလင်းတိုက်ခိုက်နေသလို ဂွမြို့ရဲ့ အခြားနေရာတွေမှာ ရှိနေတဲ့ စစ်ကောင်စီတပ်ကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ (၆) ရက်မှာလည်း အမ်း၊ တောင်ကုတ်၊ ဂွ နဲ့ မောင်တောမြို့တွေက အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေကို AA က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေခဲ့သလို ထိုးစစ်တွေ အတွင်း ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့တဲ့ အာရက္ခစစ်သည်တော်တွေနဲ့ ပေးဆပ်စွန့်လွှတ်ခဲ့တဲ့ အာရက္ခစစ်သည်တော်တွေကိုလည်း လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုကြောင်း AA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ကလေးဒေသမှာ စစ်မှုထမ်းစုဆောင်းခံရသည့် လူငယ်အများစု ချင်းနှင့်ရခိုင် စစ်မျက်နှာတွေဆီ ပို့ဆောင်ခံခဲ့ရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်မှုထမ်းအပတ်စဥ် ၄ ခုအတွက် လူငယ်ပေါင်း ၁၈၀ ကျော် ဖမ်းဆီးခံရပြီး ချင်းနဲ့ရခိုင် စစ်မျက်နှာတွေဆီအတင်းအကျပ် ပို့ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

ဝက်လက်တွင် အကြမ်းဖက်စစ်ကြောင်းများနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက် စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၂ ရက်ဆက် ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုရှိကာ စစ်ကြောင်းတွေ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

Special Operation Group (S.O.G) စစ်ကြောင်းရဲ့ ပထမအကြိမ် လက်နက်တပ်ဆင်ပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲ အမှတ်(၃) ၊ Special Operation Group (SOG) စစ်ကြောင်းမှာရှိတဲ့ ရဲဘော်အင်အားရဲ့ ၅၀ ရာခိုင်နှုန်းကို လက်နက်တပ်ဆင်ဖို့ သဘောတူညီမှုအရ ဒီဇင်ဘာလ ၇ ရက်မှာ လက်နက်၂၀ ရာခိုင်နှုန်း ပထမသုတ်အနေနဲ့ လက်ခံရရှိခဲ့တယ်လို့ SOG စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရေဦး တိုက်နယ်ဆေးရုံကို စစ်တပ် အကြောင်းမဲ့ ဗုံးကြဲလို့ ဆေးရုံအဆောက်အအုံများ ပျက်စီးပြီး ပြည်သူ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တမာတောရွာက တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံအဆောက်အအုံတွေ ပျက်စီးပြီး ဒေသခံ ၁ ယောက်လည်း ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ရေဦးမြို့နယ် ပကဖ (လက်ရုံးတပ်) ရဲ့ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ရေးမြို့၊ မော့ကနင်ကျေးရွာရှိ စစ်ကောင်စီကင်းပုန်းစခန်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း မော့ကနင်ကျေးရွာ၊ ကွမ်ကျိုက်တပ်စခန်းအနီးက စစ်ကောင်စီရဲ့ ကင်းပုန်းစခန်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

လွိုင်ကော်အကျဉ်းထောင်တွင် ရွေးကောက်ပွဲအတုအတွက် စစ်အုပ်စု ဖိအားပေး ကြိုတင်မဲပေးခိုင်းနေ

ကရင်နီပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အကျဉ်းသူ/သားတွေကို စစ်အုပ်စုက ဖိအားပေးပြီး ကြိုတင်မဲပေးခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ကရင်နီိနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA) က သတင်းထုတ်ပြန်ပါတယ်။