အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ ၊ ယင်းမာပင်ခရိုင်အမှတ် (၁၁) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ရဲဘော်တွေကို ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ဆေးဝန်ထမ်းဌာနက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနဲ့ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို တပ်ရင်း ခမ်းမမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအခမ်းအနားကို နယ်မြေခံ ပ.အ.ဖ ၊ ပ.က.ဖ တွေနဲ့ တပ်ရင်း တာဝန်ရှိသူတွေနဲ့ ရဲဘော်တွေ တက်ရောက်ခဲ့ပြီး ကိုယ်အင်္ဂါ စွန့်လွှတ်ရဲဘော်တွေကို အားပေးစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဂုဏ်ပြုမှတ်တမ်းလွှာတွေနဲ့ ထောက်ပံ့ငွေတွေကို ဆေးဝန်တမ်းဌာန ကိုယ်စား တပ်ရင်းမှူးနဲ့ တပ်ရင်းတာဝန်ရှိသူတွေက ကာယကံရှင်တွေဆီ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မင်းလှတွင် စစ်ကောင်စီ ဖမ်းဆီးထားသူ ၉ ဦး ၁၀ ရက်ဝန်းကျင် ကြာသည်အထိ ပြန်မလွတ်သေး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ဒေသခံ ၉ ယောက်ကို ဖမ်းဆီးထားပြီး ၁၀ ရက်ဝန်းကျင်ကြာတဲ့တိုင်အောင် ပြန်မလွှတ်ပေးသေးဘူးလို့ မင်းလှ ပကဖ ထံက သိရပါတယ်။
Read More

ပေါ်တာဆွဲနေသည့် စစ်ကော်မရှင်တပ်သားများ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခံရပြီး ရဲစခန်းထဲ ဝင်ပြေး

မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့ရှိ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း ထံက သိရပါတယ်။
Read More

စစ်မှုထမ်းဆင်း စစ်သား ၁ ဦး မော်လမြိုင် ရှေ့တန်း ပို့ဆောင်ခံရချိန် လက်ပစ်ဗုံး ၂ လုံးနှင့်အတူ ထွက်ပြေးအလင်းဝင်လာ…

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ရှေ့တန်းကို ပို့ဆောင်ခံရချိန် စစ်မှုထမ်းဆင်း စစ်သား ၁ ယောက် လက်ပစ်ဗုံး ၂ လုံးနဲ့အတူ ထွက်ပြေးအလင်းဝင်လာတယ်လို့ People Defence Force - Chauk - သခင်ဖိုးလှကြီးတပ်ခွဲက မနေ့က ထုတ်ပြန်ပါတယ်။
Read More

သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်ပိုင်ရဲရင့်နိုင်၏ တပည့်ဖြစ်သူ နှစ်ကြီးကျအကျဉ်းသား ပြူးကြီးဆိုသူမှ ခြိမ်းခြောက်နေ

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်အတွင်းရှိ သီးသန့် (က/ခ) တိုက်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ကြီးပြစ်ဒဏ်ကျ အကျဉ်းသား ပြူးကြီးဆိုသူမှ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
Read More

ဗမာ့တပ်တော် အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၅/၂၀၂၅) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော်၊ အမှတ် (၃) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အခြေခံစစ်ညာသင်တန်း၊ အမှတ်စဉ် (၅/၂၀၂၅)၊ သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ်လ ၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မနေ့ကညပိုင်းမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။
Read More

မန်းရွှေစက်တော်ဘုရားအနီး သွားလာမှုတွေ မပြုလုပ်ဖို့ မင်းဘူးခရိုင် PDF တပ်ရင်း သတိပေး

စစ်ကောင်စီက ပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးမှုတွေရှိနေတာကြောင့် မန်းရွှေစက်တော်ဘုရားအနီးကို ပြည်သူတွေ လာရောက်ခြင်းမပြုဖို့ ပြည်သူ့ကာကွယ်‌ရေးတပ်မတော် မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက သတိပေးထုတ်ပြန်လိုက်ပါတယ်။