ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၊ သိမ်းကုန်ကျေးရွာအုပ်က အထိုင်စခန်းကို အင်အားဖြည့်တင်းဖို့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ဦး အပြင်းအထန်ဒဏ်ရာရှိသွားတယ်လို့ (၃၆၀၁) PPDF တပ်ရင်းထံမှ သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်မှာ နတ္တလင်းမြို့နယ်၊ ကွင်းကျယ်အထိုင်စခန်းကနေ အင်အား (၅၀) ခန့်နဲ့ ပေါင်းတည်မြို့၊ သိမ်ကုန်းစခန်းကို အင်အားဖြည့်ဖို့ ထွက်လာတဲ့ စစ်ကြောင်းကို ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ (PPDF) တပ်ရင်း၊ တပ်ခွဲ (၂) ရဲဘော်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သား ၄ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိသွားကို တော်လှန်ရေးရဲဘော်တွေက မျက်မြင်တွေ့ခဲ့ရတယ်လို့ ၃၆၀၁ PPDF တပ်ရင်းစစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံက မောင်းကို ပြောပါတယ်။
“သူတို့ နတ္တလင်းဘက်က စထွက်လာထဲက သတင်းကြိုရထားလို့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ သေဆုံးကတော့ အတည်မပြုနိုင်သေးပါဘူး။ ဆေးတွေ ကျိတ်ကုနေတယ် ဆိုတာကိုတော့ သတင်းရပါတယ်။ ၄ဦး ထိခိုက်သွားတာကိုက မျက်မြင်ပါပဲ.. စောင်တွေကို ပုခတ်လို လုပ်ပြီး အထမ်း ၄ထမ်းနဲ့ သယ်သွားတာကို တွေ့ခဲ့ရပါတယ်။” လို့ ဆိုပါတယ်။
အထိနာသွားတဲ့ စစ်ကောင်စီတပ်တွေဟာ ၎င်းတို့ရဲ့ ဒဏ်ရာရရ စစ်သားတွေကို ပုခတ်တွေနဲ့ သယ်ဆောင်ကာ သိမ်ကုန်းတာဝါတိုင် စခန်းကို သယ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ဦး မစိုးရိမ်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေကတော့ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပုံ – နယ်မြေရှင်းလင်းပြီးနောက် သိမ်းဆည်းရမိတဲ့ ပစ္စည်းများ
0 Shares:
You May Also Like
Read More

ပြည်မြို့တွင် စစ်ကော်မရှင် လက်အောက်ခံ အချင်းချင်း ပေါ်တာမှားဆွဲမှု ဖြစ်ပွား

ပဲခူးတိုင်း၊ ပြည်မြို့မှာ စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ဝင်အချင်းချင်း ပေါ်တာဆွဲဖမ်းဆီးတာနဲ့ ပတ်သက်ပြီး အချင်းများကာ ရိုက်နှက်ဖမ်းဆီးမှုတွေအထိ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 
Read More

ချောက်မှာ စစ်အုပ်စုတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ လက်နက်ကြီးငယ်တွေနဲ့ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျောက်မဲပြည်သူ့ဆေးရုံကို စစ်ကောင်စီ  တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု ပေါ်ပေါ်ထင်ထင် ကျူးလွန်လိုက်တာဟု TNLA ထုတ်ပြန်

စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပြည်သူ့ဆေးရုံကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ စစ်ရာဇဝတ်မှုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်တာဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
Read More

မိုးကုတ်ဗျူဟာက တိုက်ခိုက်ရေးရဲဘော်တွေရဲ့ ရှေ့တန်းစစ်မြေပြင် လှုပ်ရှားမှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မိုးကုတ်ဗျူဟာက တိုက်ခိုက်ရေးရဲဘော်တွေရဲ့ ရှေ့တန်းစစ်မြေပြင် လှုပ်ရှားမှု ပုံရိပ်တွေကို Red Wolves of Mogok တပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရေစကြိုတပ်ပေါင်းစုအတွက် အောင်ပန်းဝေစေရှင်မတောင်မြေကမ်ပိန်းမှ ရရှိသည့် ထောက်ပို့ငွေများဖြင့် ကျည်ကာဦးထုပ်၊ ကျည်ကာပြား၊ အီကွေ့မန့် ၊ ယူနီဖောင်းများ တပ်ဆင်…

ရေစကြိုတပ်ပေါင်းစုမှ ရဲဘော်တွေအတွက် အောင်ပန်းဝေစေရှင်မတောင်မြေ ကမ်ပိန်းကနေ ရရှိတဲ့ ထောက်ပို့ငွေတွေနဲ့ ကျည်ကာပြား၊ ကျည်ကာဦးထုပ်၊ အီကွေ့မန့်၊ ယူနီဖောင်း၊ ခါးပတ် နဲ့ ပွိုင့်ဖိနပ်တွေကို ဝယ်ယူအားဖြည့် တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူများ၏ စိတ်အားထက်သန်မှု မရဘဲ ရွေးကောက်ပွဲအတု အပိုင်း (၁) ခြောက်ကပ်ကပ် ပြီးဆုံး

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲအတု အပိုင်း (၁) ဟာ ပြည်သူတွေရဲ့ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှု၊ စည်ကားမှုတွေ မရှိဘဲ တိတ်ဆိတ်ခြောက်ကပ်မှုနဲ့အတူ မနေ့က ပြီးဆုံးသွားခဲ့ပါပြီ။