ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့မှာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၈ ယောက်နဲ့ မြန်မာ ၂၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက မနေ့က ဒီဇင်ဘာ ၅ ရက်မှာ သူ့ရဲ့ဝါဒဖြန့် မီဒီယာတွေမှာ ထုတ်ပြန်ပါတယ်။

ရှမ်းမြောက်မှာ တရုတ်အလိုကျ စစ်ကောင်စီက ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေပြုလုပ်နေပြီး တန့်ယန်းမြို့မှာ ဒါဟာ တတိယအကြိမ်မြောက် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူတွေကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂ ရက်က  တန့်ယန်းမြို့နယ်က နေအိမ်တစ်လုံးမှာ အွန်လိုင်းအသုံးပြုပြီး ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ သတင်းရရှိမှုကြောင့် ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဝါဒဖြန့်မီဒီယာတွေမှာ ရေးသားထားပါတယ်။ 

ဖမ်းဆီးရရှိမှုအတွင်း ကွန်ပျူတာ ၂၆ လုံး၊ ဆက်စပ်ပစ္စည်း ၂၆ မျိုး၊ ဖုန်းမျိုးစုံ အလုံး ၁၃၀၊ CZ 75 D 9MM ပစ္စတို ၁ လက်၊ ကျည် ၈ တောင့်၊ Beretta 9 MM ပစ္စတို ၁ လက်၊ ကျည် ၇ တောင့်၊ Type 81 အမျိုးအစား သေနတ် ၂ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၄၀ တောင့်၊ ၄၀ မမ ပြောင်း ၁ ခု တို့ရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

ကျားဖြန့်လုပ်ငန်းတွေကို စစ်ကောင်စီနည်းတူ ရှမ်းမြောက်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိနေတာပါ။

စစ်ကောင်စီက ကျားဖြန့်လုပ်ငန်းတွေကနေ သူတို့ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်နိုင်ငံထံ နယ်စပ်ကနေတဆင့် မကြာခဏလွှဲပြောင်းမှုတွေလည်း ပြုလုပ်ထားပါတယ်။

လတ်တလော ဖမ်းဆီးထားတဲ့ သူတွေကိုတော့ တန့်ယန်းမြို့မရဲစခန်းမှာ အီလက်ထရောနစ် ဆက်သွယ်ရေးဆိုင်ရာပုဒ်မ ၃၃ (က)၊ လူဝင်မှုကြီးကြပ်ရေးအက် ဥပဒေ ၁၃ တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

အေဂျင်စီများ ထိုင်းနိုင်ငံအတွက် တစ်လကို အလုပ်သမား ၅၀ သာ ခေါ်စာတင်ဖို့ စစ်ကောင်စီ ကန့်သတ်

ထိုင်းနိုင်ငံကို အလုပ်သမားတွေ စေလွှတ်မယ့် အေဂျင်စီတွေအနေနဲ့ တစ်လကို အလုပ်သမား ၅၀ သာ ခေါ်စာတင်ဖို့ စစ်ကောင်စီ ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။
Read More

ချီဗွေမြို့ကို KIA က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်

ကချင်ပြည်နယ်၊ ချီဗွေမြို့ကို  KIA က အပြီးသတ်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ လုံး၀ကင်းစင်သွားတဲ့နယ်မြေ ဖြစ်သွားကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ် တချို့မှာ ဖော်ပြလာပါတယ်။ စက်တင်ဘာ ၂၉ရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ချီဗွေမြို့က ဗျူဟာကုန်းအပါအဝင် တပ်စခန်း လေးခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို စတင်ထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။
Read More

Air Cargo ဖြင့် ကုန်စည်တင်သွင်းမှု စစ်ကော်မရှင် တင်းကြပ်ထားတာကြောင့် လုပ်ငန်းတချို့ ယာယီရပ်နားရ

အာဏာသိမ်း စစ်ကော်မရှင်ဟာ နယ်စပ်နဲ့ ရေကြောင်းကနေ ကုန်စည်တင်သွင်းမှုတွေကို ထိန်းချုပ်ကန့်သတ်ထားပြီးနောက် လေကြောင်းကနေ ကုန်စည်တင်သွင်းလာမှုကိုပါ ပိတ်ပင်ကန့်သတ်လာပါတယ်။
Read More

မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်မှာ တာဝန်ကျနေသည့် စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်များနှင့်အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ မိုးဗြဲအခြေစိုက် ခမရ(၄၂၂)တပ်မှာ တာဝန်ကျနေတဲ့ ခမရ(၅၁၈) တပ်ရင်းက စစ်မှုထမ်းဆင်း စစ်သား ၃ ယောက်ဟာ လက်နက်တွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၆ တပ်ရင်း - ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ထုတ်ပြန်ပါတယ်။
Read More

မြိုင်က ကျေးရွာတွေမှာ မဖြစ်မနေ ဗုံးခိုကျင်းတွေတူးထားဖို့ မြိုင်ပကဖ က ထုတ်ပြန်ညွှန်ကြား

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကျေးရွာတွေမှာ လေကြောင်းရန်ကာကွယ်ဖို့ ဗုံးခိုကျင်းများ ကြိုတင်ပြီး မဖြစ်မနေတူးထားဖို့  မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မတ်လ ၃ ရက်နေ့ မနေ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်တပ်အားပေး အနုပညာရှင်အမည်ခံများကို ထိရောက်စွာ စတင်အရေးယူမည်ဟု ရန်ကုန် UG များ ကြေညာ

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံအားပေးကူညီတဲ့ အနုပညာရှင်အမည်ခံ စစ်ကော်မရှင် လက်ကိုင်တုတ်တွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား UG အဖွဲ့တွေက ဒီညမှာ ကြေညာလိုက်ပါတယ်။