ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ခြမ်း နှောပင်ကျေးရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၂၅ ယောက်ခန့် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။

တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ပူးပေါင်းပြီး ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ခြမ်း နှောပင်ကျေးရွာအနီး လုံခြုံရေးတာဝန် ထမ်းဆောင်နေချိန် ဒီဇင်ဘာ (၅) ရက် မနက်ပိုင်းက အင်အား (၇၀) ခန့်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိ‌တွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲ့ဒီတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကောင်စီတပ်သား (၂၅) ယောက်ခန့် သေဆုံးပြီး ဒဏ်ရာရရှိသူတွေနဲ့ စစ်ကောင်စီတပ်က ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် အထိနာကာ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်သားတွေက နောက်ထပ်အင်အားထပ်ဖြည့်ပြီး စစ်ကြောင်းနှစ်ကြောင်းခွဲကာ လက်နက်ကြီးပစ်ကူနဲ့ ထိုးစစ်ဆင်ဝင်ရောက်လာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်က ရဲဘော် (၅) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ် ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေ၊ ချောင်းဦးမှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနှင့် ဗုံးသီးကြဲချတိုက်ခိုက်နေ

စစ်ကိုင်းတိုင်းရှိ မြင်းမူ၊ ချောင်းဦး ၊ မုံရွာ စတဲ့မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတယ်လို့ မြင်းမူမြိုနယ်သတင်းမှန်ပြန်ကြားရေးက မနေ့က ထုတ်ပြန်ပါတယ်။
Read More

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်ရောက် CDM စစ်သား၊ရဲများကို စစ်ဥပဒေဆိုင်ရာ ပညာရပ်များ ဆွေးနွေးပို့ချ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်ရောက် CDM စစ်သား၊ရဲများကို လူအခွင့်အရေး၊ တရား မျှတမှု၊ စစ်ဥပဒေဆိုင်ရာ ပညာရပ်များကို ဆွေးနွေးခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Black Vote Fighter Local PDF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင်-ပကဖရဲ့ ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်းဆင်းပွဲ

မြိုင်-ပကဖရဲ့ ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ မတ်လ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ မြိုင်ပကဖက ဒီနေ့ ဧပြီလ ၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

Airbus to Airstrike လှုပ်ရှားမှုကိုစတင်၊ မြေပြင်ရော အွန်လိုင်းကနေပါ လုပ်ဆောင်မှာဖြစ်လို့ ပြည်သူတစ်ရပ်လုံးပါ၀င်ပေးဖို့ တောင်းဆို

စစ်ကောင်စီကို ထောက်ပံ့ကူညီနေတဲ့ AVIC ကနေ Airbus ရဲ့ရင်းနှီးမြှုပ်နှံမှုတွေ ဖယ်ရှားဖို့ တော်လှန်ပြည်သူတွေပါ၀င်တဲ့ ဖိအားပေးတောင်းဆိုမယ့် လှုပ်ရှားမှု တစ်ရပ်ကို အောက်တိုဘာလ ၂၅ ရက်နေ့ကစတင်လိုက် ပြီဖြစ်ပါတယ်။
Read More

သာယာဝတီခရိုင် အမှတ်-၃ တပ်ရင်းရဲ့ အပတ်စဉ် (၂) အခြေခံစစ်သင်တန်း ပုံရိပ်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ်-၃ တပ်ရင်းရဲ့ အခြေခံ စစ်သင်တန်းအပါတ်စဉ် (၂) သင်တန်း ဓာတ်ပုံမှတ်တမ်းတွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။