တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကူ ၇ စီးယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၃ ယောက်ခန့် သေခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ထံက သိရပါတယ်။

ဒီဇင်ဘာ ၅ ရက်က တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့အနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဘက် အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲကို ထားဝယ်မြို့ဘက်ကနေ စက်ကူလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၇ စီးကို တော်လှန်ရေး ရဲဘော်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီကျော်ကြာ ဖြစ်ပွားပြီး ယာဉ် ၄ စီး ပျက်စီးကာ စစ်ကောင်စီတပ်သား ၁၃ ယောက်ခန့် သေခဲ့တယ်လို့ သိရပါတယ်။

အဲဒီ‌နောက် တိုက်ပွဲဖြစ်ပွားရာနေရာကို လက်နက်ကြီးပစ်ကူပေးနေတဲ့ အမတ ၃၀၄ အမြောက်တပ်ရဲ့ စစ်သည်တန်းလျားကို  TPLF Drone Team က ဒရုန်းနဲ့ ဗုံးသီး ၂ ကြိမ်၊ ရေဖြူမြို့နယ်အခြေစိုက် ခမရ ၆၀၄ တပ်ရင်း အရာရှိအိမ်ယာဉ်ကို ဒရုန်းနဲ့ ဗုံးသီး ၁ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF ပါဝင်တဲ့ သာဂရစစ်ကြောင်းနဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်‌တော်(DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ က္လားသစ္ဏတ် (ကျားသစ်နက်)၊ ဘီလုံးပျောက်ကြားတပ်ဖွဲ့ နဲ့  ဖက်ဒရယ်ဓူဝံတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြား သေဆုံးမှုရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြစ်ကြီးနား-တနိုလမ်းရှိ ခွန်စိုင်ယာန်စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် စစ်သား ၇ ယောက်သေပြီး ၃ ယောက် ဖမ်းဆီးမိ (ရုပ်/သံ)

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်လမ်းရှိ ခွန်စိုင်ယာန်စစ်တပ်ဂိတ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေဆုံးပြီး ၃ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

မင်းဘူးခရိုင် တပ်ရင်း ၆ ရဲဘော်တွေကို ပြည်သူတွေလှူဒါန်းထားတဲ့ ကျည်ကာနဲ့ ကျည်ကာဦးထုပ်တွေ တပ်ဆင်ပေး (ရုပ်/သံ)

မင်းဘူးခရိုင် တပ်ရင်း ၆ ရဲဘော်တွေကို ပြည်သူတွေလှူဒါန်းထားတဲ့ ကျည်ကာနဲ့ ကျည်ကာဦးထုပ်တွေ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်မြို့နယ် မဲချောင်းစခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှုမှာ စစ်သား ၅ ယောက်သေ၊ တော်လှန်ရေးရဲဘော် ၃ ယောက်ကျဆုံးခဲ့ရ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မဲချောင်း(ရှစ်မိုင်)စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို ဇန်နဝါရီ ၂ ရက် နေ့လည်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ YePhyu People Defence Force ထံက သိရပါတယ်။
Read More

ချောင်းဦး-မြင်းမူ လမ်းပိုင်းမှာ စစ်တပ်ယာဉ် ၄ စီးကို မိုင်းဆွဲတိုက်ခိုက်မှု ၇ ယောက် သေ (ရုပ်/သံ)

စစ်ကိုင်းမြို့ကနေ မုံရွာမြို့ နမခကို ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၄ စီးကို ဒီဇင်ဘာ ၁၁ ရက် ဒီနေ့ မနက်ပိုင်းက မိုင်း ၁၅ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။
Read More

နေပြည်တော် တပ်ကုန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေလျှံကာ ရေကြီးနေ (ရုပ်သံ)

နေပြည်တော် တပ်ကုန်းမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေလျှံပြီး ရေကြီးနေကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။