ကရင်ပြည်နယ် ဖားအံဘက်ကနေ ကော့ကရိတ်မြို့နယ်ဘက်ကို လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာပို့တဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဒီဇင်ဘာ ၅ရက်နေ့မှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်ခဲယမ်းနဲ့ ရိက္ခာတင်ဆောင်လာတဲ့ ခြောက်ဘီးကား ၆ စီးထဲက ၄ စီးဟာ ကော့ကရိတ်ဘက် တက်လာတာဖြစ်ပြီး ၇တိုင်ရွာ အရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ နှစ်လဍဘက် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“ဖားအံမြို့ပေါ်က စထွက်လာတာ ၆ဘီးကား ၆စီး။ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ တင်ဆောင်လာတာ။ သတင်းအရ သွားစောင့်ပြီး ၆ဘီးကား ၄စီးပဲ ကော့ကရိတ်ဘက် တက်လာလို့ ၇ တိုင်ရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်” လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။

“ဒီရက်ထဲမှာ ကော့ကရိတ်ဘက်ကို စစ်ကူအင်အားတွေ လက်နက်ခဲယမ်းတွေကို မကြာခဏပို့ဆောင်ပေးနေတာ။ အခုတိုက်ခိုက်တဲ့အကြမ်းဖက်ကား ၄စီးက မနက်ပိုင်းမှာ ကျုံဒိုးမြို့ ခမရ ၅၄၅ တပ်ကိုလည်း ဝင်ခဲ့သေးတယ်။ အဲဒီတပ်ထဲကတဆင့် ကော့ကရိတ်မြို့နယ်ဘက်ကိုတက်လာတဲ့အချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာ” လို့ အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက စစ်ကူအင်အားနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းမှုတွေ လုပ်နေပြီး မြဝတီကော့ကရိတ် အာရှလမ်းပိုင်းမှာလည်း မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံရမှုတွေ ရှိနေပါတယ်။ အာရှလမ်းပိုင်း တောနော ရေတံခွန်ဘက်မှာလည်း နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖုစ်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – ဗျူဟာအမှတ်(၇) တပ်ဖွဲ့  ဖွဲ့စည်းခြင်းတစ်နှစ်ပြည့် အခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ ဗျူဟာအမှတ်(၇) တပ်ဖွဲ့  ဖွဲ့စည်းခြင်းတစ်နှစ်ပြည့် အခမ်းအနားကို မေလ ၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် (TRI) ဗျူဟာ မှ PDF ရဲဘော် ၁ ဦးကျဆုံး၊ ငလျင်ဒဏ်သင့် ပြည်သူများကို အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကူအညီပေးနိုင်ရေး လုပ်ဆောင်နေဟု TRI ဗျူဟာ ပြော

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ၇.၇ ရစ်ချက်တာစကေးရှိ ငလျင်ဒဏ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာက PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ TRI ဗျူဟာက ထုတ်ပြန်ထားပါတယ်။
Read More

စစ်တိုင်းမှူး အပြောင်းအလဲလုပ်အပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ဒု-စစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိလာ… ဧရာဝတီကို AA ဝင်လာရင် အစွမ်းကုန်တုံ့ပြန်ဖို့အတွက် ပြင်ဆင်ထားရန် ညွှန်ကြားဟုဆို

အကြမ်းဖက်စစ်ခေါင်းဆောင် မင်အောင်လှိုင်က စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း အပြောင်းအလဲ ပြုလုပ်ခဲ့အပြီး၊ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ နတခ တိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာလ ၂၇ ရက် မနေ့က ရောက်ရှိလာခဲ့တယ်လို့ နတခ တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဆိပ်ဖြူ ကပစ ၂၂ မှ ကင်းလှည့်ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ မိုင်းနင်းမိလို့ ၂ ဦး ခြေပြတ်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၂ ကနေ ကင်းလှည့်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်လို့ ဆိပ်ဖြူကျားဇိုးပြောက်ကျားက မောင်းကို ပြောပါတယ်။
Read More

မြင်းခြံမှာ တိုက်ပွဲဖြစ်ပြီး စစ်သားနဲ့ ပျူ ၇ယောက်သေ၊ တော်လှန်ရေးရဲဘော်တစ်ယောက်လည်း ကျဆုံးခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့  ပြောက်ကျားတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က စစ်သားနဲ့ ပျူစောထီး ၇ ယောက် သေဆုံးကာ အများအပြားထိခိုက်သွားကြောင်း သိရပါတယ်။
Read More

ရေစကြိုမှာ အကြမ်းဖက်စစ်တပ်က သက်ကြီးပိုင်းနှင့် ကလေးငယ်များကို လူသားဒိုင်းသဖွယ် အသုံးပြုရင်း ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်က သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအပါဝင် အရပ်သား ၅၀ ကျော်ကို လူသားဒိုင်းလုပ်ဖမ်းဆီးကာ ကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။