နိုင်ငံရဲ့ စစ်အသုံးစရိတ်တွေကို တိုးမြှင့်သုံးစွဲနေတဲ့အပြင် ရသမျှ ဘဏ္ဍာငွေ ကိုယ့်အိတ်ကပ်ထဲ ထည့်နေတဲ့ စစ်ကောင်စီက လာမယ့် ပညာသင်နှစ်ကစလို့ ကျောင်းသုံးဖတ်စာအုပ်တွေကို လက်ဆင့်ကမ်းစနစ်နဲ့ ကျင့်သုံးသွားမယ်လို့  စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပညာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ပါတယ်။  

၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကစပြီး ကျောင်းသုံးဖတ်စာအုပ်တွေကို လက်ဆင့်ကမ်းသုံးမယ့်စနစ်နဲ့ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။  

ကျောင်းသုံးဖတ်စာအုပ်တွေကို လက်ဆင့်ကမ်းသုံးမယ့်စနစ်နဲ့ ဆောင်ရွက်မှာဖြစ်လို့ ပညာသင်နှစ် ပြီးဆုံးတာနဲ့ စာအုပ်တွေ ပြန်လည်အပ်နှံရမယ်လို့ အခြေခံပညာကျောင်းတွေကို အသိပေးနှိုးဆော်ထားကြောင်း သိရပါတယ်။

တစ်နှစ်တာလုံး အသုံးပြုထားတဲ့ ကျောင်းသုံးဖတ်စာအုပ်တွေကို နောက်နှစ်ပညာသင်နှစ်မှာ လက်ဆင့်ကမ်းစနစ်နဲ့ အသုံးပြုတာဟာ ဟောင်းနွမ်းခြင်း၊ ဆုတ်ပြဲခြင်းတွေနဲ့ ကြုံတွေ့နိုင်ပြီး ဖတ်ရှုလေ့လာရမှာ အခက်အခဲတွေ ဖြစ်ပေါ်နိုင်တယ်လို့ ကျောင်းသားမိဘတွေက ဆိုပါတယ်။

ပြဋ္ဌာန်းစာအုပ်တွေ ပြန်လည်အပ်နှံရာမှာ အားလုံး ပြန်လည်ရရှိနိုင်ပေမယ့် ပျက်စီးသွားတာမျိုး ရှိရင်လည်း ပျက်စီးတဲ့အတိုင်း ပြန်လည်အပ်နှံပေးဖို့  စစ်ကောင်စီထိန်းချုပ်ခံ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

ဒါဟာ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွေ ဈေးနှုန်းကို ထိန်းသိမ်းရာရောက်သလို ပြင်ပကို မရောက်ရှိစေဖို့နဲ့ ပုံနှိပ်ထုတ်ဝေရေးအတွက်လည်း များစွာအထောက်အကူဖြစ်စေတယ်လို့ စစ်ကောင်စီက အကြောင်းပြ ပြောဆိုပါတယ်။

တကယ်တမ်း အခုလိုလုပ်ရပ်ဟာ နိုင်ငံတကာမှာ လုပ်ဆောင်ခြင်းမရှိသလို စစ်ကောင်စီက စစ်အသုံးစရိတ်ကို ပိုမိုသုံးစွဲနေပြီး ပညာရေးကို လျစ်လျှူရှုထားခြင်း သက်သက်သာဖြစ်တယ်လို့ CDM ကျောင်းဆရာမအချို့က မှတ်ချက်ပြုပါတယ်။ 

စစ်ကောင်စီဟာ အခြေခံပညာကျောင်းသား၊ကျောင်းသူတွေကို သင်ကြားတဲ့နေရာမှာ လာမယ့် ပညာသင်နှစ်ကစလို့ NUG ၊ PDF တွေကို အကြမ်းဖက်အဖြစ် ပုံဖျက်ပြီး အကြမ်းဖက်ဥပဒေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ ဝါဒဖြန့် သင်ကြားပေးဖို့ အစီအစဉ်တွေလည်း ပြုလုပ်လျက်ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

TNLA ​က အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း အပတ်စဉ် (၂) ဖွင့်လှစ်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စိုးမိုးနယ်မြေ တစ်နေရာမှာ တရားဥပဒေစိုးမိုးရေးအတွက် အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း အပတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၄ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

သရက်ကန်ပျူရွာကို ဝင်ရောက်တိုက်ခိုက်မှုမှာ အရပ်သား ၄၀ ကျော် တော်လှန်ရေးတပ်တွေဆီ ခိုလှုံလာခဲ့ပြီး စစ်အုပ်စုတွေ တချို့ထွက်ပြေး၊ တချို့သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ သရက်ကန်ပျူရွာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က အသေအပျောက်ရှိသလို တချို့တစ်ဝက်ကတော့ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။
Read More

ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်တော် - DSNDA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် KRF တပ်ဖွဲ့၀င်များကို ပြည်သူများ ကြိုဆို

ဖလမ်းမြို့သိမ်းတိုက်ပွဲက ပြန်လည်ရောက်ရှိလာတဲ့ ကလေးဒေသတော်လှန်ရေးတပ် (KRF) ရဲဘော်​တွေကို​ ဒေသခံပြည်သူ​တွေက​ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ KRF က အသိပေးထုတ်ပြန်ပါတယ်။
Read More

သိန်းခွန်ကျေးရွာတိုက်ပွဲမှ တစ်ပတ်အတွင်း စစ်သား ၉ ဦး သေနတ် ၅ လက်နှင့်အတူ အလင်းဝင်လာ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာတိုက်ပွဲကနေ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား ၉ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ KNLA တပ်မဟာ ၄၊ တပ်ရင်း ၁၁၊ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲကို သာလွန်အင်အားဖြင့် ပြန်လည်ထိုးစစ်ဆင်သည့် စစ်ကောင်စီ အထိနာနေ

ကရင်နီဒေသက တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ မိုးဗြဲဒေသကို စစ်ကောင်စီက သာလွန်အင်အားနဲ့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။