ပဲခူးတိုင်း၊ ပြည်ခရိုင်၊  ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီလက်ဝေခံ အုပ်ချုပ်ရေးမှူးတစ်ယောက်ကို ဝင်ရောက်ရှင်းလင်းရင်း သူ့ရဲ့သားဖြစ်သူကပါ သေနတ်လု ခုခံခဲ့တဲ့အတွက် ၂ ယောက်လုံးကို ရှင်းလင်းခဲ့ရကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF ၃၆၀၁) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာ ၃ရက် ညပိုင်းက ပေါင်းတည်မြို့နယ်၊ ဆင်လူးအုပ်စု အုပ်ချုပ်ရေးမှူး ခင်ထွဋ်ဆိုသူကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ် ရှင်းလင်းရင်း ခုခံတဲ့ သားဖြစ်သူကိုပါ တစ်ပါတည်း ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

“ကျနော်တို့က အုပ်ချုပ်ရေးမှူးကိုပဲ အဓိက ရှင်းလင်းဖို့ သွားခဲ့တာပါ။ အဲ့အချိန်မှာ သူ့သားကဘေးကနေ ပြေးလုပြီး ခုခံဖို့ကြိုးစားလို့ သူ့ကိုပါရှင်းလင်းခဲ့ရတာပါ။” လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF ၃၆၀၁) တပ်ရင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ အုပ်ချုပ်ရေးမှူး ခင်ထွဋ်

ပစ်ခတ်ရှင်းလင်းခံရတဲ့ အုပ်ချုပ်ရေးမှူး ခင်ထွဋ်အနေနဲ့ လစ်လပ်နေတဲ့ ဆင်လူးရွာအုပ်စု အုပ်ချုပ်ရေးမှူးနေရာကို ကြွေးကြော်ရယူကာ PDF တပ်ဖွဲ့ဝင်တွေကို စိန်ခေါ်ခဲ့သူတစ်ယောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ပေါင်းကာ အရပ်သားတွေကို PDF နဲ့ဆက်နွယ်တယ်ဆိုပြီး ခြိမ်းခြောက်ဖမ်းဆီးတာ၊ စစ်မှုထမ်းဥပဒေအတွက် လူစုဆောင်းပေးတာနဲ့ ငွေကြေးကောက်ခံတာတွေကို ဦးခင်ထွဋ်နဲ့ သားဖြစ်သူတို့က အားကြိုးမာန်တက်လုပ်ဆောင်ခဲ့တယ်လို့လည်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF ၃၆၀၁) တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ပေါင်းတည်နဲ့ ပေါက်ခေါင်းမြို့နယ်တွေက စစ်အုပ်စုလက်ပါးစေ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ သတင်းပေးဒလန်၊ ပျူစောထီးတွေကို ဆက်တိုက်ဆိုသလို ပစ်ခတ်ရှင်းလင်းနေတာ ဖြစ်ပါတယ်။

“ကျနော်တို့ အနေနဲ့ ဒလန်တွေကို ရှင်းလင်းရာမှာ တော်တော်လေးသတိထား လုပ်ရကိုင်ရတာမျိုးတွေ ရှိပါတယ်။” လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF ၃၆၀၁) တပ်ရင်းတာဝန်ရှိသူက ဆိုပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ အုပ်ချုပ်ရေးမှူး ခင်ထွဋ်
0 Shares:
You May Also Like
Read More

မော်ဒန်ပန့် တပ်ဖွဲ့ခေါင်းဆောင်ကို ထားဝယ်ခရိုင် PDF အမှတ် (၁) တပ်ရင်း ဖမ်းဆီးထားဟု ဆို

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မော်ဒန်ပန့် (Modern Punk) တပ်ဖွဲ့ခေါင်းဆောင်ကို ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက ညှိနှိုင်းဆွေးနွေးစရာရှိလို့ ဆိုပြီး ခေါ်ယူရာက သွားရောက်ချိန် အောက်တိုဘာလ ၇ ရက်မှာ ဖမ်းဆီးထားလိုက်တယ်လို့ Modern Punk တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ကြို့ပင်ကောက်တွင် စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ဒေသခံ ၁၀၀ ကျော် တိမ်းရှောင်ထွက်ပြေးနေရ 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတာကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ရှောင် ထွက်ပြေးနေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

မိုးကုတ်နှင့် သပိတ်ကျင်းကို စစ်ကြောင်းထိုးသည့် အထိုင်စခန်းတစ်ခုဖြစ်သော တကက ၁၃ သင်တန်းကျောင်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်၊ အထက်တန်းနည်းပြအရာရှိ ၃ ဦးနှင့် တခြားအဆင့် တိုက်ခိုက်ရေးစစ်သား ၁၈ ဦး သေပြီး သင်တန်းဆောင်များ မီး​လောင်ပျက်စီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က အမှတ် (၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်း ကျောင်းကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်တာဟာ အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်တွေကို ခုခံနေတဲ့ မဟာမိတ်အင်အားစုတွေအတွက် အားဖြည့်ကူညီလုပ်ဆောင်ပေးတာဖြစ်တယ်လို့ လုပ်ဆောင်ခဲ့တဲ့အဖွဲ့တွေက ပြောပါတယ်။
Read More

ထားဝယ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ အိမ်စီးကား ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ယောက်သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ Vigo အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိခဲ့ကြောင်း ရေဖြူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က ထုတ်ပြန်ပါတယ်။
Read More

ဒေါနတပ်ရင်းမှ တပ်သားသစ်များ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဒေါနတပ်ရင်းဟာ စစ်အာဏာရှင် အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးမှာ ပါဝင်ချင်တဲ့ တပ်သားသစ်တွေကို ခေါ်ယူနေပါတယ်။
Read More

ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၆) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား…

ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) ဌာနချုပ်တည်ရှိရာ နေရာတစ်နေရာမှာ ဇန်နဝါရီလ (၃၁) ရက်မှာ ကျရောက်တဲ့ ကရင့်တော်လှန်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။