မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းက မြို့ကုန်း‌ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ မန္တလေး PDF တို့ ဒီဇင်ဘာ ၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၇ ယောက်ရဲ့အလောင်းကို တွေ့ခဲ့ရပြီး စစ်သုံ့ပန်း ၁ ယောက်ကို ဖမ်းဆီးရမိခဲ့ကာ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားပါတယ်။

မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ် နဲ့ နောင်ချိုမြို့နယ်တို့မှာ  ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်အကြား နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွါးလျက်ရှိနေတယ်လို့လည်း ပြည်သူလူထုထံ အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ဆည်ကန်ရွာ အနောက်ဘက်မှာ အထိုင်ချတပ်စွဲဖို့ ပြင်နေတဲ့ စစ်သားတွေကို လက်လုပ်ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျောက်ဆည်ကန်ရွာအနောက်ဘက်မှာ အထိုင်ချတပ်စွဲဖို့ ပြင်နေတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၇၀ ခန့်ကို ဇန်နဝါရီ ၄ ရက် ညနေပိုင်းက လက်လုပ် ရှော့တိုက်ဒုံး ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင် -တပ်ရင်း ၄ ထံက သိရပါတယ်။
Read More

ရန်ကုန်မှာ ”ငုံ့မခံနဲ့ တုံ့ပြန်၊ အံတုတွန်းလှန်ဖက်ဆစ်ဒဏ်”စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ယနေ့ ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှာ နှစ်ငါးလုံးလှုပ်ရှားမှုအဖြစ် “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်” စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဥထရစ်ထဗျူဟာစခန်းမြင်ကွင်း (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ဇာတ်လမ်း ရိုက်ကူးခဲ့တဲ့ ဥကရစ်ထစခန်းကုန်းကို KNLA ပူးပေါင်းတပ်တွေက ဇူလိုင် ၁၂ ရက်က တိုက်ခိုက်သိမ်း ပိုက်ခဲ့ပါတယ်။
Read More

အမှတ် (၂) စစ်ဒေသခွဲမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ဆီမီးထွန်းညှိသရုပ်ဖော်အခမ်းအနားကျင်းပ (ရုပ်/သံ)

သီတင်းကျွတ်အခါသမယအချိန်မှာ တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ဆီမီးထွန်းညှိသရုပ်ဆောင်အခမ်းအနား ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ခဲယမ်းတွေ ထောက်ပံ့ပေးဖို့ KNDF ဒု-စစ်ဦးစီးချုပ် ကိုမာဝီ တိုက်တွန်း

ကရင်နီပြည်နယ် ဝင်ပေါက်တွေဖြစ်တဲ့ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်လမ်းကြောင်းပေါ်မှာရှိတဲ့ KNDF B-03 နဲ့ MB PDF(1001) တပ်ရင်းတွေရဲ့ ခဲယမ်းလိုအပ်ချက်တွေကို ထောက်ပံ့ပေးကြဖို့ KNDF ဒု-စစ်ဦးစီးချုပ် မာဝီက ယခုလိုတိုက်တွန်းနှိုးဆော်ထားပါတယ်။
Read More

ကြို့ပင်ကောက်မှာ ပေါ်တာဆွဲဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်း ပေါ်တာဆွဲဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF ထံက သိရပါတယ်။