မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မှာ ရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့မှုဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၆ရက် ဒီနေ့မနက်ပိုင်းက မြင်းခြံမြို့နယ်၊ သစ်ရုံကျေးရွာကို ကား၃စီး နဲ့ စစ်ကြောင်းဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေက အရပ်သား ၃ယောက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်သတ်ဖြတ်ကာ ရွာကို မီးရှို့ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီဘက်က ၂ ယောက် သေ၊ ၈ ယောက် ဒဏ်ရာရခဲ့သလို ​ရဲဘော်၂ ယောက်​လည်း ကျဆုံးခဲ့တယ်လို့ အညာဒေသတော်လှန်ရေးအင်အားစု (A.D.F) က ထုတ်ပြန်ပါတယ်။

သစ်ရုံရွာကို မီးရှို့ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုများ

ကျဆုံးခဲ့တဲ့ ရဲဘော် ၂ယောက်နဲ့ အရပ်သားတွေကိုလည်း ဒီနေ့ နေ့လည်ပိုင်းမှာ မီးသဂြိုဟ် ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ မီဒီယာတွေမှာတော့ ပျူစောထီးနဲ့ စစ်တပ်ပူးပေါင်းစစ်ကြောင်းက သစ်ရုံရွာကို ဝင်ရောက်စီးနင်းရင်း PDF တပ်ဖွဲ့ဝင်၂ယောက်ကို ရှင်းလင်းကာ သေနတ် ၂လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြကြပါတယ်။

မြင်းခြံမြို့နယ်မှာ ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုတွေဟာ မြင်းခြံမြို့နယ်အတွင်းက တော်လှန်ရေးတပ်တွေနဲ့ထိတွေ့မှုဖြစ်ပြီးတိုင်း  ကျေးရွာတွေကို အလုံးအရင်းနဲ့ဝင်ရောက်မီးရှို့တာ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ရွာတွေကို လေကြောင်းတိုက်ခိုက်ခိုင်းတာတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း အဲ့ဒီစစ်အုပ်စုတွေကြောင့် သစ်ရုံကျေးရွာအတွင်းက နေအိမ် ရာနဲ့ချီ မီးလောင်ဆုံးရှုံးသွားကြောင်း သိရပါတယ်။

သေဆုံးခဲ့တဲ့ အညာဒေသ တော်လှန်ရေးအင်အားစု (A.D.F) အဖွဲ့ဝင်တချို့
0 Shares:
You May Also Like
Read More

စစ်ကော်မရှင်တပ်သားများ မုဒိမ်းကျင့်၊ လူသတ်၊ ခိုးယူ၊ မီးရှို့မှုများ လုပ်ဆောင်ကြကြောင်း အလင်းဝင်လာသည့် ၂ ပွင့်ဗိုလ် ပြောပြ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ စစ်ကော်မရှင် အမြောက်တပ် (၃၆၆) က ၂ ပွင့်အဆင့်ရှိ ဗိုလ်လောင်းတစ်ယောက် ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ စက်တင်ဘာ ၆ ရက်မှာ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

စဉ့်ကူးတွင် ပြည်သူနှင့် ဆက်ဆံရေး အားနည်းချက်ရှိခဲ့သည့် PDF ရဲဘော်များကို ထိရောက်စွာ သတိပေး အရေးယူမည်၊ စည်းကမ်းချိုးဖောက်သည့် Starlink Internet စက်ပိုင်ရှင်ကိုလည်း အရေးယူမည်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ Starlink အင်တာနက်ကိစ္စ ရုပ်သံမှတ်တမ်းနဲ့ ပတ်သက်ပြီး ပြည်သူလူထုအပေါ် ဆက်ဆံရာမှာ အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းခဲ့တဲ့ တာဝန်ကျ ရဲဘော်တွေကို သတိပေးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုနှင့် နေပြည်တော်အနီး ရစ်ချက်တာစကေး ၅.၄ နှင့် ၄.၂ အဆင့်ရှိ ငလျင်များ လှုပ်ခတ်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနီးနဲ့ နေပြည်တော်အနီးမှာ ရစ်ချက်တာစကေး ၅.၄ နဲ့ ၄.၂ အဆင့်ရှိ ငလျင်တွေ လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်ပင်သာရွာက ဒေသခံ ၃ယောက် လယ်ကွင်းထဲမှာ မိုးကြိုးပစ်ခံရပြီး ၁ ယောက် သေဆုံး

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ညောင်ပင်သာရွာက လယ်သမား ၃ယောက် လယ်ကွင်းထဲအသွားမှာ မိုးကြိုးပစ်ခံရတာကြောင့် အမျိုးသားတစ်ယောက် သေဆုံးပြီး ကျန်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်ကတော့ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
Read More

ကျားဖြန့် အဆောက်အအုံများ နေ့စဥ် ဖြိုခွဲပြနေကြောင်း စစ်ကော်မရှင် ဆက်တိုက်ထုတ်ပြန်နေ၊ KK Park အဆောက်အဦး ၆၀၀ ကျော်အနက် ၂၀၀ ကျော် ဖျက်ဆီးပြီးပြီဟု ဆို

ထိုင်း-မြန်မာနယ်စပ်၊  မြဝတီ-မဲထော်သလေး (KK Park) နယ်မြေရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်း လုပ်ဆောင်ရာမှာ အသုံးပြုခဲ့တဲ့ အဆောက်အအုံ ၆၀၀ ကျော်ထဲက ၂၀၀ ကျော်ကို ဖြိုချဖျက်ဆီးခဲ့ပြီး ဖြစ် တယ်လို့ အကြမ်းဖက်စစ်တပ်က ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ၂ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ၂ နှစ်အရွယ် ကလေးငယ် တစ်ယောက် သေဆံဒးခဲ့ပြီး ပြည်သူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။