တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကူ ၇ စီးယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၃ ယောက်ခန့် သေခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ထံက သိရပါတယ်။

ဒီဇင်ဘာ ၅ ရက်က တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့အနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဘက် အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲကို ထားဝယ်မြို့ဘက်ကနေ စက်ကူလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၇ စီးကို တော်လှန်ရေး ရဲဘော်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီကျော်ကြာ ဖြစ်ပွားပြီး ယာဉ် ၄ စီး ပျက်စီးကာ စစ်ကောင်စီတပ်သား ၁၃ ယောက်ခန့် သေခဲ့တယ်လို့ သိရပါတယ်။

အဲဒီ‌နောက် တိုက်ပွဲဖြစ်ပွားရာနေရာကို လက်နက်ကြီးပစ်ကူပေးနေတဲ့ အမတ ၃၀၄ အမြောက်တပ်ရဲ့ စစ်သည်တန်းလျားကို  TPLF Drone Team က ဒရုန်းနဲ့ ဗုံးသီး ၂ ကြိမ်၊ ရေဖြူမြို့နယ်အခြေစိုက် ခမရ ၆၀၄ တပ်ရင်း အရာရှိအိမ်ယာဉ်ကို ဒရုန်းနဲ့ ဗုံးသီး ၁ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF ပါဝင်တဲ့ သာဂရစစ်ကြောင်းနဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်‌တော်(DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ က္လားသစ္ဏတ် (ကျားသစ်နက်)၊ ဘီလုံးပျောက်ကြားတပ်ဖွဲ့ နဲ့  ဖက်ဒရယ်ဓူဝံတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြား သေဆုံးမှုရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ် ကျီကုန်းရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် မှတ်တမ်းရုပ်သံ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံကို 5/ Commando Force က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီဇင်ဘာ ၂ရက်က ကျီးကုန်းကျေးရွာအတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဒေသခံ ပြည်သူ ၃ ယောက်ကို သတ်ခဲ့ပြီး ဒီဇင်ဘာ ၈ရက်မှာလည်း ကျီကုန်းကျေးရွာရှိ ဘုန်းကြီးတစ်ပါးနဲ့ ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း မိုင်းရှင်းဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ဖောက်ခွဲတိုက်ခိုက်မှု ၄ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် နတ်ရေကန်အကြမ်းဖက်စစ်တပ်ဂိတ်ကနေ ရေပိုးစားဘက် အင်အား ၃၀ ခန့်နဲ့ လမ်းပိုင်းမိုင်းရှင်းဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းက ပဒေသာမိုင်း ၄ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်းထံက သိရပါတယ်။
Read More

အမှတ် (၁) စစ်ဒေသ မုံရွာခရိုင်အမှတ် (၃) တပ်ရင်း တပ်ရင်းမှူးမှ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်းနဲ့ မြေပြင်တပ်မှူးငယ်သင် တန်းအပတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းဂုဏ်ပြုလွှာနဲ့ လက်နက်တပ်ဆင်းခြင်းအခမ်းအနားမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်း (ရုပ်/သံ)

''ခင်ဗျားတို့ ကိုယ်တိုင်လည်း မြေပြင်မှာ တိုက်ပွဲတွေ ကြုံခဲ့ပြီးပြီ။ အမိန့်နာခံမှုရှိကို ရှိရမယ်။ ကျွန် တော်တို့ လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ စစ်ကို စစ်နဲ့ တူအောင် တိုက်ရလိမ့်မယ်။ ကျွန်တော်တို့ ရည် ရွယ်ထားတဲ့ ပန်းတိုင်ထိ မရောက်ရောက်အောင် သွားရလိမ့်မယ်''
Read More

စစ်ကောင်စီတပ်၏ ထီးထဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ထိုင်း-မြန်မာနယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထီးထဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်မောက် ပကဖ ထံက သိရပါတယ်။
Read More

တောင်သာမြို့နယ် ဇဂျမ်းရဲစခန်းကို စီးနင်းတိုက်ခိုက်မှု စစ်ကောင်စီလက်အောက်ခံ အများအပြားသေ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ဇဂျမ်းရဲစခန်းကို နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ တောင်သာမြို့နယ် ပကဖ ထံက သိရပါတယ်။