မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အမျိုးသမီး ၁ ယောက်ကို မုဒိန်းကျင့်သတ်ဖြတ်ပြီး ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်ခဲ့တဲ့ တရားခံ ဦးစံကို သေဒဏ်ချမှတ်ခဲ့မှုအတွက် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အကြား သဘောထားကွဲလွဲမှုတချို့  ရှိနေပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့တုန်းက စလင်းမြို့နယ် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေမှာ အသက် ၃၉ နှစ်အရွယ် အမျိုးသမီး၁ယောက် မုဒိန်းကျင့် သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီအမှုကို ကျူးလွန်ခဲ့တဲ့ သရက်တောတိုက်နယ်၊ ဂုံညှင်းနွယ်ကျေးရွာနေ တရားခံ ဦးစံကို ဖြစ်စဉ်ဖြစ်ပွါးပြီး ၃ ရက်အကြာမှာပဲ တာဝန်ရှိသူတွေက အမှုကွင်းဆက်၊မျက်မြင်သက်သေ၊ သက်သေခံပစ္စည်းတွေနဲ့အတူ အချိန်မီ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

“ကျနော်တို့ကတော့ အခင်းဖြစ်ပြီး ၇၂ နာရီ အတွင်းမှာပဲ တရားခံကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့တယ်ဗျ။ကျန်ရစ်တဲ့မိသားစုကလည်း နောက်ထပ်ဒီလိုမျိုးဖြစ်စဥ်တွေ ထပ်မဖြစ်လာစေဖို့ ထိရောက်ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုး ပေးစေချင်ကြပါတယ်” လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တရားခံ ဦးစံနဲ့ ပတ်သက်ပြီး စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို လည်ပတ်ဆောင်ရွက်နေတဲ့ ဆရာမ Heineken (ဥပဒေရေးရာတာဝန်ခံ-ပူးတွဲ)၊ စလင်း ပကဖ တာဝန်ခံ M4 (ပအဖ-ဒုတာဝန်ခံ)၊ ထောက်လှမ်းရေး – သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Aung San တို့က ဦးစီးခုံရုံးဖွဲ့ပြီး ဥပဒေရုံးအဖွဲ့တွေနဲ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ သေဒဏ်ချမှတ်လိုက်တယ်လို့ စလင်း ပကဖက ထုတ်ပြန်ထားပါတယ်။

သေဒဏ်ချခံထားရတဲ့ တရားခံ ဦးစံ

စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ကတော့ ဒီသေဒဏ်စီရင်မှုဟာ လူသားစာနာ တာဝန်ခံ Heineken တစ်ယောက်တည်းရဲ့ သဘောဆန္ဒအတိုင်း ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ပအဖနဲ့ မသက်ဆိုင်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတစ်ယောက်က “ကျနော်တို့ဆီ အကြောင်းကြားခြင်း တစုံတရာ မရှိခဲ့ပါဘူး။ ဒီဆုံးဖြတ်ချက်ဟာ လူသားစာနာတာဝန်ခံနဲ့ ပကဖတို့ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ အချုပ်သားကိုလည်း သူတို့ပဲ ချုပ်ထားခဲ့တာပါ။ ကျနော်တို့လည်း နစ်နာသူဖက်က ထိခိုက်ခံစားခဲ့ရတာပါပဲ။ ဒါပေမယ့် လူသတ်မုဒိန်းမှု တရားခံဟာ ဘယ်လိုပဲ သေဒဏ်ထိုက်စေဦးတော့ လူတစ်ယောက်ကို သေဒဏ်စီရင်နိုင်တဲ့ အခွင့်အာဏာ ကျနော်တို့မှာ မရှိပါဘူး။ ကျနော်တို့အစိုးရဟာ နိုင်ငံတကာမှာ တရားဝင်မှုရရှိအောင် ကြိုးစားနေစဉ်ကာလ ဖြစ်တာမို့ ဒီလို အထိမခံနိုင်တဲ့ ဖြစ်စဉ်တွေကို အတတ်နိုင်ဆုံး ရှောင်ရှားရပါမယ်” လို့ မောင်းကို ပြောပါတယ်။

စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကတော့ အခုလို ဆိုပါတယ်။

“အငြင်းပွားဖွယ်ကိစ္စကတော့ အမှုဖြစ်တဲ့နေ့ကစလို့ စစ်ဆေးနေတဲ့အချိန်အထိ အခင်းဖြစ်‌တဲ့ရွာကိုလည်း ရောက်မလာ၊ စစ်ဆေးနေတဲ့ခုံရုံးကိုလည်း ပေါ်မလာဘဲ မြေပြင်မှာ အဓိကလုပ်ဆောင်နေရတဲ့ ဆရာမ Heineken ကို‌ ဝေဖန်ချက်ထုတ်ထားတာ ရှိပါတယ်။ ဒါကို ကျနော်တို့ရှုံ့ချပါတယ်။ ကျနော်တို့ကတော့ ပြည်သူ့အရေးကိစ္စဆို လုပ်စရာရှိတာမှန်သမျှ ဆက်လုပ်သွားမှာပါ” လို့ စလင်း ပကဖ တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရပြည်နယ်ထဲ ထည့်ဖို့ပြောကြားခြင်းဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေသည်ဟု စစ်ကောင်စီ တုံ့ပြန်

မြန်မာ-အိန္ဒိယ နယ်စပ်ဒေသဖြစ်တဲ့ ကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရပြည်နယ်ထဲ ပြန်ထည့်ဖို့  အိန္ဒိယ အထက်လွှတ်တော်မှာ တောင်းဆိုခဲ့မှုဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမှာဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
Read More

CDF CDM Siyin က စိုးမိုးနယ်မြေအတွင်းက ဘိန်းခင်းတွေကို လိုက်လံ ဖျက်ဆီး (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နွေဦးတော်လှန်ရေးအတွက် အမေရိကန် မြို့ကြီးတွေမှာ ရောင်နီ လာမယ်

ရောင်နီ live 2025 ဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန်နိုင်ငံက မြို့ကြီးတွေမှာ ဂီတဖျော်ဖြေပွဲတွေ ကျင်းပသွားမှာဖြစ်ပြီး ရရှိတဲ့ အမြတ်အားလုံးကို တော်လှန်ရေးအတွက် အသုံးပြုနိုင်ဖို့ မြေပြင်ကို အမြန်ဆုံးပို့ဆောင်သွားမှာ ဖြစ်ကြောင်း တော်လှန်အနုပညာရှင်တစ်ယောက်ဖြစ်သူ အဆိုတော်လင်းလင်းက သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် အသိပေးလိုက်ပါတယ်။
Read More

ဖာပွန်က စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ပြီး လက်နက်ခဲယမ်းတွေပါ ရရှိ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို KNLA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားရရှိခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

ပွင့်ဖြူမြို့နယ်မှာ စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက်သေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးရွာကျေးရွာက အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်-၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်မြို့အဝင် စစ်တပ်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ယောက်ထက်မနည်း သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်က အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်က ၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။