မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေက အရပ်သား နေအိမ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Peacock Brother Urban Guerrilla အဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာ ၃ ရက်က စလင်းမြို့နယ် သစ်ခေါက်တောင်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၄ ယောက်သေခဲ့တယ်လို့ သိပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေဟာ ဝန်ရရွာ၊ သရက်ကုန်းရွာနဲ့ ခင်ပလူရွာ၊ မကျီးကုန်း ရွာ၊ ကံကုန်းရွာတွေကို ၈၁ မမ လက်နက်ကြီး အလုံး ၇၀ ကျော်၊ ဒရုန်းနဲ့ ဗုံးသီး ၁၀ လုံးကျော် ကြဲချခဲ့တဲ့အတွက် အရပ်သားပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိပြီး သရက်ကုန်းရွာက ပြည်သူနေအိမ် ၁ လုံးပေါ် ဒရုန်းဗုံးသီးကျရောက်ပြီး မီးလောင်ခဲ့ရတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် အကြမ်းဖက်စစ်သားတွေဟာ ပိတ်ဆည်ရွာ နေအိမ်တွေကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် တော်လှန်ရေးရဲဘော်တွေက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားအများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့၊ မကွေးတိုင်း ဒုန်းအဖွဲ့၊ မင်းဘူးခရိုင် အမှတ်၁တပ်ရင်း ဒုန်းတပ်ခွဲ၊ မင်းဘူးခရိုင် အမှတ်၅ တပ်ရင်း ဒုန်းတပ်ခွဲ၊ မိုးကြိုးပြောက်ကျားအဖွဲ့နဲ့ မင်းဘူးခရိုင် ပကဖ၊ စလင်းမြို့နယ် ပကဖအဖွဲ့တို့ မဟာမိတ်ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး အကြမ်းဖက်စစ်တပ်စစ်ကြောင်းလည်း ပြန်လည်ဆုတ်ခွာသွားပြီဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းမှာ PTT ဓာတ်ဆီဆိုင်နှင့် 7-Eleven ကို ဒုံးကျည်ထိမှန်ပြီး ၂ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရ (ရုပ်/သံ)

နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှု ဖြစ်နေပေါ်နေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ ဇူလိုင်လ ၂၄ရက် ဒီနေ့မနက်ပိုင်းမှာ နှစ်ဖက်စစ်တပ်တွေ လက်နက်ကြီးနဲ့ လေကြောင်း အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေကြပါတယ်။
Read More

အမျိုးသမီးစစ်သည်များ ပါဝင်ခဲ့သည့် မြိုင်ပကဖ၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၄/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်က ဒေသတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မြိုင်ပကဖက ထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၂ ယောက်သေပြီး ၆ ယောက် ဖမ်းဆီးမိကာ သေနတ် ၂ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေး တပ်တွေ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်သား ၂ ယောက်သေဆုံးကာ ၆ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ ဝေါလေဗျူဟာစခန်းက လက်နက်တိုက်ကို တော်လှန်ရေးဒရုန်းတပ်များက ပူးပေါင်းတိုက်ခိုက် ဖောက်ခွဲခဲ့ဟု ထုတ်ပြန် (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ဝေါလေဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဆက်လက်အရှိန်မြှင့်တင်တိုက်ခိုက်နေတယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ရဲ့ ပြောကြားချက်များအရ သိရပါတယ်။
Read More

အရာတော်မြို့နယ်ရှိ အမတ ၃၆၉ တပ်ရင်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်းရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမတ ၃၆၉ တပ်ရင်းကို ဖေဖော်ဝါရီ ၁၃ ရက် မနေ့က ၆၀ မမ လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force အဖွဲ့ထံက သိရပါတယ်။