စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ တစ်လတည်းမှာပဲ နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၁ ဦးသေဆုံးခဲ့တယ်လို့  မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကထုတ်ပြန်လိုက်ပါတယ်။

အမျိုးသမီးတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စာရင်းပြုစုနေတဲ့ BWU အဖွဲ့က နိုဝင်ဘာလတစ်ခုထဲမှာတင် အမျိုးသမီးတွေ သေဆုံးခဲ့ရမှုကို အသေးစိတ်ထုတ်ပြန်လိုက်တာပါ။

ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၆၁ ဦးက သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

အများစုက အသက် ၂၀ကျော်အရွယ် စစ်ဘေးရှောင်အမျိုးသမီးတွေ ပါဝင်ပြီး အင်အားကြီးမားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပွဲချင်းပြီးသေဆုံးခဲ့ရမှုတွေပါဝင်ပြီး ဒဏ်ရာရရှိသူကတော့ ၄၀ ကျော် ရှိတယ်လို့ သိရပါတယ်။

BWU က ထုတ်ပြန်ခဲ့သည့် အချက်အလက်များ

သေဆုံးမှုအများစုဟာ မြောက်ပိုင်းညီနောင်တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်က အများဆုံးဖြစ်သလို အညာဒေသက စစ်ဘေးရှောင်အမျိုးသမီးတွေ ပါဝင်ပြီး အထူးသဖြင့် ကိုယ်ဝန်ဆောင်နဲ့ ကလေးမိခင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

သေဆုံးရသူတွေထဲမှာ  ရှမ်းပြည်နယ်က ၁၅ ဦး၊ ရခိုင်ပြည်နယ်က ၁၃ ဦး၊ မန္တလေးက ၁၁ ဦးနဲ့ စစ်ကိုင်းတိုင်းက ၁၀ ဦး ပါဝင်တယ်လို့လည်း ဆိုပါတယ်။

သေဆုံးရတဲ့အကြောင်းအရင်းတွေထဲမှာ လေကြောင်းတိုက်ခိုက်မှုအပြင် မြေမြှုပ်မိုင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေပါဝင်တယ်လို့ သိရပါတယ်။

BWU က ထုတ်ပြန်ခဲ့သည့် အချက်အလက်များ
0 Shares:
You May Also Like
Read More

မိဘပြည်သူတိုင်းရင်းသားများ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့‌နေရသည်ကို ဝမ်းနည်းမိဟု လက်သည်တရားခံ မင်းအောင်လှိုင် ပြော

မိဘပြည်သူတိုင်းရင်းသားတွေ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့နေရတဲ့အပေါ် ဝမ်းနည်းမိတယ်လို့ အဓမ္မစစ်အာဏာသိမ်းပြီး တိုင်းပြည်ကို ကျရှုံးနိုင်ငံဖြစ်အောင် လုပ်ဆောင်နေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချ အညံ့ခံနေပြီး အမ်း နပခ အဆောက်အအုံ မီးလောင်ကျွမ်းနေတဲ့ ရုပ်သံ AA ထပ်မံထုတ်ပြန်

အမ်းမြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင် လက်နက်ချနေပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အဆောက်အအုံရဲ့ နေရာတချို့ မီးလောင်နေတဲ့ ရုပ်သံမှတ်တမ်းကို အာရက္ခတပ်တော် AA က ဒီဇင်ဘာလ ၁၇ ရက် မနေ့က ညဦးပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်မှာ စစ်တပ်နှင့် PNA အဖွဲ့က ဒရုန်း၊ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်၊ နေအိမ်များ ပျက်စီး…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်ရှိ ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်နဲ့ PNA အဖွဲ့က ဒရုန်း၊ လက်နက်ကြီးတွေ တိုက်ခိုက်ရာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ထိုင်းနဲ့ တရုတ်ပေါင်းပြီး လိမ်လည်ဂိုဏ်းတွေ တိုက်ဖျက်ဖို့ ဘန်ကောက်နဲ့ မဲဆောက်မှာ ရုံးဖွင့်မယ်

မြန်မာ၊ ကမ္ဘောဒီးယားတို့နဲ့ ထိစပ်နေတဲ့ ထိုင်းနယ်စပ်တလျှောက်မှာ တရားမဝင် တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ အလျင်အမြန် တိုးပွားလာမှုကို တိုက်ဖျက်ဖို့ ထိုင်းနဲ့ တရုတ်အစိုးရတို့ပေါင်းပြီး ညှိနှိုင်းရေးရုံးတွေ ဖွင့်လှစ်သွားမယ်လို့ Reuters က သတင်းဖော်ပြပါတယ်။
Read More

ခင်ဦးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ဒေသခံ သောင်းနှင့်ချီ ထွက်ပြေးနေရ 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူညီတွေလည်း လိုအပ်နေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ 
Read More

စစ်ကောင်စီစိုးမိုးထားတဲ့ ကျွန်းလှ-ကန့်ဘလူလမ်းပိုင်းမှာ ပျုစောထီးတွေ မိုင်းဆွဲခံရပြီး ၂ ယောက် သေ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ စိုးမိုးထားတဲ့ ကျွန်းလှ- ကန့်ဘလူ လမ်းပိုင်းမှာ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ယောက်သေကာ ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်ထံက သိရပါတယ်။