စစ်ကောင်စီရေတပ်က ပစ်ခတ်ပြီး ဖမ်းဆီးခဲ့တဲ့ ငါးဖမ်းလှေပေါ်က ထိုင်းငါးဖမ်းသမား ၄ ယောက် ပြန်လွတ်ပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာကြောင်း AFP က သတင်းဖော်ပြထားပါတယ်။

မြန်မာပိုင်နက်အတွင်းရောက်ရှိခဲ့တဲ့ ထိုင်းငါးဖမ်းသင်္ဘောကို စစ်ကောင်စီရေတပ် ကင်းလှည့်ယာဉ်တွေက တိုက်ခိုက်ခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြီးခဲ့တဲ့သီတင်းပတ် စနေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အခင်းဖြစ်ပွားစဉ်အတွင်း ထိုင်းငါးဖမ်းသမားတစ်ယောက် ပင်လယ်ထဲခုန်ချပြီး ရေနစ်သေဆုံးခဲ့ပါတယ်။

(ဓာတ်ပုံ Thai Enquirer)

စစ်ကောင်စီ ရေတပ်သင်္ဘောတစ်စင်းက လှေတွေကို လိုက်ဖမ်းခဲ့ပြီး မြန်မာနိုင်ငံသား ၂၇ ယောက်နဲ့ ထိုင်း ၄ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။

ဖမ်းဆီးထားတဲ့ ထိုင်း ၄ ယောက်စလုံးကို မြန်မာဘက်က ပြန်လွှတ်ပေးပြီး ထိုင်းကိုပြန်ပို့ဖို့ နယ်စပ်စစ်ဆေးရေးဂိတ်ကို ခေါ်ဆောင်သွားခဲ့တယ်လို့  ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းအစိုးရက ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာသံအမတ်ကို တနင်္လာနေ့က ဆင့်ခေါ်ပြီး ရန်ကုန်ကထိုင်းသံအမတ်ကို နေပြည်တော်တင်ပြဖို့ စေလွှတ်ပြီးနောက်မှာ အခုလိုပြန်လွတ်လာတာလည်း ဖြစ်ပါတယ်။

အဆိုပါပစ်ခတ်မှုဟာ ထိုင်းနဲ့မြန်မာနယ်စပ် တောင်ဘက်ခြမ်း ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်ပွားနေတဲ့ တရားမဝင် ငါးဖမ်းခြင်းနဲ့ ရေကြောင်းနယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုတွေကို မီးမောင်းထိုးပြနေပါတယ်။

(ဓာတ်ပုံ Thai Enquirer)
0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့်ပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ မြန်မာစစ်ခေါင်းဆောင်ကို BIMSTEC အစည်းအဝေးဖိတ်တဲ့ကိစ္စ ဝန်ကြီးချုပ်အနေနဲ့ ကြေလည်စွာဖြေရှင်းပေးဖို့ ထိုင်းလွှတ်တော်မှာ တောင်းဆို

ငလျင်ဒဏ်သင့်နေတဲ့ မြန်မာပြည်သူလူထုအပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဘန်ကောက်မှာ ပြုလုပ်တဲ့ BIMSTEC အစည်းအဝေး ဖိတ်ကြားတဲ့ကိစ္စ ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ် အနေနဲ့ သေချာရှင်းလင်းပေးဖို့ ဧပြီလ ၃ ရက် ထိုင်းအောက်လွှတ်တော်အစည်းအဝေးမှာ တောင်းဆိုလိုက်ပါတယ်။ 
Read More

မြန်မာပွဲစားအချင်းချင်း မတည့်လို့ တိုင်တန်းမှုကြောင့် ပန်း‌ရောင်ကတ်လုပ်ရန် စောင့်ဆိုင်းနေသည့် မြန်မာ ၁၃၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွတ်ခရိုင်၊ မဟာချိုင်နယ်မြေ လူနေတိုက်တန်းလျားတစ်ခုမှာ ပန်းရောင်ကတ်လုပ်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာ ၁၃၁ ယောက်ကို တိုင်တန်းမှုတွေကြောင့် ထိုင်းအာဏာပိုင်တွေက မနေ့က အောက်တိုဘာ ၁၆ရက် ညနေပိုင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
Read More

ဖမ်းဆီးခံ သတင်းသမားများအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရေး UK In Myanmar တောင်းဆို… ကမ္ဘာ့သတင်းလွတ်လပ်ခွင့် မရှိဆုံးစာရင်းမှာ မြန်မာ ပါဝင်ဆဲဖြစ်..

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားအားလုံးကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ မေလ ၃ ရက် ဒီနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်တောင်းဆိုလိုကိပါတယ်။
Read More

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုဟာ အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ထရန့် ဆက်လက်သက်တမ်းတိုး

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားမှုဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ဆက်လက်သတ်မှတ်ပြီး စစ်ဗိုလ်ချုပ်တွေကိုလည်း ဆက်လက်အရေးယူပိတ်ဆို့ထားဦးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။ 
Read More

ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခ ထိုင်းဘက်မှ စတင်ခြင်းမဟုတ် ဟု ထိုင်းသံရုံးထုတ်ပြန်

လက်ရှိဖြစ်ပွားနေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်ပြဿနာနဲ့ ပစ်ခတ်မှုတွေမှာ ထိုင်းနိုင်ငံဘက်က စတင်ခြင်းမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက မနေ့က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်၀န်း ရေဘေးသင့် ပြည်သူတွေအတွက် WFP နဲ့ EU က အရေးပေါ်အကူအညီထောက်ပံ့မှုတွေ ပေးအပ်မယ်

နိုင်ငံတစ်ဝန်းက ရေးဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP နဲ့ အီးယူက မြန်မာနိုင်ငံထံ အရေးပေါ်ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။