ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ စစ်ကြောင်းကြိုပြီးပြန်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၂ယောက်သေပြီး ၄ယောက်အပြင်းအထန် ထိခိုက်ခဲ့ကြောင်း Phoenix DF တပ်ခွဲစာရေး ဂျူပီတာက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာလ ၃ရက်နေ့က ပဲခူးတိုင်း၊ ပေါင်းတည်နဲ့ နတ်တလင်းမြို့နယ်အစပ် ပန်တင်းပင် ကျေးရွာကို ရောက်ရှိလာတဲ့ အင်အား ၂၀ပါ အကြမ်းဖက်စစ်သားတွေနဲ့ ကွင်းကျယ်ရွာ အထိုင်စခန်းကနေ သွားကြိုတဲ့စစ်အုပ်စုတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက နတ်တလင်းမြို့နယ် ပြောင်တောင်ခြေရင်းအရောက်မှာ မိုင်း၂ လုံးဆွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ပေါင်းတည်မြို့ကနေ ပန်တင်းပင်ကို ကားနဲ့ စခ ၂၀လောက် လာချပေးသွားတယ်ပေါ့။ အဲ့​ကောင်တွေကို နတ်တလင်းမြို့ထဲက စစ်တပ်အထိုင်ချထားတဲ့ ကွင်းကျယ်ရွာကကောင်တွေ သွားကြိုတယ်ပေါ့။ အင်အားဖြည့်တာလား ဘာလားတော့မသိပါဘူး။ အဲ ၂ ဖွဲ့လုံး ပေါင်းတည်ထဲက စမ်းကြီးရွာမှာ ဆုံကြတယ်။ အဲ့စမ်းကြီးရွာကနေ ပေါင်းပြီးထွက်လာတဲ့ စစ်ကြောင်းကိုမှ ကျနော်တို့က ​ဒေသအခေါ် တောင်ကျစမ်းအထက် ပြောင်တောင်ခြေရင်းအရောက်မှာ ခွဲလိုက်တာပါ။ ကျနော်တို့အခေါ် ကျွဲမိုင်းလို့ခေါ်တာနဲ့ဆွဲခဲ့တာပါ” လို့ Phoenix DF တပ်ခွဲစာရေး ဂျူပီတာက မောင်းကိုပြောပါတယ်။

နတ်တလင်းမြို့အရှေ့ဘက် ပဲခူးတိုင်းအနောက်ခြမ်းက ကွင်းကျယ်ရွာ ဘုရားကုန်းမှာ ပျူစောထီးနဲ့စစ်တပ်အင်အား ၆၀နီးပါးတပ်စွဲနေရာယူထားပြီး ပေါင်းတည်မြို့နဲ့ စစ်ကြောင်းအသွားအပြန် လုပ်တာမျိုးတွေလည်း ရှိတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်၊ နေ့လယ်ပိုင်းကလည်း နတ်တလင်းမြို့အရှေ့ဘက် ၁၃မိုင်အကွာမှာရှိတဲ့ ဆီဆုံကုန်းကျေးရွာကို  စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့လို့ အသက် ၃၀ ကျော်အရွယ်အမျိုးသမီး၁ယောက်သေဆုံးပြီး ကလေး၁ယောက်အပါဝင် ထိခိုက်ဒဏ်ရာရသူ ၇ယောက်ထက်မနည်း ရှိခဲ့တယ်လို့လည်း သိရပါတယ်။

“တောင်ညိုမြို့သစ် စခန်းက ရဲတွေနဲ့ ပျူတွေပေါင်းပြီး ကျောက်ပြုတ်ရွာကနေ ပစ်တယ်လို့တော့ သိရတယ်။ ကျနော်တို့ PDF တွေရှိတယ်ထင်ပြီး မြင်သာတဲ့ နေရာကနေ လှမ်းပစ်တာပါ။ ၃ရက်နေ့ကလည်း ဒရုန်းနဲ့ အဲ့ဒီဆီဆုံကုန်းကို ဗုံးထပ်ကြဲပါတယ်” လို့ Phoenix DF တပ်ခွဲစာရေး ဂျူပီတာက မောင်းကိုပြောပါတယ်။

နတ်တလင်းမြို့နယ်ထဲမှာ ဆိုင်ကယ်နဲ့ကင်းပတ်လေ့ရှိတဲ့ ရဲနဲ့ စစ်အုပ်စုပျူစောထီးတွေ မကြာခဏဆိုသလို အသင့်စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခံရတာမျိုးတွေရှိပြီး စစ်အုပ်စုကလည်း အပြစ်မဲ့ အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်တာ၊  လက်နက်ကြီးပစ်ခတ်တာတွေနဲ့ ဒရုန်းတိုက်ခိုက်တာတွေဆက်တိုက်လုပ်ဆောင်နေတာလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချင်းညီနောင်ထိန်းချုပ်ထားသည့် ချင်းတောင်ပိုင်းရှိ မြို့နယ်များအား ယောဒေသမှတဆင့် စစ်အုပ်စု အင်အားအလုံးအရင်းသုံး ချဥ်းကပ်လာနေ

အကြမ်းဖက် စစ်ကော်မရှင်တပ်တွေဟာ မကွေးတိုင်း ယောဒေသကတဆင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ကြိုးစားလာနေတာကြောင့် မကွေးတိုင်းထဲကနေ ကန်ပက်လက်မြို့နယ်အတွင်း ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေကို ယာယီပိတ်ထားကြောင်း CDF - Kanpetlet တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တောင်သာနဲ့ နွားထိုးကြီးမှာ စစ်ကောင်စီ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ယောက် သေဆုံး၊ အများအပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်ထဲက တောင်သာနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ရက်ဆ​က် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ​၂ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် လုပ်ကြံခံရပြီးနောက်ပိုင်း ရန်ကုန်တွင် ဘတ္ထရီစက်ဘီးနှင့် Ebike စီးနင်းသူများ ဖမ်းဆီးငွေညှစ်ခံနေရ

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ရှင်းလင်းခံရပြီးနောက်ပိုင်း ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ဘတ္ထရီစက်ဘီးနဲ့ လျှပ်စစ်ဆိုင်ကယ် (Ebike) စီးနင်းသူတွေကို စစ်ကောင်စီက ဖမ်းဆီးငွေညှစ်တာတွေ လုပ်ဆောင်လာကြောင်း မြို့တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မန္တလေးမှာ တစ်လအတွင်း စစ်မှုထမ်းဖို့ လူငယ် ၂၀၀ ကျော် ဖမ်းဆီးစုဆောင်းခံရ 

မန္တလေးက မြို့နယ် (၇) မြို့နယ်မှာ တစ်လအတွင်း လူငယ် ၂၀၀ကျော်ကို စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီက အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း  မန္တလေးသပိတ်အင်အားစုက အသိပေးထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်တွင် စစ်ကောင်စီ၏ လက်ကျန်မိုင်းနင်းမိပြီး အမျိုးသား ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ ​မိုးကုတ်မြို့နယ်၊ လယ်ဦးကျေးရွာနေထိုင် အမျိုးသားတစ်ယောက် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကျန် စွန့်လွှတ်မိုင်းတစ်လုံးကို နင်းမိရာ ပေါက်ကွဲပြီ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘောလခဲ ခမရ ၄၂၉ မှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သား ၄ ဦး Loikaw Local PDF ထံ လက်နက်နဲ့ အလင်းဝင်ခိုလှုံ

စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်၊ ဘောလခဲတပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၄ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာကြောင်း Loikaw Local PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။