မြန်မာ့ရိုးရာအတာသင်္ကြန်ဟာ မြန်မာပြည်သူပြည်သားတွေ အားလုံးမျှော်လင့်နေတဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်အဖြစ် အသိအမှတ်ပြု စာရင်းဝင်ခဲ့ပါပြီ။

မြန်မာ့ရိုးရာသင်္ကြန်ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုဖို့အတွက် အာဏာသိမ်း စစ်ကောင်စီက ကုလသမဂ္ဂယူနက်စကို ၂၀၂၃ ခုနှစ် မတ်လမှာ တင်သွင်းထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာ မြန်မာ့သင်္ကြန်ဟာ ယူနက်စကိုရဲ့ ဆန်ခါတင်စာရင်းထဲပါလာပြီးတဲ့နောက် ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့မှာ ကျင်းပနေတဲ့ ယူနက်စကိုရဲ့ ၁၉ ကြိမ်မြောက် ကမ္ဘာဒြပ်မဲ့ယဥ်ကျေးမှု ညီလာခံကနေ “မြန်မာ့အတာသင်္ကြန်ပွဲတော်”ကို ကမ္ဘာ့ဒြပ်မဲ့ ယဥ်ကျေးမှုစာရင်း (ICH) စာရင်းဝင်အဖြစ် အသိအမှတ်ပြု ကြေညာခဲ့တာပါ။

မြန်မာ့ရိုးရာသင်္ကြန်ဟာ အာဏာမသိမ်းခင် ကာလတွေမှာ မြန်မာတစ်နိုင်ငံလုံး လူတန်းစားမရွေး ပျော်ရွှင်ကြရတဲ့ ပျော်ပွဲရွှင်ပွဲ ဖြစ်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ အရင်လိုပျော်စရာ မကောင်းတော့သလို သင်္ကြန်ရဲ့ အနှစ်သာရ မရှိတော့တာ အားလုံးလည်း အသိဖြစ်ပါတယ်။

နိုင်ငံအနှံ့ စစ်မီးတွေ တောက်လောင်နေချိန် အာဏာသိမ်းစစ်ကောင်စီက သူတို့လက်ထက်မှာ ပွဲတော်တွေကို စည်ကားအောင် အမျိုးမျိုး ဖန်တီးနေပေမယ့် တော်လှန်ပြည်သူတွေကတော့ စစ်ကောင်စီရဲ့ ပွဲတော်တွေမှာ မပါဝင်ကြဖို့ အမြဲနှိုးဆော်ထားကြပါတယ်။

စစ်အာဏာရှင်တွေ ပြုတ်မကျသေးဘဲ အုပ်စိုးမင်းမူနေသမျှ ကာလပတ်လုံး မြန်မာ့ရိုးရာပွဲလမ်းသဘင် အားလုံးဟာ မြန်မာပြည်သူတွေအတွက် အနှစ်သာရမရှိဘဲ အပေါ်ယံ ဟန်ပြသက်သက်အဖြစ်သာ ရှိနေဦးမှာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်း-မြန်မာနယ်စပ်က (၁၉) ကြိမ်မြောက် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်သို့ KNU တွဲဘက် အထွေထွေအတွင်းရေးမှူး (၂) တက်ရောက် ဂုဏ်ပြု

ထိုင်း-မြန်မာနယ်စပ်မှာ ကျင်းပြုလုပ်တဲ့ (၁၉) ကြိမ်မြောက် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) က တက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖက်ဆစ်အသွင်ကူးပြောင်းသွားသည့် စစ်တပ်ကို တော်လှန်နေသည့် လက်ရှိကာလသည် ခေတ်သစ်ဖက်ဆစ်တော်လှန်ရေးကာလဟု NUG ပြော

ပြည်သူကို ကာကွယ်ရမယ့် ​စစ်တပ်အဖြစ်ကနေ ဖက်ဆစ်အသွင်ကူးပြောင်းသွားတဲ့ စစ်တပ်ကို တော်လှန်နေတဲ့ လက်ရှိကာလဟာ ခေတ်သစ်ဖက်ဆစ်တော်လှန်ရေးကာလဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နှစ် (၈၀) ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဧရာဝတီ ဗျူဟာ(၂၉) ၏ အခြေခံစစ်ပညာသင်တန်း ဆင်းပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ် မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ဧရာဝတီ တိုင်းစစ်ဌာန၊ နည်းဗျူဟာ (၂၉)၊ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၉ ရက်မှာ ကျင်းပပြုလုပ်ခဲ့ကြောင်း ဧရာဝတီတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။
Read More

စလင်း စစ်ဘေးရှောင်များကို စစ်ကော်မရှင် ဗုံးကြဲ၍ ၁ နှစ်အရွယ်ကလေးအပါ ၂ ဦး သေဆုံးပြီး မိခင်ဖြစ်သူ ဒဏ်ရာရ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့နေရာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်း ဒရုန်းဗုံးသီးကြဲချ ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ − ပအဖ ဆီက သိရပါတယ်။
Read More

ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီ၏ ပူးလူးတူ အခြေစိုက် ခြေကုပ်စခန်းကို သိမ်းပိုက်ရရှိမှု KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားတဲ့ ခလရ (၃၁) ပွိုင့် ၁၂၄၈ ပူးလူးတူ အခြေစိုက် ခြေကုပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

ထန်တလန်မြို့သိမ်းတိုက်ပွဲမှာ CDF စစ်ဦးစီးချုပ် ကျဆုံးခဲ့ရ

ချင်းပြည်နယ်၊ ထန်တလန် မြို့သိမ်းတိုက်ပွဲမှာ အားထားရတဲ့ စစ်ဦးစီးချုပ် ကျဆုံးခဲ့တယ်လို့  ချင်းကာကွယ်ရေးတပ် CDF ထံက သိရပါတယ်။