မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီက ၄ရက်မြောက်အဖြစ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား မိသားစုဝင် ၃ယောက် ထပ်မံသေဆုံးခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပကဖတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၅ ရက်၊ ဒီနေ့မနက်အရုဏ်တက်ချိန်မှာ နွားထိုးကြီးမြို့တောင်ဘက် ၄မိုင်ခန့်အကွာမှာရှိတဲ့ အောင်သာနဲ့ အောင်ပန်းကုန်းကျေးရွာတဝိုက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးသီးတွေကြဲချခဲ့ကြောင်း သိရပါတယ်။

ဗုံးသီးတချို့ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး အိပ်ပျော်နေတဲ့ ​မိသားစုဝင် ၃ယောက်လုံး ပွဲချင်းပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

” ဒီမနက် ၅နာရီလောက် အောင်သာနဲ့ အောင်ပန်းကုန်းရွာကြားတဝိုက်ကို လေယာဉ်နဲ့ ဗုံးအလုံး ၂၀ခန့် ကြဲခဲ့ပါတယ်။ အိပ်ပျော်နေရင်း ဖြစ်လို့ မိသားစု၃ယောက်လုံ ပွဲချင်းပြီး သေဆုံးခဲ့တယ်ပေါ့။ နောက်ပြီး မွေးထားတဲ့ နွား၅ကောင် သေပါတယ်” လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

သေဆုံးသူ ၃ယောက်ဟာ အောင်ပန်းကုန်းကျေးရွာအတွင်း နေထိုင်တဲ့  ဦးကျော်သူမိုး၊ ဇနီးသည် ဒေါ်ခင်အေးကျင်နဲ့ သားဖြစ်သူ မောင်အောင်ပြည့်လျှံတို့ဖြစ်ကြောင်း သိရပါတယ်။

အောင်ပန်းကုန်းရွာ လေကြောင်းတိုက်ခံရပြီးသေဆုံးခဲ့သူများ

ဒါ့အပြင် ဒီဇင်ဘာ ၅ရက် ဒီနေ့ မနက်၈နာရီအချိန်မှာလည်း မြင်းခြံ စစ်ကောင်စီတပ်ကနေ ဟောင်ဝှစ်ဇာ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့လို့ လက်ဝဲရွာကို ကျရောက်ပေါက်ကွဲပြီး အသက် ၇၀ အရွယ် အမျိုးသားကြီး ၁ယောက်လည်း သေဆုံးခဲ့ကြောင်း နွားထိုးကြီးပကဖ တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ရက်နေ့နဲ့ ၃ရက်နေ့တွေကလည်း နွားထိုးကြီးမြို့နယ်ထဲက နဘဲမြစ်ရွာနဲ့ ကွမ်းအုံကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့လို့ ကိုရီးယားသင်တန်းကျောင်း တက်ရောက်နေတဲ့ ကျောင်းသား၂ ယောက်နဲ့ မြေးအဘွား ၂ ယောက် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၄ ရက်နေ့ နေ့ခင်းပိုင်းမှာလည်း သမ္မတဟောင်းဦးသိန်းစိန် တည်ခဲ့တဲ့ ဘုရားရှိရာ လုံးတောရွာဘုန်းကြီးကျောင်းဆီ လေယာဥ်နဲ့ဗုံးကြဲခဲ့ပြီး ကပ္ပိယ ၁ယောက် သေဆုံးကာ ကိုရင်တွေ အပါအဝင် ထိခိုက်ဒဏ်ရာရသူ ၈ ယောက်အထိ ရှိခဲ့ပါတယ်။

အောင်ပန်းကုန်းရွာ လေကြောင်းတိုက်ခံရပြီးသေဆုံးခဲ့သူများ

“မနေ့က ကြဲတဲ့ လုံးတောရွာဆို ကြံ့ခိုင်ရေး ထောက်ခံတဲ့ ရွာပါ။ ပြီးတော့ နွားထိုးကြီး မြို့နယ်

ဝန်ကြီး ဉာဏ်ထွန်းအောင်ရဲ့ဇာတိရွာပါ။ ဘာ PDF မှလည်း မရှိသလို ဘာစစ်ရေးမစ်ရှင်မှတောင် မရှိတဲ့ ရွာပါ။ ဒါတောင် သူတို့ ကြဲတာ ကြည့်ခြင်းအားဖြင့် အရှင်းကြီးပါ။ ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူကိုပစ်မှတ်ထားပြီး ရက်ရက်စက်စက် သတ်နေတာပါပဲ” လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကမောင်းကိုပြောပါတယ်။

ဒီဇင်ဘာ ၂ရက်နေ့ကစလို့ ဒီနေ့ ဒီဇင်ဘာ ၅ရက်နေ့အထိ ၄ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အို အပါအဝင် သေဆုံးသူ ၉ ယောက်ထက်မနည်း ရှိနေပြီ ဖြစ်ပါတယ်။

အောင်ပန်းကုန်းရွာ လေကြောင်းတိုက်ခံရပြီးသေဆုံးခဲ့သူများ

တော်လှန်ရေးအားကောင်းရာ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ခရိုင်အထူးစစ်ဆင်ရေးအားကောင်းလာတာနဲ့အမျှ စစ်အုပ်စုဘက်ကလည်း စစ်ပွဲနဲ့လုံးဝမသက်ဆိုင်တဲ့ အရပ်သားတွေကို သိသိသာသာ ပစ်မှတ်ထား သတ်ဖြတ်ပြရင်း တော်လှန်ရေးအရှိန်လျော့အောင် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မှာ စစ်အုပ်စုစောင့်ကြည့်ခံနေရတဲ့ သရက်ကန်ရွာထဲက အရပ်သား၄၀ ကျော် ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ ထွက်ပြေးခိုလှုံလာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ပျူစောထီးတွေ ပိတ်ဆို့စောင့်ကြည့်နေတဲ့ သရက်ကန်ရွာကနေ အရပ်သား ၄၀ ကျော် တော်လှန်ရေးအင်အားစုတွေဆီ ထွက်ပြေးခိုလှုံလာတယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင် က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ငှက်သားပေါက်ရာသီအတွင်း ငှက်ပစ်အမဲလိုက်တာတွေမလုပ်ဖို့ မင်းတပ် ပအဖ သတိပေး

ရှားပါးငှက်မျိုးစိတ်တွေရဲ့ သားပေါက်ရာသီ ဖြစ်တာကြောင့် မင်းတပ်မြို့နယ်အတွင်း ငှက်ပစ်အမဲလိုက်တာတွေ ၂ လကြာ ပိတ်ပင်တားမြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
Read More

ဆောမြို့ပေါ် ၁၃ နှစ်အရွယ် မိန်းကလေးအား မုဒိမ်းကျင့် သတ်ကာ အလောင်းဖျောက်ခဲ့သူကို နယ်မြေခံတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်းထား၊ သေဒဏ်ပေးရန် ပြည်သူများ ဆန္ဒပြနေ

မကွေးတိုင်း၊ ဆောမြို့ပေါ်မှာ အသက် ၁၃နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့တဲ့ တရားခံကို နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၁ဦး MBT တပ်ဖွဲ့ထံ လက်နက်နှင့်တကွ အလင်းဝင်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၁ယောက်ဟာ လက်နက်နှင့်တကွ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာတယ်လို့ MBT တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 
Read More

စစ်ကောင်စီက ကျုံပျော်အခြေစိုက်တပ်မှာ လေ့ကျင့်နေတဲ့ စက်တပ်လေထီးတွေနဲ့ ရခိုင်ဒေသကို သွားရောက်ဗုံးကြဲနေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်ထဲမှာ လေ့ကျင့်ရေးပြုလုပ်နေတဲ့ စက်တပ်လေထီးတွေကို အသုံးပြုပြီး စစ်ကောင်စီက ရခိုင်ဒေသကို သွားရောက် ဗုံးကြဲနေကြောင်း ခလရ ၃၆ တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

မှော်ဘီလေတပ်စခန်းမှာ အကြမ်းဖက်စစ်တပ် စက်တပ်လေထီး မောင်းနှင်မှု သင်တန်းပို့ချနေ

ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းထဲမှာ အကြမ်းဖက်စစ်ကောင်စီက စက်တပ်လေထီး မောင်းနှင်မှု သင်တန်းပို့ချနေတယ်လို့ မှော်ဘီလေတပ်စခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။