စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေမှု့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ရကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၄ ရက်၊ မနေ့က မနက်ပိုင်းမှာ ခင်ဦးမြို့ပေါ် ဆေးရုံကြီးအနီးကို မောင်းနှင်လာတဲ့ စစ်ကောင်စီ သံပြားကာကားကို တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြိုပစ်ခတ်ရင်း နှစ်ဖက်ထိတွေ့မှုဖြစ်ခဲ့တာလို့ ခင်ဦးမြို့နယ် သတင်းအမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

နှစ်ဖက်ပစ်ခတ်မှု ဖြစ်နေစဉ်အတွင်း စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ ၆၀ မမ လက်နက်ကြီး ထိမှန်ခဲ့တဲ့အတွက် ပြည်သူ့ကာကွယ်ရေးရဲဘော် ကိုနွေဦး ကျဆုံးခဲ့ရပြီး ကျန်တဲ့မြို့ပေါ်  UG နဲ့ ပူးပေါင်းရဲဘော် ၅ ယောက်လည်း လက်နက်ကြီးစထိမှန်ကာ ဒဏ်ရာကိုယ်စီ အပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော် ကိုနွေဦးကို မီးရှို့သဂြိုဟ်နေစဥ်

အဲ့ဒီနေ့ ညနေပိုင်းမှာပဲ ကျဆုံးသွားတဲ့ ရဲဘော်ကိုနွေဦးရဲ့စျာပနကို ကျင်းပပြုလုပ်ပေးခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာပြင်းထန်တဲ့ ရဲဘော်တွေကိုလည်း ဆေးကုသမှုပေးနေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုထဲ စစ်ကောင်စီဘက်ကလည်း ထိခိုက်မှုတွေရှိခဲ့ပြီး အသေးစိတ်ကိုတော့ စုံစမ်းနေတယ်လို့ သိရပါတယ်။

ဒီလိုမျိုး ထိတွေ့မှုတွေရှိနေတဲ့ ခင်ဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေက ပြည်သူ့ဆေးရုံကြီးက Non CDM ဆရာဝန်တွေနဲ့ ပူးပေါင်းပြီး မြို့နေ မိခင်တွေနဲ့ ကလေးငယ်တွေကို ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြဖို့ အတင်းအကြပ်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

တိုက်ပွဲအတွင်း အသက်နှင့် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့သည့် ရဲဘော်များ၏ မိသားစုဝင်များကို ဒုတိယအကြိမ် သွားရာက်ဂါရဝပြုကန်တော့

ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးလှူသွားခဲ့ကြတဲ့ ဂန့်ဂေါခရိုင်တပ်ရင်း (၆) က ရဲဘော်တွေ၊ ကိုယ်လက်အင်္ဂါ ပေးလှူခဲ့ကြတဲ့ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဒုတိယအကြိမ်မြောက် သွားရောက် အလေးပြု​ခြင်းနဲ့ ဂါရဝပြုကန်တော့​ခြင်း​ ပြုလုပ်ခဲ့တယ်လို့ အဆိုပါ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် သံဃာတော် (၁)ပါး ပျံလွန်ပြီး ပြည်သူ (၂) ယောက် ထိမှန်ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အင်းဝိုင်းကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် သံဃာတော် (၁)ပါး ပျံလွန်တော်မူပြီး ဒေသခံပြည်သူ (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ပဲခူး၊ မင်းလှမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကံတင်ဘီလင်းဆည်ဘောင်ပေါ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်တံခါးမြို့နယ်မှာ စစ်မှုထမ်းဆင်း တပ်သားသစ် ၁ ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်လာ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကနေ အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းခြင်းခံခဲ့ရတဲ့ တပ်သားသစ် ၁ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် ( ၂ ) တပ်ရင်း (P2-3702) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့

စစ်ကောင်စီက တစ်ပတ်အတွင်းမှာ တောင်ပိုင်းစစ်ဒေသထဲက အပြည့်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ (၅) ဦး ထိခိုက် ဒဏ်ရာရ၊ နေအိမ် (၁) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကြေညာထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ (၅) ယောက် ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် (၁) လုံးနဲ့ ဘုန်းကြီးကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။