ကရင်ပြည်နယ် တပ်မဟာ ၆နယ်မြေက အကြမ်းဖက်စစ်တပ်ရဲ့ အနန်းကွင်းဗျူဟာကုန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်နေပြီး အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၄ရက် ညပိုင်းမှာ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

အနန်းကွင်းဗျူဟာကုန်း အနီးတဝိုက်ကို ပစ်မှတ်ထားကာ ဗုံးအလုံးရေ ၂၀ ထက်မနည်း လာရောက်ကြဲချခဲ့ကြောင်း သိရပါတယ်။

“အနန်းကွင်းဗျူဟာကုန်း အနီးတဝိုက်ကို လေယာဥ်နဲ့ စစ်တပ်က ဗုံးလာကြဲတာ။ အလုံး၂၀ ကျော်လောက်ရှိတယ်။ အနန်းကွင်းဗျူဟာ မကျဆုံးရေးကို အကြမ်းဖက်စစ်တပ်က အသည်းအသန် ကာကွယ်နေတယ်။ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ လေယာဥ်နဲ့ ဗုံးကြဲတာတွေလုပ်ဆောင်နေတယ်” လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကရင်ပြည်နယ်မှာရှိတဲ့ တပ်စခန်းတွေကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာနေပြီး ကော့ကရိတ်၊ ဘားအံမြို့နယ်ဘက်တွေကိုလည်း စစ်ကူအင်အားတွေ ပို့ဆောင်လာနေတယ်လို့ အထက်ပါ သတင်းရင်းမြစ်က ပြောပါတယ်။

“ကော့ကရိတ်ဘက်မှာလည်း ဒီဇင်ဘာ ၃ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ဘားအံဘက်ကို အကြမ်းဖက်စစ်တပ်က ကား ၁၀ စီးနဲ့ လူအင်အား လက်နက်အင်အားတွေ ဖြည့်တင်းပေးနေတယ်” လို့ ဘားအံဒေသခံတစ်ယောက်က ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ကရင်ပြည်နယ် မြဝတီ- ကော့ကရိတ် အာရှလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ဒရုန်းတွေကို ပိုမိုအသုံးပြုလာနေပြီး အာရှလမ်းပိုင်းတွေမှာလည်း KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွါးနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာရှိ စစ်ကော်မရှင်တပ်သားများကို ဝင်ရောက်တိုက်ခိုက်၊ တပ်ကြပ်ကြီးအဆင့် (၂) ဦးအပါ ၇ ဦးသေဆုံးပြီး ဒုဗိုလ်မှူးကြီးအပါ ၅ ဦး ဒဏ်ရာရ…

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်−ထီးခီးလမ်းပေါ်ရှိ ပကာရီကျေးရွာရှိ ယက္ကန်းစင်ဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကျားဖြန့်တိုက်ဖျက်ရေးတွင် KNU ပါဝင်လာ၊ ကျားဖြန့်ဂိုဏ်းနေရာကို နိုင်ငံတကာ လာ‌ရောက်လေ့လာရန် ဖိတ်ခေါ် 

မြဝတီမြို့ တောင်ဘက် ၁၆ ကီလိုမီတာအကွာရှိ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ထိန်းချုပ်ရာ မင်းလက်ပံ (ဖလူး) ဒေသ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)နေရာကို နိုင်ငံတကာအနေနဲ့ လာရောက် လေ့လာဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU)  က ဒီနေ့ ဖိတ်ခေါ်လိုက်ပါတယ်။ 
Read More

အမျိုးသမီး ၁ဦးကို ထိုးကြိတ်ကာ သေနတ်ပြ ခြိမ်းခြောက်မှု စွပ်စွဲချက်ဖြင့် နေပြည်တော် PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံ စစ်ဆေးခံနေရ၊ ဆဲဆိုခဲ့ခြင်းသာဖြစ်ပြီး ရိုက်နှက်ခြိမ်းခြောက်ခြင်း မရှိခဲ့ဘူးဟု ဗိုလ်ဓူဝံ တုံ့ပြန်

အမျိုးသမီး ၁ယောက်ကို ထိုးကြိတ်ရိုက်နှက်ပြီး သေနတ်နဲ့ ခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ထောက်အရာရှိ ရဲဘော်ဓူဝံကို ခေါ်ယူစစ်ဆေးမေးမြန်းနေပြီဖြစ်တယ်လို့ PDF နေပြည်တော် တိုင်းစစ်ဌာန၊ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို ပစ်သည့် ကျည်တိုင်းသည် တရားသောစစ် ဖြစ်ကြောင်း NUG ကာကွယ်ရေးဒုဝန်ကြီး ပြော

အကြမ်းဖက်စစ်တပ်ကို ပစ်ခတ်တဲ့ ကျည်တစ်တောင့်စီတိုင်းဟာ တရားသောစစ်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်က PDF တပ်မတော် (၄) နှစ်ပြည့်မှာ ပြောကြားလိုက်ပါတယ်။
Read More

မင်းတပ်ကို အောက်တိုဘာလတစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၅ကြိမ်ထက်မနည်း ပြုလုပ်ခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို​အောက်တိုဘာလအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးသီး ၇၀ကျော်ကြဲတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Mindat)က ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်၏ လုပ်ရပ်များအတွက် ဂုဏ်ယူသည်ဟု အငြိမ်းစား ထိပ်ပိုင်း စစ်တပ်အရာရှိများ ပြော

တိုင်းပြည်ကို မတရားအာဏာသိမ်းကာ နိုင်ငံတစ်ဝန်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို ဂုဏ်ယူတယ်လို့ အငြိမ်းစား စစ်တပ်အရာရှိတွေက ပြောကြားလိုက်ပါတယ်။