မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းမှာ အမ်းမြို့ဘက် ဦးတည်နေတဲ့ အကြမ်းဖက်စစ်တပ် ရိက္ခာတင်ကား ၃ စီးနဲ့ ငဖဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၃ ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PRA-Magway တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းမပေါ် စွန်တက်ရွာနဲ့ လင်းတဲရွာအကြား အင်အား ၅၀ ခန့်ပါဝင်တဲ့ စစ်ကောင်စီရဲ့ ရိက္ခာစစ်ကား ၃ စီးကို PRA-Magway တပ်ဖွဲ့က ဒီဇင်ဘာလ ၄ ရက် မနေ့က နေ့လည်ပိုင်းမှာ ခြုံခို မိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ်ကျော် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်သား ၉ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့အပြင် စစ်တပ်ရဲ့ ရိက္ခာကား ၂ စီးလည်း မောင်းမရတဲ့အထိ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၃ ရက်ကလည်း ငဖဲမြို့နယ်၊ ဘုံးဘောရွာကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၉ဝ ပါ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၅ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၄ ယောက် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ကာ စစ်ကူရောက်ရှိ လာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ခေတ္တပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ-အမ်း) ကနေ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း PRA-Magway က ကင်းပုန်းချ ပိတ်ဆို့ဖမ်းဆီးမှုတွေ ပြုလုပ်နေတာကြောင့် ထိတွေ့တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ ပထမအပတ် အတွင်း စစ်ကောင်စီတပ် အင်အား ၅၀ နီးပါးကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ငယ် ၈ လက်၊ ခဲယမ်းနဲ့ စစ်အသုံးအဆောင်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ (PRA-Magway) က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ တာဝန်မဲ့မှုကြောင့် ဒေါက်တာဇော်မြင့်မောင် ထောင်တွင်း ပြင်းထန်စွာ ထိခိုက်ခံစားပြီး ကွယ်လွန်ခဲ့ရကြောင်း NUG ထုတ်ပြန်

စစ်ကောင်စီရဲ့ တာဝန်မဲ့တဲ့ လုပ်ရပ်ကြောင့် အကျဉ်းထောင်အတွင်း လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိဘဲ ကွယ်လွန်ခဲ့ရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို အတုယူစရာ၊ မော်ကွန်းတင်စရာ နိုင်ငံရေးသမားကောင်းတစ်ယောက်အဖြစ်  ဝမ်းနည်းစွာနဲ့ ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။
Read More

လားရှိုးကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ကားဝပ်ရှော့နဲ့ ကား ၁၂ စီး ပျက်စီးဆုံးရှုံးခဲ့ရ

လားရှိုးမြို့ကို မနေ့က စက်တင်ဘာ ၂၈ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ကား၁၂စီး ပျက်စီးဆုံးရှုံးခဲ့ရပြီး သိန်းတစ်ထောင်ကျော်နီးပါး ဆုံးရှုံးခဲ့ရကြောင်း MNDAA က အသိပေး ထုတ်ပြန်ပါတယ်။ စက်တင်ဘာလ ၂၈ ရက် မနေ့က ည ၈ နာရီ ၃၄ မိနစ်လောက်မှာ လားရှိုးမြို့ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရပ်ကွက် ၈ မန်ဆူဟိုတယ်အနီးကို ပေါင်ချိန်များတဲ့ ဗုံးတစ်လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။
Read More

ထာ၀ရငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းစေလိုတဲ့ ရည်ရွယ်ချက်သာရှိတယ်လို့ မင်းအောင်လှိုင် စိတ်ထဲကမပါဘဲ ပြော

နိုင်ငံတစ်ဝန်းမှာ  လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ထာ၀ရ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းစေလိုတဲ့ ရည်ရွယ်ချက်သာရှိတယ်လို့ အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။  
Read More

အရပ်သား ၆ ယောက် သေဆုံးခဲ့တဲ့ မိုးကုတ်မြို့ ကျောက်တွင်းလုပ်ကွက် စစ်တပ်ဗုံးကြဲမှုဖြစ်စဥ် NUG လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ဝင်းထရံ ရပ်ကွက်က ကျောက်တွင်းလုပ်ကွက် (ဝင်းထရံလုပ်ကွက်)ကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စခန်းသိမ်းတိုက်ပွဲများ စစ်ကြောင်းလိုက်ပြုတ်အောင် တိုက်သည့်တိုက်ပွဲများနှင့် လူသိများသူ စစ်ကြောင်းမှူး ရဲဘော်နိုင်မင်း ကျဆုံးကြောင်း ULF စစ်ကြောင်း အတည်ပြုထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက ရှေ့တန်းတစ်နေရာမှာ လေကြောင်းဒဏ်သင့်ပြီး ကျဆုံးခဲ့တဲ့ စစ်ကြောင်းမှူး ရဲဘော်နိုင်မင်းရဲ့ ခေါင်းဆောင်မှု ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်စွန့်စားမှုတွေအပေါ် ကမ္ဗည်းမော်ကွန်းတင်ပြီး တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ Union Liberation Front - ULF စစ်ကြောင်း က စက်တင်ဘာလ ၁၃ရက်(ဒီနေ့) နေ့စွဲနဲ့ ထုတ်ပြန်လာပါတယ်။
Read More

စလင်း-ဆိပ်ဖြူကားလမ်းပိုင်းမှ ကျေးရွာများကို စစ်ကောင်စီတပ် ၁၀ ရက်ကျော် စစ်ကြောင်းထိုးမီးရှို့၊ အိမ်ခြေ ၁၇၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့

မကွေးတိုင်း၊ စလင်းမြို့နယ်၊ စလင်း-ဆိပ်ဖြူကားလမ်းပိုင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ၁၀ ရက်ကျော်ကြာ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၁၇၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။