ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မောဖောင်းကျေးရွာအနီးမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ နမ့်ပေါင်လေယာဥ်ကွင်းကို တော်လှန်ရေးတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့ကြကြောင်း မောဖောင်းကျေးရွာ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီဇင်ဘာလ ၄ရက်နေ့ မနက်၆နာရီကျော်မှာ ရှော့တိုက်ဒုံး ၈လုံးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး လေယာဥ်ပြေးလမ်း ထိခိုက်ပျက်စီးသွားကြောင်း ကနဦး သိရပါတယ်။

“ကချင်ပြည်နယ် ဗန်းမော်မြို့နယ်က တိုက်ပွဲတွေကို လေယာဥ်စစ်ကူ ပစ်ကူတွေ မလုပ်နိုင်အောင် တိုက်ခိုက်တဲ့သဘောမျိုးရှိတယ်။ လေယာဥ်ပြေးလမ်းတော့ ပျက်စီးသွားတယ်။ အခြားထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူး”လို့ လေယာဥ်ကွင်းအနီးမှာ နေထိုင်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

“ကချင်ပြည်နယ် တိုက်ပွဲတွေ ဖြစ်ပြီဆိုရင် အကြမ်းဖက်စစ်တပ်က လေကြောင်းကို အဓိက အားထားအသုံးပြုနေတာ။ မြစ်ကြီးနားမြို့နယ်အတွက် အဓိက အကြမ်းဖက်စစ်တပ်ရဲ့ နမ်ပေါင်လေယာဥ်ကွင်းကနေ လေယာဉ်တွေပျံတက်တာတွေ ရှိခဲ့တယ်။ ဗန်းမော်မြို့နယ် တိုက်ပွဲတွေမှာတော့ နမ်ပေါင်လေယာဥ်ကွင်းက လေယာဥ်တွေ ပျံမတက်နိုင်အောင် ဟန်တားနိုင်ခဲ့တဲ့သဘောရှိတယ်” လို့လည်း အထက်ပါဒေသခံက ဆက်ပြောပါတယ်။

ဗန်းမော်မြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့ တပ်စခန်းတွေကို KIA PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၃ရက်နေ့က စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

ဒီဇင်ဘာ ၄ရက်နေ့မှာ ဗန်းမော်၊ မံစီ၊ မိုးမောက်မြို့နယ်တွေထဲက အကြမ်းဖက်စစ်တပ်စခန်း ၉ခုထက်မနည်း သိမ်းပိုက်ထားနိုင်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

0 Shares:
You May Also Like
Read More

KK Park နဲ့ ပတ်သက်ပြီး KNU အပေါ် စစ်တပ်၏ စွပ်စွဲမှုများကို တုံ့ပြန်သွားမည်ဟု ပဒိုစောတာနီး ပြော

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

ကချင်ပြည်နယ် တိုက်ပွဲများအတွင်း ကလေးခရိုင်အမှတ် (၉) တပ်ရင်း၊ မင်းကင်း PDF တပ်ရင်း (၃) ၏ ဒုတပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၁၅ ဦး ကျဆုံးခဲ့

ကချင်ပြည်နယ်၊ ရှေ့တန်းစစ်မြေပြင်တိုက်ပွဲတွေအတွင်း ကလေးခရိုင် အမှတ် (၉) တပ်ရင်း၊ မင်းကင်း PDF တပ်ရင်း (၃) က ဒုတပ်ရင်းမှူး ၁ ယောက်နဲ့ တပ်ဖွဲ့ဝင် ၁၄ယောက် အသီးသီး ကျဆုံးထားကြောင်း အဆိုပါတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စျေးဝယ်ထွက်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများ စနိုက်ပါဖြင့် ပစ်ခံရပြီး ၃ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ စျေးဝယ်ပြန်လာတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃ယောက်သေဆုံးခဲ့ကြောင်း Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံ တာဝန်ခံ ကိုသက်ကြီးက မောင်းကိုပြောပါတယ်။
Read More

မြောင်က ကျေးရွာတချို့ကို CDSOM အဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ကျေးရွာတချို့ကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) တပ်ဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
Read More

ကန်ဖန်းရွာမှ အလင်း၀င်လာတဲ့ ပြည်သူ့စစ် ၁၀၀ကျော်ကို KIA ကဂုဏ်ပြု

ကချင်ပြည်နယ် ဖီမော်မြို့၊ ကန်ဖန်းရွာမှ KIA နဲ့ ပူးပေါင်းပြီးအလင်းဝင်ရောက်ခဲ့တဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဂုဏ်ပြု ကြိုဆိုခဲ့တယ်လို့ ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ကျွန်းလှအနောက်ခြမ်းတွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ် လေကြောင်း အဆက်မပြတ် အသုံးပြုနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း စစ်တပ်လော်ဘီတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။