ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ  စစ်ကောင်စီတပ်သားတွေခိုးယူသွားတဲ့ အရပ်သားတွေရဲ့ ပစ္စည်းများကို AA က မူလပိုင်ရှင်များထံ ပြန်လည် အပ်နှံခဲ့တယ်လို့ အသိပေးထုတ်ပြန်လိုက်ပါတယ်။

ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့ပြီးလို့မေလ ၁၈ ရက်နေ့ နောက်ပိုင်းမှ စတင်ပြီး ဘူးသီးတောင်မြို့ပေါ် ရပ်ကွက်များမှ လူနေအိမ်၊ တိုက်တာ အဆောက်အအုံများကို ရည်ရွယ်ချက် ရှိရှိဖြင့် မီးရှို့ဖျက်ဆီးခဲ့သောသူများ နဲ့ သူခိုးများကို ရခိုင်တပ်တော်၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ လုံခြုံရေး တပ်ဖွဲဝင်များမှ လိုက်လံ ရှာဖွေ ဖမ်းဆီးနိုင်ခဲ့တာပါ။

ဘူးသီးတောင်မြို့ရှိ လူမျိုးပေါင်းစုံနေအိမ်များမှ သူခိုးများခိုးယူထားသော သက်သေခံပစ္စည်းများအား ပိုင်ရှင်များထံသို့ ပြန်လည်အပ်နှံနေစဉ် (ဓာတ်ပုံ AA Info Desk)
ဘူးသီးတောင်မြို့ရှိ လူမျိုးပေါင်းစုံနေအိမ်များမှ သူခိုးများခိုးယူထားသော သက်သေခံပစ္စည်းများအား ပိုင်ရှင်များထံသို့ ပြန်လည်အပ်နှံနေစဉ် (ဓာတ်ပုံ AA Info Desk)

တစ်ဆက်တည်းမှာပဲ ဖမ်းဆီးပြီးတဲ့နောက် သက်သေခံ ပစ္စည်းများ၊ ထွက်ဆိုချက်များအပေါ် အခြေခံ၍ တရားဥပဒေနည်းလမ်း ကျကျ စစ်ဆေးကာ အပြစ်ပေး အရေးယူလျက်ရှိတယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။

ရာချီသော သူခိုးများနဲ့ ခိုးရာပါ ပစ္စည်းလက်ခံထားသူများကို AA ၏ လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးကာ တရားနည်းလမ်းကျကျ စစ်ဆေးပြီးနောက် အပြစ်ပေး အရေးယူထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

AA က ဖမ်းဆီးရရှိမိသူ အများစုဟာ  ဘူးသီးတောင်မြို့မှ အကြမ်းဖက် စစ်တပ်၏ စစ်သင်တန်း ဆင်းထားကြသောသူများဖြစ်ပြီး အကြမ်းဖက် မီးရှို့ဖျက်ဆီးကြသောသူများ၊ ARSA အဖွဲ့ ၊ RSO အဖွဲ့နှင့် ARA အဖွဲ့နှင့် ဆက်စပ်နေသူများ ဖြစ်တယ်လို့ သိရပါတယ်။

ဘူးသီးတောင်မြို့ရှိ လူမျိုးပေါင်းစုံနေအိမ်များမှ သူခိုးများခိုးယူထားသော သက်သေခံပစ္စည်းများအား ပိုင်ရှင်များထံသို့ ပြန်လည်အပ်နှံနေစဉ် (ဓာတ်ပုံ AA Info Desk)
ဘူးသီးတောင်မြို့ရှိ လူမျိုးပေါင်းစုံနေအိမ်များမှ သူခိုးများခိုးယူထားသော သက်သေခံပစ္စည်းများအား ပိုင်ရှင်များထံသို့ ပြန်လည်အပ်နှံနေစဉ် (ဓာတ်ပုံ AA Info Desk)
ဘူးသီးတောင်မြို့ရှိ လူမျိုးပေါင်းစုံနေအိမ်များမှ သူခိုးများခိုးယူထားသော သက်သေခံပစ္စည်းများအား ပိုင်ရှင်များထံသို့ ပြန်လည်အပ်နှံနေစဉ် (ဓာတ်ပုံ AA Info Desk)

အာရက္ခ ဒေသ၏ စစ်ပွဲကာလများအတွင်း ဘူးသီးတောင်မြို့ပေါ်ရှိ ခိုးယူသွားခြင်းခံခဲ့ရသော ပိုင်ရှင် အစစ်အမှန်များ၏ တိုင်တန်းချက်များအရ ဘူးသီးတောင်မြို့ လုံခြုံရေးတပ်ဖွဲ့မှ ရှာဖွေတွေ့ရှိခဲ့သည့် ပစ္စည်းများကို မူလ ပိုင်ရှင်များလက်ထဲသို့ တရားဝင် အခမ်းအနားဖြင့် ပြန် လည် အပ်နှံခြင်းတို့ကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဘူးသီးတောင်မြို့ တစ်နေရာ၌ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ အခမ်းအနားအတွင်း ပိုင်ရှင်အစစ်အမှန် ၃၁ ဦး လက်ထဲကို ၎င်းတို့၏ ပစ္စည်းများကို ပထမအကြိမ်အနေဖြင့် ကောင်းမွန်စွာအပ်နှံပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘူးသီးတောင်မြို့ရှိ လူမျိုးပေါင်းစုံနေအိမ်များမှ သူခိုးများခိုးယူထားသော သက်သေခံပစ္စည်းများအား ပိုင်ရှင်များထံသို့ ပြန်လည်အပ်နှံနေစဉ် (ဓာတ်ပုံ AA Info Desk)
ဘူးသီးတောင်မြို့ရှိ လူမျိုးပေါင်းစုံနေအိမ်များမှ သူခိုးများခိုးယူထားသော သက်သေခံပစ္စည်းများအား ပိုင်ရှင်များထံသို့ ပြန်လည်အပ်နှံနေစဉ် (ဓာတ်ပုံ AA Info Desk)
ဘူးသီးတောင်မြို့ရှိ လူမျိုးပေါင်းစုံနေအိမ်များမှ သူခိုးများခိုးယူထားသော သက်သေခံပစ္စည်းများအား ပိုင်ရှင်များထံသို့ ပြန်လည်အပ်နှံနေစဉ် (ဓာတ်ပုံ AA Info Desk)
ဘူးသီးတောင်မြို့ရှိ လူမျိုးပေါင်းစုံနေအိမ်များမှ သူခိုးများခိုးယူထားသော သက်သေခံပစ္စည်းများအား ပိုင်ရှင်များထံသို့ ပြန်လည်အပ်နှံနေစဉ် (ဓာတ်ပုံ AA Info Desk)
0 Shares:
You May Also Like
Read More

တောင်သာနှင့် သပိတ်ကျင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၊ အရပ်သား ထိခိုက်သေဆုံးမှုများ ရှိ

မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ တောင်သာမြို့နယ်တို့မှာ စစ်ကောင်စီက နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ဗုံးခိုကျင်းတွေ အသုံးပြုကြဖို့ ဒေသတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
Read More

စစ်ဆင်ရေးနယ်မြေအတွင်းက 96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) တော်လှန်ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ 96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) က တပ်ခွဲ-၂ တပ်ခွဲမှူး ကိုအငယ်လေးက ရှေ့တန်းစစ်ဆင်ရေးအတွက် ရဲဘော်တွေကို မှာကြားနေတဲ့ ပုံရိပ်တွေကို ထုတ်ပြန်လာပါတယ်။
Read More

NUG အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးနှင့် ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးအဖွဲ့ဝင်များ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးက ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တောင်ဒဂုံတွင် မဘသအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအတွက် လူငယ် ၁၀ ဦးကို ဖမ်းဆီးကာ စစ်သင်တန်းကျောင်း ပို့

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ စစ်အုပ်စုလက်ပါးစေ ၅၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး သီဟမျိုးနိုင်နဲ့ အပေါင်းအပါတွေက စစ်မှုထမ်းအတွက် လူငယ် ၁၀ ယောက်ထက်မနည်းကို အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

သန်းခေါင်စာရင်းကောက်ဖို့ လုံးပန်းနေတဲ့ ပျူခေါင်းဆောင်တစ်ဖြစ်လဲ အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရချိန် သေနတ်လုလို့ ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္ထရာမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ဖို့ လုံးပန်းနေတဲ့ နန်ကြူရွာ၊ အုပ်ချုပ်ရေးမှူးဆိုသူကို ဖမ်းဆီးလာရင်း သေနတ်လုဖို့ကြိုးစားတာကြော င့်နေရာတင်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူထံက သိရပါတယ်။ အောက်တိုဘာ ၁ရက်၊ ညပိုင်းက စေတုတ္ထရာမြို့နယ်၊…
Read More

ရဲဘော်တွေ ကျင့်ဝတ်ဖောက်ဖျက်ရင် တိုင်ကြားနိုင်တယ်လို့ အမှတ် (၁၂၂၂) တပ်ရင်း ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၂၂၂) တပ်ရင်းက ရဲဘော်တွေ ပြည်သူထုအပေါ် ကျင့်ဝတ်ဖောက်ဖျက်ရင် လာရောက်တိုင်ကြားနိုင်ကြောင်းကို ထုတ်ပြန်ကြေညာပါတယ်။