စီးပွားရေးနဲ့ပတ်သက်ရင် နိုင်ငံဟာ မြေပြင်မှာ တိုးတက်မှုနည်းပါးနေသေးတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံပြောကြားလိုက်ပါတယ်။

စီးပွားရေးနဲ့ ပတ်သက်ရင် တိုးတက်မှု နည်းပါးနေသေးတာကို တွေ့ရတယ်လို့ စစ်ခေါင်းဆောင်က ဒီဇင်ဘာ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။

ကိန်းဂဏန်းအချက်အလက်တွေအရ အောင်မြင်မှုတွေနဲ့ ကျေနပ်နေလို့ မရဘဲ လက်တွေ့မြေပြင်မှာလည်း အမှန်တကယ် တိုးတက်အောင်မြင်မှုရှိဖို့ လိုတယ်လို့  အာဏာသိမ်းစစ်ခေါင်းဆောင်က သူ့ရဲ့ ဩဇာခံ စစ်အုပ်စုကို ညွှန်ကြားပြောဆိုခဲ့ပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားစဉ် (ဓာတ်ပုံ စကစ ပြန်ကြားရေးဝန်ကြီးဌာန)

စီးပွားရေးအရ နိုင်ငံဟာ အခြေအနေဆိုးရွားစွာကျဆင်းနေမှုဟာ စစ်တပ်က မတရား အာဏာသိမ်းမှုကြောင့်လို့  စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တိုက်ရိုက်ဝန်ခံပြောကြားခြင်းမဟုတ်ပေမယ့်  သူ့ရဲ့အစိုးရအဖွဲ့ဝင်တွေကို အမြန်ဆုံးတိုးတက်အောင်လုပ်ဆောင်ဖို့လည်း တောင်းဆို တိုက်တွန်းလိုက်ပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ နဲ့ပတ်သက်ပြီး ပြည်နယ် နဲ့ တိုင်းအဆင့် စစ်ကောင်စီအဖွဲ့ဝင်တွေ လည်း စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်ဖို့ လိုတယ်လို့ လည်းမင်းအောင်လှိုင်က ဆိုပါတယ်။

အလုပ်သမားရှားပါးလာမှုကြောင့် ပြည်တွင်းကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေထိခိုက်မှုတွေရှိနေမှုကိုလည်း စစ်ခေါင်းဆောင်က ဝန်ခံထားပါတယ်။

၂၀၂၄ခုနှစ်၊ ဇွန်လမှာ  ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ မြန်မာတနိုင်ငံလုံး၏ လူဦးရေ (၃၂) ရာခိုင်နှုန်းဖြစ်သော (၁၇.၅) သန်းဟာ ဆင်းရဲတွင်းထဲကျရောက်နေတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၃-၂၀၂၄ ခုနှစ်တွင် စီးပွားရေးပိုမိုကျပ်တည်း လာပြီး ပြည်သူများ၏ ဆင်းရဲမွဲတေမှု ပြသနာ ပိုမိုဆိုးရွားလာခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီလက်အောက်မှာ မြန်မာကျပ်ငွေတန်းဖိုး ထိုးကျလာပြီးရွှေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ အဆမတန်မြင့်တက်တာ ၊စက်သုံးပြတ်လပ်တာ ၊ နိုင်ငံခြားသွင်းကုန်အများစု ရှားပါးပြီး ပြည်သူတွေဟာ အဆမတန်ကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းမှာ ပျူခေါင်းဆောင် ရွှေကျားနဲ့အဖွဲ့ ပစ်ခတ်ရှင်းလင်းခံရပြီးတဲ့​နောက် စစ်ကောင်စီက လက်ပံရွာကို စစ်ကြောင်းဝင်မီးရှို့ဖို့ ခြိမ်းခြောက်ကြိမ်းဝါးနေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ ပျူစောထီးခေါင်းဆောင် ရွှေကျားဦးဆောင်တဲ့အဖွဲ့နဲ့ လက်ပံရွာ အုပ်ချုပ်ရေးမှူးဖြစ်သူတို့ ပစ်ခတ်ရှင်းလင်းခံရပြီးတဲ့​နောက် စစ်ကောင်စီက လက်ပံရွာကို စစ်ကြောင်းထိုး မီးရှို့ဖို့ရှိနေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြည်သူ ၂ ယောက် ဒဏ်ရာရပြီး နေအိမ် ၂ လုံး ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြည်သူ ၂ ယောက် ဒဏ်ရာရပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံး ဒေသခံ အမျိုးသမီး ၁ ယောက်ကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ထားဝယ်သပိတ်ကော်မတီ ထုတ်ပြန်…

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ဘက်ကနေ လောင်းလုံးမြို့ဘက်ခြမ်းကို အင်အားဖြည့်တင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ‌လောင်းလုံဒေသခံ အမျိုးသမီး ၁ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဒီဇင်ဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

နတ်အိမ်တောင်ကို စစ်ကူလာသည့် စစ်အုပ်စုနှင့် KNLA ပူးပေါင်းတပ်တို့ ထပ်မံထိတွေ့မှုဖြစ်၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

မြိတ် − ထားဝယ်ခရိုင် ၊ လေဒိုစိုးမြို့နယ် နတ်အိမ်တောင်နယ်စပ်စခန်းကို စစ်ကူလာတဲ့ စစ်အုပ်စုနဲ့ KNLA ပူးပေါင်းတပ်တို့ ဇူလိုင်လ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေမှာ ၂ ရက်တိုင်တိုင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ KNU မြိတ် − ထားဝယ်ခရိုင် အတွင်းရေးမှူးဆီက သိရပါတယ်။
Read More

ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီးလိုအပ်နေသေးတယ်လို့ NUG ဝန်ကြီးချုပ် ပြော

တော်လှန်ရေးကာလမှာ ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီး လိုအပ်နေသေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ 
Read More

ဖာပွန်က စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ပြီး လက်နက်ခဲယမ်းတွေပါ ရရှိ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို KNLA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားရရှိခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။