တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်း၊ ရပ်တော်မူဘုရားအနီးက အကြမ်းဖက်စစ်တပ်စခန်းနဲ့ စကခ ၈ လက်အောက်ခံ ခမရ ၄၀၇ တပ်ရင်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Tavoy People Liberation Force  အဖွဲ့ထံက သိရပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာ ၂၁ ရက်က ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF ချေမှုန်းရေးတပ်စု၊ TPLF Drone Team၊ ရေဖြူပကဖ (တပ်ခွဲ – ၂)၊ ဒေါနစစ်ကြောင်း တပ်ခွဲ(၆)/ဝေဟင်တပ်ဖွဲ့တို့က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၅ ရက်ကလည်း ရေဖြူမြို့နယ် ရပ်တော်မူဘုရားအနီးရှိ အကြမ်းဖက်စစ်တပ်စခန်းနဲ့ စကခ ၈ လက်အောက်ခံ ခမရ ၄၀၇ တပ်ရင်းတွေကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF ချေမှုန်းရေးတပ်စု၊ TPLF Drone Team၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ထားဝယ်ခရိုင် အမှတ်-၁ တပ်ရင်း)၊ Sky Ghost Drone Force၊ ရေဖြူပကဖ (တပ်ခွဲ – ၂)၊ ဒေါနစစ်ကြောင်း တပ်ခွဲ(၆)/ဝေဟင်တပ်ဖွဲ့၊ ဒေါနစစ်ကြောင်း တပ်ခွဲ(၇)/LPF နဲ့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီးထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်တွေအတွင်း ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းရှိ တပ်သား ၁ ‌ယောက်၊ ခမရ ၄၀၇ တပ်ရင်းက အရာရှိ ၁ ယောက်၊ စစ်သား ၇ ယောက်နဲ့ ရပ်တော်မူဘုရားအနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းရှိ တပ်သား ၂ ယောက်၊ စုစုပေါင်း ၁၁ ယောက်သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်ကြီးတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်စောင်းပေါ်မှ နေအိမ် ၁ လုံး ပြိုကျ (ရုပ်/သံ)

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်စောင်းပေါ်က နေအိမ် ၁ လုံးပြိုကျခဲ့တယ်လို့ သိရပါတယ်။
Read More

မုဒုံမြို့နယ် အဘစ်ကျေးရွာက စစ်ကောင်စီအမြောက်တပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီအမြောက်တပ် ၃၁၈ ကို အောက်တိုဘာ ၈ ရက်မှာ SDDF Missile Team က ထုတ်လုပ်တဲ့ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDF Southern Military Region အဖွဲ့ထံကနေ သိရပါတယ်။
Read More

ပင်လယ်ဘူးမြို့နယ်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် CDM ဆရာမ သေဆုံး၊ (၄)နှစ်အရွယ် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်၊ အင်္ဂါးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်ဆောင် CDM ဆရာမ ၁ ယောက်သေဆုံးခဲ့ပြီး အသက် (၄) နှစ်အရွယ် ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲဘော်တွေကို ပြည်သူများက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင် စစ်ဆင်ရေး (Operation CB) နဲ့အတူ ပါ ဝင်တိုက်ခိုက်ပြီး အောင်ပွဲနဲ့အတူ ပြန်လာတဲ့ အမျိုးသားလွတ်မြောက်‌ရေးတပ်တော် (NLA) ရဲဘော် တွေကို ပြည်သူတွေက အောင်သပြေပန်းနဲ့အတူ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမြို့မှ ထွက်လာသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး အများအပြား သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ကနေ အင်အား ၈၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးခဲ့တယ်လို့ လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမြို့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကနေ ထွက်လာတဲ့ ကြေးနီတင်ယာဉ်နဲ့ သံပြာကာယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကနေ ထွက်လာတဲ့ ကြေးနီသယ် ယာဉ် ၄၃ စီးနဲ့ သံပြားကာယာဉ် ၅ စီးကို မုံရွာ-မန္တလေးလမ်းပိုင်း မအူဂိတ်အနီး ပဒေသာပွိုင့် ၅ လုံး နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army-BHA အဖွဲ့ထံက သိရပါတယ်။